မမှားစဖူးအမှားကြောင့် ဒိန်းမတ်ကို ဂိုးလက်ဆောင်ပေးခဲ့မိတဲ့ ကော်တိုရစ်

ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား ကော်တိုရဏ်ဟာ ဗုဒ္ဓဟူးနေ့ညက ဒိန်းမတ်နဲ့ပွဲစဉ်မှာ ပုံမှန်မဟုတ်တဲ့အမှားကို ကျူးလွန်မိခဲ့ပါတယ်။

ရီးရဲမက်ဒရစ်ဂိုးသမားဟာ ချက်ဒ်လီရဲ့ သာမန်ပေးပို့မှုကို အေးအေးဆေးဆေး ထိန်းချုပ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဘောလုံးက ခြေထောက်အောက်ကနေ လွတ်ထွက်ပြီး ဂိုးပေါက်ထဲကို တန်းတန်းမတ်မတ်ဝင်သွားခဲ့တာဖြစ်ပါတယ်။ ကော်တိုရစ်ဟာ ဘောလုံးလွတ်သွားပြီဆိုတာ သိသိချင်း လိုက်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အရမ်းနောက်ကျသွားခဲ့ပြီဖြစ်ပါတယ်။

ကော်တိုရစ်ဟာ ပွဲစဉ်တလျှောက်လုံး ၃-၁ နဲ့ ဦးဆောင်လာတဲ့ ဒိန်းမတ်အသင်းကို ၈၆ မိနစ်မှာ ဒုတိယမြောက်ချေပဂိုး ရရှိစေခဲ့တာဖြစ်ပြီး ၈၇ မိနစ်မှာ ဒီဘရိုင်းက နောက်ထပ်ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ၄-၂ နဲ့ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဒိန်းမတ်အသင်းနဲ့ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းအတွက် တီရယ်မန်းစ်က ၃ မိနစ်မှာ ၁ ဂိုး၊ လူကာကူက ဒုတိယပိုင်းမှာ ၂ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။