တိုရီနို နဲ့ ပွဲမှာ အများနဲ့မတူ တမူထူးခြားခဲ့တဲ့ အီဘရာဟီမိုဗစ် ရဲ့သွေးပူလေ့ကျင့်ခန်း

ဒဏ်ရာပြသနာကြောင့် အေစီမီလန် အသင်းရဲ့ပွဲတွေနဲ့ ဝေးကွာနေတဲ့ အီဘရာဟီမိုဗစ် တစ်ယောက် တိုရီနို နဲ့ ကစားခဲ့တဲ့ ပွဲစဉ်ရဲ့အသင်းလူစာရင်းမှာ ပါဝင်လာခဲ့ပြီး သူရဲ့သွေးပူ လေ့ကျင့် ခန်း ပြုလုပ်တဲ့ ပုံစံဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူတွေရဲ့စိတ်ဝင်စားမှုအများအပြားခံခဲ့ရပါတယ်။အေစီမီလန် အသင်းက တိုရီနို အသင်းကို (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲစဉ်ရဲ့ပွဲချိန်(၇၃)မိနစ်မှာ အီဘရာဟီမိုဗစ် ဟာ လူစားဝင်ရောက်ဖို့ လေ့ကျင့်ခန်းပြုလုပ်ခဲ့တာပါ။

အီဘရာဟီမိုဗစ် ဟာ အေစီမီလန် အသင်းရဲ့ပွဲအများအပြားကို လွဲချော်ခဲ့ပြီးနောက် တိုရီနို နဲ့ ပွဲစဉ်ရဲ့ ပွဲချိန် (၈၅)မိနစ်မှာ လူစားဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။ဆွီဒင် ကစားသမား ဟာ လူစားလဲမဝင်ခင် သွေးပူလေ့ကျင့်ခန်း ပြုလုပ်ရာမှာ အသင်းရဲ့နည်းပြဝန်ထမ်း တစ်ဦး ရဲ့ဦးခေါင်း‌ပေါ်ကို သူခြေထောက်နဲ့ ကျော်အောင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ရုပ်သံတွေကလည်း အသက်(၃၉)နှစ်အရွယ်ကစားသမားရဲ့အားမာန် အပြည့်နဲ့ လေ့ကျင့်နေတဲ့ ပုံကို အမိအရ မှတ်တမ်းယူနိုင်ခဲ့ပါတယ်။

အီဘရာဟီမိုဗစ် ဟာ တိုက်ကွမ်ဒို မှာ ခါးပတ်နတ်ထိ ရရှိထားတာဖြစ်ပြီး အသက်(၄၀) နားနီးပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်တွေဟာ ထိပ်တန်းအဆင့်မှာ ရှိနေဆဲဆိုတာကို သက်သေပြထားပြီးသားလည်းဖြစ်ပါတယ်။အီဘရာဟီမိုဗစ် ဟာ မေဂျာလိဂ်ကလပ် ဂလက်ဇီ မှာ ကစားခဲ့တုန်းကလည်း ကရာတေးကစ်ချက်နဲ့ ကစားသမားဘဝ သွင်းဂိုး(၅၀၀) ပြည့်ဂိုးကို သွင်းယူခဲ့သလို ထူးခြားတဲ့ အရာတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။

အီဘရာဟီမိုဗစ် ဟာ အခုရာသီ စီးရီးအေ (၇)ပွဲကစားပြီးချိန်မှာ (၁၀)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။အခုအချိန်မှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာတာကြောင့် မကြာခင်မှာ သူရဲ့သွင်းဂိုးတွေကို ပြန်လည်မြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။

Zawgyi

ဒဏ္ရာျပသနာေၾကာင့္ ေအစီမီလန္ အသင္းရဲ့ပြဲေတြနဲ႔ ေဝးကြာေနတဲ့ အီဘရာဟီမိုဗစ္ တစ္ေယာက္ တိုရီနို နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္ရဲ့အသင္းလူစာရင္းမွာ ပါဝင္လာခဲ့ၿပီး သူရဲ့ေသြးပူ ေလ့က်င့္ ခန္း ျပဳလုပ္တဲ့ ပုံစံဟာ ဆိုရွယ္မီဒီယာေပၚမွာ လူေတြရဲ့စိတ္ဝင္စားမႈအမ်ားအျပားခံခဲ့ရပါတယ္။ေအစီမီလန္ အသင္းက တိုရီနို အသင္းကို (၂)ဂိုးျပတ္နဲ႔ အနိုင္ရခဲ့တဲ့ ဒီပြဲစဥ္ရဲ့ပြဲခ်ိန္(၇၃)မိနစ္မွာ အီဘရာဟီမိုဗစ္ ဟာ လူစားဝင္ေရာက္ဖို႔ ေလ့က်င့္ခန္းျပဳလုပ္ခဲ့တာပါ။

အီဘရာဟီမိုဗစ္ ဟာ ေအစီမီလန္ အသင္းရဲ့ပြဲအမ်ားအျပားကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ တိုရီနို နဲ႔ ပြဲစဥ္ရဲ့ ပြဲခ်ိန္ (၈၅)မိနစ္မွာ လူစားဝင္ေရာက္ကစားခဲ့တာျဖစ္ပါတယ္။ဆြီဒင္ ကစားသမား ဟာ လူစားလဲမဝင္ခင္ ေသြးပူေလ့က်င့္ခန္း ျပဳလုပ္ရာမွာ အသင္းရဲ့နည္းျပဝန္ထမ္း တစ္ဦး ရဲ့ဦးေခါင္း‌ေပၚကို သူေျခေထာက္နဲ႔ ေက်ာ္ေအာင္ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။႐ုပ္သံေတြကလည္း အသက္(၃၉)ႏွစ္အရြယ္ကစားသမားရဲ့အားမာန္ အျပည့္နဲ႔ ေလ့က်င့္ေနတဲ့ ပုံကို အမိအရ မွတ္တမ္းယူနိုင္ခဲ့ပါတယ္။

အီဘရာဟီမိုဗစ္ ဟာ တိုက္ကြမ္ဒို မွာ ခါးပတ္နတ္ထိ ရရွိထားတာျဖစ္ၿပီး အသက္(၄၀) နားနီးေပမယ့္ သူ႔ရဲ့စြမ္းေဆာင္ရည္ေတြဟာ ထိပ္တန္းအဆင့္မွာ ရွိေနဆဲဆိုတာကို သက္ေသျပထားၿပီးသားလည္းျဖစ္ပါတယ္။အီဘရာဟီမိုဗစ္ ဟာ ေမဂ်ာလိဂ္ကလပ္ ဂလက္ဇီ မွာ ကစားခဲ့တုန္းကလည္း ကရာေတးကစ္ခ်က္နဲ႔ ကစားသမားဘဝ သြင္းဂိုး(၅၀၀) ျပည့္ဂိုးကို သြင္းယူခဲ့သလို ထူးျခားတဲ့ အရာေတြကို ျပဳလုပ္နိုင္ခဲ့ပါတယ္။

အီဘရာဟီမိုဗစ္ ဟာ အခုရာသီ စီးရီးေအ (၇)ပြဲကစားၿပီးခ်ိန္မွာ (၁၀)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။အခုအခ်ိန္မွာ ဒဏ္ရာကေန ျပန္လည္သက္သာလာတာေၾကာင့္ မၾကာခင္မွာ သူရဲ့သြင္းဂိုးေတြကို ျပန္လည္ျမင္ေတြ႕ရေတာ့မွာလည္းျဖစ္ပါတယ္။