မာတာ ကို ဖန်တီးပေးတဲ့ ဗန်ဒီဘိခ် ရဲ့ပေးပို့ပုံကို နှစ်သက်နေကြတဲ့ ယူနိုက်တက်ပရိသတ်တွေ

မန်ချက်စတာယူနိုက်တက် အသင်း ကွင်းလယ်ကစားသမား ဗန်ဒီဘိခ် ဟာ ဒီမနက်က ကစားခဲ့တဲ့ ဝက်ဖိုဒ့် အသင်းနဲ့ ပွဲမှာ ဂိုးဖန်တီးမှုရယူနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပွဲထွက်ခွင့်ဆုံးရှုံးနေတဲ့ ဗန်ဒီဘိခ် ဟာ ဒီပွဲမှာ ပွဲချိန်အစအ‌ဆုံးပါဝင်ခွင့်ရခဲ့ပြီး ခြေစွမ်းပြသသွားခဲ့ပါတယ်။

ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဝက်ဖိုဒ့် အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိပြီး အက်ဖ်အေဖလား စတုတ္တအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းအတွက် ဂိုးကို ကွင်းလယ်ကစားသမား တော်မီနေး က သွင်းယူခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ ဗန်ဒီဘိခ် ဟာ ဂရင်းဝုဒ် ပေးတဲ့ဘောလုံးကို နောက်ပေါက်လေးနဲ့ ချိတ်ပြီး မာတာ ကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

မာတာကလည်း အပိုင်ကန်သွင်းခဲ့ပေမယ့် ဝက်ဖိုဒ့် အသင်းဂိုးသမား ကာကွယ်သွားနိုင်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် အသင်း နောက်ထပ်ဦးဆောင်ဂိုးရမယ့် အခွင့်အရေး လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။အသင်းပရိသတ်တွေကတော့ ဗန်ဒီဘိခ် ရဲ့ပေးပို့ပုံကို သဘောကျနေကြပြီး တွစ်တာပေါ်မှာ မှတ်ချက်တွေပြုခဲ့ကြတာဖြစ်ပါတယ်။ဗန်ဒီဘိခ် ဟာ ကမ္ဘာအဆင့်ရှိတဲ့ သူဖြစ်ပြီး သူဟာ ပွဲတိုင်းကို ပွဲစထဲက ပါဝင်သင့်တယ်လို့ ပရိသတ်တစ်ဦးက ဆိုခဲ့ပါတယ်။

ဗန်ဒီဘိခ် ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က အေဂျက်စ် အသင်းကနေ မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၂၁)ပွဲပါဝင်ကစားထားပြီး (၁)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္း ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္ ဟာ ဒီမနက္က ကစားခဲ့တဲ့ ဝက္ဖိုဒ့္ အသင္းနဲ႔ ပြဲမွာ ဂိုးဖန္တီးမႈရယူနိုင္ဖို႔ နီးစပ္ခဲ့ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ ပြဲထြက္ခြင့္ဆုံးရႈံးေနတဲ့ ဗန္ဒီဘိခ္ ဟာ ဒီပြဲမွာ ပြဲခ်ိန္အစအ‌ဆုံးပါဝင္ခြင့္ရခဲ့ၿပီး ေျခစြမ္းျပသသြားခဲ့ပါတယ္။

ဒီပြဲမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဝက္ဖိုဒ့္ အသင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရရွိၿပီး အက္ဖ္ေအဖလား စတုတၱအဆင့္ကို တက္ေရာက္သြားခဲ့ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ ဂိုးကို ကြင္းလယ္ကစားသမား ေတာ္မီေနး က သြင္းယူခဲ့တာျဖစ္ပါတယ္။ဒီပြဲမွာ ဗန္ဒီဘိခ္ ဟာ ဂရင္းဝုဒ္ ေပးတဲ့ေဘာလုံးကို ေနာက္ေပါက္ေလးနဲ႔ ခ်ိတ္ၿပီး မာတာ ကို ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။

မာတာကလည္း အပိုင္ကန္သြင္းခဲ့ေပမယ့္ ဝက္ဖိုဒ့္ အသင္းဂိုးသမား ကာကြယ္သြားနိုင္ခဲ့တာေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ အသင္း ေနာက္ထပ္ဦးေဆာင္ဂိုးရမယ့္ အခြင့္အေရး လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။အသင္းပရိသတ္ေတြကေတာ့ ဗန္ဒီဘိခ္ ရဲ့ေပးပို႔ပုံကို သေဘာက်ေနၾကၿပီး တြစ္တာေပၚမွာ မွတ္ခ်က္ေတြျပဳခဲ့ၾကတာျဖစ္ပါတယ္။ဗန္ဒီဘိခ္ ဟာ ကမၻာအဆင့္ရွိတဲ့ သူျဖစ္ၿပီး သူဟာ ပြဲတိုင္းကို ပြဲစထဲက ပါဝင္သင့္တယ္လို႔ ပရိသတ္တစ္ဦးက ဆိုခဲ့ပါတယ္။

ဗန္ဒီဘိခ္ ဟာ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႕က ေအဂ်က္စ္ အသင္းကေန မန္ခ်က္စတာယူနိုက္တက္ အသင္းကို ေျပာင္းေရႊ႕လာခဲ့တာျဖစ္ၿပီး အသင္းအတြက္ ၿပိဳင္ပြဲစုံ (၂၁)ပြဲပါဝင္ကစားထားၿပီး (၁)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။