ဖခင်ရဲ့အလွန်ကောင်းမွန်တဲ့ ပြစ်ဒဏ်ဘောဂိုးကြောင့် အောင်ပွဲခံနေတဲ့ မက်ဆီ ရဲ့သား

ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီ ရဲ့သားဖြစ်သူ ဟာ ဂရန်နာဒါ နဲ့ ပွဲမှာ သူ့ရဲ့ဖခင်ရဲ့အလွန်ကောင်းမွန်တဲ့ ပြစ်ဒဏ်ဘောသွင်းဂိုးကို ကြည့်ရှုပြီး အောင်ပွဲခံနေခဲ့ပါတယ်။မက်ဆီ အတွက်တော့ ဒီရာသီဟာ ကောင်းမွန်တဲ့ ရာသီမဖြစ်ခဲ့သလို ရာသီအကုန်မှာလည်း အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်တာကြောင့် အသင်းကနေ အလွတ်နဲ့ ထွက်ခွာဖွယ်ရှိနေပါတယ်။

ဘောလွန်းဒီအော (၆)ကြိမ်ရထားတဲ့ ကစား သမား ဟာ (၂၀၂၁) ထဲမှာတော့ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်ရနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ဘီလ်ဘာအို အသင်းကို အနိုင်ရတဲ့ ပွဲမှာ (၂)ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။မက်ဆီ ဟာ မနေ့က ကစားခဲ့တဲ့ ဘာစီလိုနာ အသင်းက ဂရန်နာဒါ အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာလည်း ခြေစွမ်းပြခဲ့ပြီး (၂)ဂိုးသွင်းယူခဲ့ပါတယ်။ဒီပွဲမှာ ဘာစီလိုနာ အသင်းက (၄)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

မက်ဆီ ဟာ ဒီပွဲမှာ ဧရိယာအတွင်းကနေ လှလှပပတစ်ဂိုးသွင်းယူခဲ့သလို၊ ပြစ်ဒဏ်ဘောကိုလည်း ကောင်းမွန်စွာ ကန်သွင်းပြီး ဒီပွဲမှာ (၂)ဂိုးရယူခဲ့တာပါ။မက်ဆီ ဒီလိုပြစ်ဒဏ်ဘောကနေ ဂိုးသွင်းအပြီးမှာ သူ့ရဲ့သားတွေဖြစ်တဲ့ မက်တီယို နဲ့ စီရို တို့ဟာ ပျော်ရွှင်စွာ အောင်ပွဲခံနေကြတာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးနေရာက အသလက်တီကို အသင်းနဲ့ (၄)မှတ်အကွာ အဆင့် (၃)နေရာကို တက်လှမ်းလာခဲ့ပါတယ်။

ဒါပေမယ့် အသလက်တီကို အသင်းကတော့ (၃)ပွဲကစားဖို့ ကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။မက်ဆီ ဟာ ဒီပွဲမှာ (၂)ဂိုးသွင်းယူခဲ့တဲ့ အတွက် အခုရာသီ လာလီဂါပြိုင်ပွဲမှာ သွင်းဂိုး(၁၁)ဂိုးအထိ ရှ်ိသွားခဲ့ပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဦးဆောင်နေတာဖြစ်ပါတယ်။

Zawgyi

ဘာစီလိုနာ အသင္းေခါင္းေဆာင္ မက္ဆီ ရဲ့သားျဖစ္သူ ဟာ ဂရန္နာဒါ နဲ႔ ပြဲမွာ သူ႔ရဲ့ဖခင္ရဲ့အလြန္ေကာင္းမြန္တဲ့ ျပစ္ဒဏ္ေဘာသြင္းဂိုးကို ၾကည့္ရႈၿပီး ေအာင္ပြဲခံေနခဲ့ပါတယ္။မက္ဆီ အတြက္ေတာ့ ဒီရာသီဟာ ေကာင္းမြန္တဲ့ ရာသီမျဖစ္ခဲ့သလို ရာသီအကုန္မွာလည္း အသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးမွာျဖစ္တာေၾကာင့္ အသင္းကေန အလြတ္နဲ႔ ထြက္ခြာဖြယ္ရွိေနပါတယ္။

ေဘာလြန္းဒီေအာ (၆)ႀကိမ္ရထားတဲ့ ကစား သမား ဟာ (၂၀၂၁) ထဲမွာေတာ့ သူ႔ရဲ့အေကာင္းဆုံးပုံစံကို ျပန္ရေနၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းက ဘီလ္ဘာအို အသင္းကို အနိုင္ရတဲ့ ပြဲမွာ (၂)ဂိုးသြင္းယူၿပီး ေျခစြမ္းျပခဲ့ပါတယ္။မက္ဆီ ဟာ မေန႔က ကစားခဲ့တဲ့ ဘာစီလိုနာ အသင္းက ဂရန္နာဒါ အသင္းကို အနိုင္ရခဲ့တဲ့ ပြဲမွာလည္း ေျခစြမ္းျပခဲ့ၿပီး (၂)ဂိုးသြင္းယူခဲ့ပါတယ္။ဒီပြဲမွာ ဘာစီလိုနာ အသင္းက (၄)ဂိုး-ဂိုးမရွိနဲ႔ ဂိုးျပတ္အနိုင္ရခဲ့ပါတယ္။

မက္ဆီ ဟာ ဒီပြဲမွာ ဧရိယာအတြင္းကေန လွလွပပတစ္ဂိုးသြင္းယူခဲ့သလို၊ ျပစ္ဒဏ္ေဘာကိုလည္း ေကာင္းမြန္စြာ ကန္သြင္းၿပီး ဒီပြဲမွာ (၂)ဂိုးရယူခဲ့တာပါ။မက္ဆီ ဒီလိုျပစ္ဒဏ္ေဘာကေန ဂိုးသြင္းအၿပီးမွာ သူ႔ရဲ့သားေတြျဖစ္တဲ့ မက္တီယို နဲ႔ စီရို တို႔ဟာ ေပ်ာ္ရႊင္စြာ ေအာင္ပြဲခံေနၾကတာျဖစ္ပါတယ္။ဘာစီလိုနာ အသင္းဟာ ဒီနိုင္ပြဲေၾကာင့္ ထိပ္ဆုံးေနရာက အသလက္တီကို အသင္းနဲ႔ (၄)မွတ္အကြာ အဆင့္ (၃)ေနရာကို တက္လွမ္းလာခဲ့ပါတယ္။

ဒါေပမယ့္ အသလက္တီကို အသင္းကေတာ့ (၃)ပြဲကစားဖို႔ က်န္ရွိေနေသးတာလည္းျဖစ္ပါတယ္။မက္ဆီ ဟာ ဒီပြဲမွာ (၂)ဂိုးသြင္းယူခဲ့တဲ့ အတြက္ အခုရာသီ လာလီဂါၿပိဳင္ပြဲမွာ သြင္းဂိုး(၁၁)ဂိုးအထိ ရွ္ိသြားခဲ့ၿပီး ဂိုးသြင္းအမ်ားဆုံး ကစားသမားအျဖစ္ ဦးေဆာင္ေနတာျဖစ္ပါတယ္။