သူ့ရဲ့အိမ်မက် (၅)ဦး အသင်းမှာ စီရော်နယ်‌ဒို ထည့်မသွင်းခဲ့တဲ့ ဂျရတ်

စတီဗင်ဂျရတ် ကတော့ သူ့ရဲ့အိမ်မက် (၅) ဦးအသင်းကို ဖော်ပြခဲ့ရာ စီရော်နယ်ဒို ကို ထည့်သွင်းခဲ့ခြင်းမရှိပါဘူး။ဂျရတ် က ဘောလွန်းဒီအောဆုကို (၅)ကြိမ်ရထားတဲ့ စီရော်နယ်ဒို ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။ဂျရတ် ဟာ စီရော်နယ်ဒို ကို ထည့်သွင်းခဲ့ခြင်းမရှိပေမယ့် ပေါ်တူဂီ ကစားသမားရဲ့ ကာလကြာရှည်ပြိုင်ဘက်ဖြစ်တဲ့ မက်ဆီ ကိုတော့ ထည့်သွင်းခဲ့ပါတယ်။

ဂျရတ်ရွေးခဲ့တဲ့(၅)ဦး ကတော့ ဂိုးသမားအဖြစ် ဘူဖွန်၊ နောက်တန်းမှာ မာလ်ဒီနီ၊ ကွင်းလယ်မှာ ဇီဒန်း၊ ရော်နယ်ဒင်ဟို နဲ့ ရှေ့တန်းမှာ မက်ဆီ ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။”ဘူဖွန် ကတော့ ကျွန်တော် ရင်ဆိုင်ခဲ့ရတဲ့ အထဲမှာ အကောင်းဆုံးဂိုးသမားပါ။မာလ်ဒီနီ ကတော့ ကျွန်တော့်ရဲ့သူရဲကောင်းပါ။သူဟာ တစ်သင်းထဲမှာ ကစားပြီး ဥရောပဖလားတွေလည်း အများကြီးရယူနိုင်ခဲ့ပါတယ်”

“ဇီဒန်း ကတော့ သူ့ရဲ့ခြေထောက်တွေနဲ့ ဘောလုံးကို ထိန်းချုပ်နိုင်ပြီး ညင်သာစွာရွှေ့လျားနိုင်တယ်။သူဟာ ကျွန်တော့်အတွက်တော့ တစ်မူထူးခြားတဲ့သူပါ။ရော်နယ်ဒင်ဟို ကလည်း ကွင်းထဲမှာ အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့သူပါ”လို့ ဆိုခဲ့ပါတယ်။လီဗာပူးလ် အသင်း ကစားသမားဟောင်း ဂျရတ် ဟာ စကော့တလန် ကလပ် ရိန်းဂျားစ် အသင်းကို အခုရာသီမှာ အကောင်းဆုံး စွမ်းဆောင်နိုင်အောင် ကိုင်တွယ်ထားတာလည်းဖြစ်ပါတယ်။

ရိန်းဂျားစ် အသင်းဟာ အခုရာသီ စကော့တလန်အမှတ်ပေးပြိုင်ပွဲမှာ (၂၂)ပွဲကစားအပြီး ရှုံးပွဲမရှိသေးပဲ ဒုတိယနေရာက ဆဲလ်တစ် အသင်းကို (၁၉)မှတ်ဖြတ်ထားတာလည်းဖြစ်ပါတယ်။ဒါ့အပြင် ရိန်းဂျားစ် အသင်းဟာ ယူရိုပါလိဂ် (၃၂)သင်းအဆင့်ကို တက်ရောက်ထားပါတယ်။

Zawgyi

စတီဗင္ဂ်ရတ္ ကေတာ့ သူ႔ရဲ့အိမ္မက္ (၅) ဦးအသင္းကို ေဖာ္ျပခဲ့ရာ စီေရာ္နယ္ဒို ကို ထည့္သြင္းခဲ့ျခင္းမရွိပါဘူး။ဂ်ရတ္ က ေဘာလြန္းဒီေအာဆုကို (၅)ႀကိမ္ရထားတဲ့ စီေရာ္နယ္ဒို ဟာ ကမၻာ့အေကာင္းဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္တယ္လို႔လည္း ဆိုပါတယ္။ဂ်ရတ္ ဟာ စီေရာ္နယ္ဒို ကို ထည့္သြင္းခဲ့ျခင္းမရွိေပမယ့္ ေပၚတူဂီ ကစားသမားရဲ့ ကာလၾကာရွည္ၿပိဳင္ဘက္ျဖစ္တဲ့ မက္ဆီ ကိုေတာ့ ထည့္သြင္းခဲ့ပါတယ္။

ဂ်ရတ္ေရြးခဲ့တဲ့(၅)ဦး ကေတာ့ ဂိုးသမားအျဖစ္ ဘူဖြန္၊ ေနာက္တန္းမွာ မာလ္ဒီနီ၊ ကြင္းလယ္မွာ ဇီဒန္း၊ ေရာ္နယ္ဒင္ဟို နဲ႔ ေရွ႕တန္းမွာ မက္ဆီ ကို ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။”ဘူဖြန္ ကေတာ့ ကၽြန္ေတာ္ ရင္ဆိုင္ခဲ့ရတဲ့ အထဲမွာ အေကာင္းဆုံးဂိုးသမားပါ။မာလ္ဒီနီ ကေတာ့ ကၽြန္ေတာ့္ရဲ့သူရဲေကာင္းပါ။သူဟာ တစ္သင္းထဲမွာ ကစားၿပီး ဥေရာပဖလားေတြလည္း အမ်ားႀကီးရယူနိုင္ခဲ့ပါတယ္”

“ဇီဒန္း ကေတာ့ သူ႔ရဲ့ေျခေထာက္ေတြနဲ႔ ေဘာလုံးကို ထိန္းခ်ဳပ္နိုင္ၿပီး ညင္သာစြာေရႊ႕လ်ားနိုင္တယ္။သူဟာ ကၽြန္ေတာ့္အတြက္ေတာ့ တစ္မူထူးျခားတဲ့သူပါ။ေရာ္နယ္ဒင္ဟို ကလည္း ကြင္းထဲမွာ အေကာင္းဆုံးလုပ္နိုင္ခဲ့တဲ့သူပါ”လို႔ ဆိုခဲ့ပါတယ္။လီဗာပူးလ္ အသင္း ကစားသမားေဟာင္း ဂ်ရတ္ ဟာ စေကာ့တလန္ ကလပ္ ရိန္းဂ်ားစ္ အသင္းကို အခုရာသီမွာ အေကာင္းဆုံး စြမ္းေဆာင္နိုင္ေအာင္ ကိုင္တြယ္ထားတာလည္းျဖစ္ပါတယ္။

ရိန္းဂ်ားစ္ အသင္းဟာ အခုရာသီ စေကာ့တလန္အမွတ္ေပးၿပိဳင္ပြဲမွာ (၂၂)ပြဲကစားအၿပီး ရႈံးပြဲမရွိေသးပဲ ဒုတိယေနရာက ဆဲလ္တစ္ အသင္းကို (၁၉)မွတ္ျဖတ္ထားတာလည္းျဖစ္ပါတယ္။ဒါ့အျပင္ ရိန္းဂ်ားစ္ အသင္းဟာ ယူရိုပါလိဂ္ (၃၂)သင္းအဆင့္ကို တက္ေရာက္ထားပါတယ္။