ဂိုးသွင်းအပြီး ဘတ်ပေးလို အောင်ပွဲခံခဲ့လို့ လှောင်ပြောင်ခံနေရတဲ့ ကားလို့စ် ဗီနီစီးယက်စ်

ပရိသတ်တွေအများအပြားက မာရင်း အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ဂိုးသွင်းအပြီး ဘတ်ပေးရဲ့ဂိုးသွင်းအပြီး အောင်ပွဲခံတဲ့ ပုံစံအတိုင်း အောင်ပွဲခံခဲ့တဲ့ စပါး အသင်း တိုက်စစ်မှုး ကားလို့စ် ဗီနီစီးယက်စ် ကို လှောင်ပြောင်ခဲ့ကြပါတယ်။ဒီပွဲမှာ စပါး အသင်းက မာရင်း အသင်းကို (၅)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။

ကားလို့ဗီနီးစီးယက်စ် ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၂၄) မိနစ်မှာ ဒယ်လီအလီ ပေးခဲ့တဲ့ ဘောလုံးကို ဂိုးပေါက်ထဲ အပြင်းကန်ကာ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီဂိုးသွင်းပြီးတဲ့ အချိန်မှာ ကားလို့စ်ဗီနီစီးယက်စ် က ဧရိယာထဲမှာ ဘတ်ပေး ရဲ့ပုံစံလို အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေက အသင်းငယ်နဲ့ ပွဲမှာ ဂိုးသွင်းပြီး အခုလို အောင်ပွဲခံခဲ့တဲ့ စပါး တိုက်စစ်မှုးကို တွစ်တာပေါ်မှာ လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက ဘတ်ပေး က အာဂျင်တီးနား နဲ့ ကမ္ဘာ့ဖလား၊ အာနိုးလ် က လက်စတာနဲ့ ပရီးမီးယားလိဂ်၊ မာတင်နယ်လီ က ချယ်လ်ဆီး နဲ့ ပရီးမီးယားလိဂ်၊ ကားလို့ဗီနီစီးယက်စ် က အဌမတန်းကလပ် နဲ့ တွေ့ရာမှာ အခုလို အောင်ပွဲခံခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။ဒါ့အပြင် အခြားပရိသတ်တွေကလည်း စပါး တိုက်စစ်မှုးကို အမျိုးမျိုးလှောင်ပြောင်ခဲ့ပါတယ်။

ဒီပွဲမှာ ကားလို့စ်ဗီနီစီးယက်စ် ဟာ စပါး အသင်းအတွက် ဟတ်ထရစ်ဂိုးသွင်းယူခဲ့ပြီး လူးကပ်စ်မော်ရာ နဲ့ ဒီဗနီ တို့က (၁)ဂိုးစီ သွင်းယူခဲ့တာဖြစ်ပါတယ်။စပါး အသင်းဟာ ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဗီလာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ပရိသတ္ေတြအမ်ားအျပားက မာရင္း အသင္းနဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလား ပြဲစဥ္မွာ ဂိုးသြင္းအၿပီး ဘတ္ေပးရဲ့ဂိုးသြင္းအၿပီး ေအာင္ပြဲခံတဲ့ ပုံစံအတိုင္း ေအာင္ပြဲခံခဲ့တဲ့ စပါး အသင္း တိုက္စစ္မႈး ကားလို႔စ္ ဗီနီစီးယက္စ္ ကို ေလွာင္ေျပာင္ခဲ့ၾကပါတယ္။ဒီပြဲမွာ စပါး အသင္းက မာရင္း အသင္းကို (၅)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရၿပီး ေနာက္တစ္ဆင့္တက္နိုင္ခဲ့ပါတယ္။

ကားလို႔ဗီနီးစီးယက္စ္ ဟာ ဒီပြဲစဥ္ရဲ့ပြဲခ်ိန္(၂၄) မိနစ္မွာ ဒယ္လီအလီ ေပးခဲ့တဲ့ ေဘာလုံးကို ဂိုးေပါက္ထဲ အျပင္းကန္ကာ အဖြင့္ဂိုးကို သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။ဒီဂိုးသြင္းၿပီးတဲ့ အခ်ိန္မွာ ကားလို႔စ္ဗီနီစီးယက္စ္ က ဧရိယာထဲမွာ ဘတ္ေပး ရဲ့ပုံစံလို ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။ပရိသတ္ေတြက အသင္းငယ္နဲ႔ ပြဲမွာ ဂိုးသြင္းၿပီး အခုလို ေအာင္ပြဲခံခဲ့တဲ့ စပါး တိုက္စစ္မႈးကို တြစ္တာေပၚမွာ ေလွာင္ေျပာင္ခဲ့တာျဖစ္ပါတယ္။

ပရိသတ္တစ္ဦးက ဘတ္ေပး က အာဂ်င္တီးနား နဲ႔ ကမၻာ့ဖလား၊ အာနိုးလ္ က လက္စတာနဲ႔ ပရီးမီးယားလိဂ္၊ မာတင္နယ္လီ က ခ်ယ္လ္ဆီး နဲ႔ ပရီးမီးယားလိဂ္၊ ကားလို႔ဗီနီစီးယက္စ္ က အဌမတန္းကလပ္ နဲ႔ ေတြ႕ရာမွာ အခုလို ေအာင္ပြဲခံခဲ့တယ္လို႔ ေရးသားခဲ့ပါတယ္။ဒါ့အျပင္ အျခားပရိသတ္ေတြကလည္း စပါး တိုက္စစ္မႈးကို အမ်ိဳးမ်ိဳးေလွာင္ေျပာင္ခဲ့ပါတယ္။

ဒီပြဲမွာ ကားလို႔စ္ဗီနီစီးယက္စ္ ဟာ စပါး အသင္းအတြက္ ဟတ္ထရစ္ဂိုးသြင္းယူခဲ့ၿပီး လူးကပ္စ္ေမာ္ရာ နဲ႔ ဒီဗနီ တို႔က (၁)ဂိုးစီ သြင္းယူခဲ့တာျဖစ္ပါတယ္။စပါး အသင္းဟာ ၾကားရက္မွာ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ ဗီလာ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။