ဆက်ဆူအိုလိုနဲ့ ပွဲမှာ ကမ္ဘာ့မြေထုရဲ့ဆွဲငင်အားကို ဆန့်ကျင်ပြီး ခုန်ခဲ့တဲ့ ရော်နယ်ဒို

စီရော်နယ်ဒို ဟာ ဒီမနက်ပိုင်းက ကစားခဲ့တဲ့ ဂျုဗင်တပ်စ် နဲ့ ဆက်ဆူအိုလို တို့ ပွဲမှာ ပြိုင်ဘက်အသင်းဂိုးသမားကို ကျော်လွန်ခုန်ကာ ခေါင်းတိုက်ပြီး နောက်ထပ် လူတွေထက်သာတဲ့ စွမ်းဆောင်မှုမျိုးကို ထပ်မံပြုလုပ်သွားခဲ့ပါတယ်။စီရော်နယ်ဒို ဟာ ဒီပွဲမှာ ကမ္ဘာမြေထုရဲ့‌‌ဆွဲငင်အားကို ဆန့်ကျင်ပြီး ဆက်ဆူအိုလို ဂိုးသမား ကို ကျော်လွန်ပြီး မယုံကြည်နိုင်ဖွယ်ခုန်ခဲ့တာဖြစ်ပါတယ်။

စီရော်နယ်ဒို ရဲ့ခေါင်းတိုက်ချက်ဟာ ဂိုးဘားပေါ်အနည်းငယ် ကျော်သွားခဲ့တဲ့ အတွက် ဂိုးရနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတာလည်းဖြစ်ပါတယ်။အသက်(၃၅)နှစ်အရွယ်ရှိ တိုက်စစ်မှုးရဲ့ခုန်နိုင်တဲ့ စွမ်းဆောင်ရည်ဟာ လူမှုကွန်ယက်တွေပေါ်မှာ ပရိသတ်တွေကို အံအားသင့်စေခဲ့ပါတယ်။ပရိသတ်တွေက စီရော်နယ်ဒို ရဲ့အခုလို စွမ်းဆောင်နိုင်မှုကို ချီးကျုးမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ဒီပွဲမှာ ဂျုဗင်တပ်စ် အသင်းဟာ ဆက်ဆူအိုလို အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ဂျုဗင်တပ်စ် အသင်းအတွက် ဂိုးတွေကို ဒန်နီလို ၊ရမ်ဆေး နဲ့ စီရော်နယ်ဒို တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။စီရော်နယ်ဒို ဟာ ဒီပွဲမှာ (၁)ဂိုးသွင်းယူခဲ့တာကြောင့် အခုရာသီ စီးရီးအေ သွင်းဂိုး (၁၅)ဂိုးအထိ ရှိသွားခဲ့ပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဦးဆောင်နေတာဖြစ်ပါတယ်။

ဂျုဗင်တပ်စ် အသင်းဟာ ဒီပွဲအနိုင်ရခဲ့တဲ့ အတွက် အမှတ်ပေးဇယား ထိပ်ဆုံးနေရာက အေစီမီလန် အသင်းနဲ့ တစ်ပွဲလျော့ (၇)မှတ်အကွာ အဆင့် (၄)နေရာမှာ ရပ်တည်နေပါတယ်။ဂျုဗင်တပ်စ် အသင်းဟာ ကြားရက်မှာ ကိုပါအီတလီယာ ပွဲစဉ်အဖြစ် ဂျီနိုအာ အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

Zawgyi

စီေရာ္နယ္ဒို ဟာ ဒီမနက္ပိုင္းက ကစားခဲ့တဲ့ ဂ်ဳဗင္တပ္စ္ နဲ႔ ဆက္ဆူအိုလို တို႔ ပြဲမွာ ၿပိဳင္ဘက္အသင္းဂိုးသမားကို ေက်ာ္လြန္ခုန္ကာ ေခါင္းတိုက္ၿပီး ေနာက္ထပ္ လူေတြထက္သာတဲ့ စြမ္းေဆာင္မႈမ်ိဳးကို ထပ္မံျပဳလုပ္သြားခဲ့ပါတယ္။စီေရာ္နယ္ဒို ဟာ ဒီပြဲမွာ ကမၻာေျမထုရဲ့‌‌ဆြဲငင္အားကို ဆန႔္က်င္ၿပီး ဆက္ဆူအိုလို ဂိုးသမား ကို ေက်ာ္လြန္ၿပီး မယုံၾကည္နိုင္ဖြယ္ခုန္ခဲ့တာျဖစ္ပါတယ္။

စီေရာ္နယ္ဒို ရဲ့ေခါင္းတိုက္ခ်က္ဟာ ဂိုးဘားေပၚအနည္းငယ္ ေက်ာ္သြားခဲ့တဲ့ အတြက္ ဂိုးရနိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရတာလည္းျဖစ္ပါတယ္။အသက္(၃၅)ႏွစ္အရြယ္ရွိ တိုက္စစ္မႈးရဲ့ခုန္နိုင္တဲ့ စြမ္းေဆာင္ရည္ဟာ လူမႈကြန္ယက္ေတြေပၚမွာ ပရိသတ္ေတြကို အံအားသင့္ေစခဲ့ပါတယ္။ပရိသတ္ေတြက စီေရာ္နယ္ဒို ရဲ့အခုလို စြမ္းေဆာင္နိုင္မႈကို ခ်ီးက်ဳးမႈေတြျပဳလုပ္ခဲ့ၾကပါတယ္။

ဒီပြဲမွာ ဂ်ဳဗင္တပ္စ္ အသင္းဟာ ဆက္ဆူအိုလို အသင္းကို (၃)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရရွိခဲ့ပါတယ္။ဂ်ဳဗင္တပ္စ္ အသင္းအတြက္ ဂိုးေတြကို ဒန္နီလို ၊ရမ္ေဆး နဲ႔ စီေရာ္နယ္ဒို တို႔က သြင္းယူခဲ့တာျဖစ္ပါတယ္။စီေရာ္နယ္ဒို ဟာ ဒီပြဲမွာ (၁)ဂိုးသြင္းယူခဲ့တာေၾကာင့္ အခုရာသီ စီးရီးေအ သြင္းဂိုး (၁၅)ဂိုးအထိ ရွိသြားခဲ့ၿပီး ဂိုးသြင္းအမ်ားဆုံး ကစားသမားအျဖစ္ ဦးေဆာင္ေနတာျဖစ္ပါတယ္။

ဂ်ဳဗင္တပ္စ္ အသင္းဟာ ဒီပြဲအနိုင္ရခဲ့တဲ့ အတြက္ အမွတ္ေပးဇယား ထိပ္ဆုံးေနရာက ေအစီမီလန္ အသင္းနဲ႔ တစ္ပြဲေလ်ာ့ (၇)မွတ္အကြာ အဆင့္ (၄)ေနရာမွာ ရပ္တည္ေနပါတယ္။ဂ်ဳဗင္တပ္စ္ အသင္းဟာ ၾကားရက္မွာ ကိုပါအီတလီယာ ပြဲစဥ္အျဖစ္ ဂ်ီနိုအာ အသင္းနဲ႔ ကစားရမွာျဖစ္ပါတယ္။