အမှားအယွင်းများလွန်းတဲ့ ကီပါ ကို မလေးမစားပြုမူခဲ့တဲ့ မိုကမ်ဘီ အသင်း

ချယ်လ်ဆီး အသင်းနဲ့ အက်ဖ်အေဖလား တတိယအဆင့် ကစားခဲ့တဲ့ မိုကမ်ဘီ အသင်း ဟာ သူတို့ရဲ့ကစားသမားတွေကို ချယ်လ်ဆီး ဂိုးသမား ကီပါ နဲ့ ကိုက်(၄၀) အကွာအတွင်း ဘောလုံး‌ရရှိတဲ့ အချိန်မှာ ဂိုးပေါက်ထဲကို လှမ်းကန်ဖို့ အော်ဟစ်ခဲ့တယ်လို့ SportBible က ဖော်ပြခဲ့ပါတယ်။မနေ့က ကစားခဲ့တဲ့ ဒီပွဲမှာတော့ ချယ်လ်ဆီး အသင်းက (၄)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ချယ်လ်ဆီး အသင်းရဲ့စံချိန်တင်ဂိုးသမား ကီပါ ဟာ အမှားအယွင်းတွေများပြီး ပုံမှန်လက်စွမ်း ပျောက်ဆုံးနေတာကြောင့် ဖလားပွဲတွေမှာသာ အသင်းအတွက် ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။မိုကမ်ဘီ အသင်းကလည်း ကီပါ ရဲ့အမှားအယွင်းများတာကို အခွင့်ကောင်းယူဖို့ အတွက် ချယ်လ်ဆီး ရဲ့ဂိုးပေါက်ခြမ်းကို ရောက်ရှိတဲ့အခါတိုင်း လှမ်းကန်သွင်းဖို့ နည်းပြအဖွဲ့ဝင်တွေက အော်ဟစ်ခဲ့ကြတာဖြစ်ပါတယ်။ကီပါ ဟာ အခုရာသီ အသင်းရဲ့နံပတ်တစ်ဂိုးသမား နေရာကို မန်ဒီထံ လွှဲပေးထားရတာဖြစ်ပါတယ်။

စပိန်ဂိုးသမား ကီပါ ဟာ (၂၀၂၁) အတွင်း မိုကမ်ဘီ နဲ့ ပွဲမှာ ပထမဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ ပွဲဖြစ်ပြီး သူ့ရဲ့ချယ်လ်ဆီး ကစားသမားဘဝ ပွဲ(၁၀၀) ပြည့်ခဲ့တဲ့ ပွဲလည်းဖြစ်ပါတယ်။ဒီပွဲမှာ ချယ်လ်ဆီး အသင်း ဂိုးမရခင်အချိန်မှာ မိုကမ်ဘီ အသင်း ကန်ခွင့်တစ်ကြိမ်ရခဲ့ပြီး ဂိုးပေးရလုနီးပါး ဖြစ်ခဲ့တာကို ကီပါ က ကာကွယ်သွားနိုင်ခဲ့ပါတယ်။မိုကမ်ဘီ ကစားသမားတွေကလည်း နည်းပြတွေရဲ့ညွှန်ကြားချက်အတိုင်း ကီပါ ရဲ့ဂိုးပေါက်ထဲကို ကန်သွင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာ ချယ်လ်ဆီး အသင်းက ဂိုးပြတ်အနိုင်ရပြီး ဂိုးလည်းမပေးခဲ့ရတာကြောင့် ကီပါ အတွက် ကျေနပ်စရာလည်းဖြစ်ပါတယ်။ဒါ့အပြင် ချယ်လ်ဆီး အသင်းရဲ့ဂျာမနီ ကစားသမားတွေဖြစ်တဲ့ ဝါနာနဲ့ ဟာဗတ်စ် တို့ကလည်း ဂိုးပေါက်ပျောက်ဆုံးနေမှုကို ဒီပွဲမှာ အဆုံးသတ်ခဲ့ပါတယ်။

Zawgyi

ခ်ယ္လ္ဆီး အသင္းနဲ႔ အက္ဖ္ေအဖလား တတိယအဆင့္ ကစားခဲ့တဲ့ မိုကမ္ဘီ အသင္း ဟာ သူတို႔ရဲ့ကစားသမားေတြကို ခ်ယ္လ္ဆီး ဂိုးသမား ကီပါ နဲ႔ ကိုက္(၄၀) အကြာအတြင္း ေဘာလုံး‌ရရွိတဲ့ အခ်ိန္မွာ ဂိုးေပါက္ထဲကို လွမ္းကန္ဖို႔ ေအာ္ဟစ္ခဲ့တယ္လို႔ SportBible က ေဖာ္ျပခဲ့ပါတယ္။မေန႔က ကစားခဲ့တဲ့ ဒီပြဲမွာေတာ့ ခ်ယ္လ္ဆီး အသင္းက (၄)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရရွိခဲ့ပါတယ္။

ခ်ယ္လ္ဆီး အသင္းရဲ့စံခ်ိန္တင္ဂိုးသမား ကီပါ ဟာ အမွားအယြင္းေတြမ်ားၿပီး ပုံမွန္လက္စြမ္း ေပ်ာက္ဆုံးေနတာေၾကာင့္ ဖလားပြဲေတြမွာသာ အသင္းအတြက္ ပါဝင္ခြင့္ရခဲ့တာျဖစ္ပါတယ္။မိုကမ္ဘီ အသင္းကလည္း ကီပါ ရဲ့အမွားအယြင္းမ်ားတာကို အခြင့္ေကာင္းယူဖို႔ အတြက္ ခ်ယ္လ္ဆီး ရဲ့ဂိုးေပါက္ျခမ္းကို ေရာက္ရွိတဲ့အခါတိုင္း လွမ္းကန္သြင္းဖို႔ နည္းျပအဖြဲ႕ဝင္ေတြက ေအာ္ဟစ္ခဲ့ၾကတာျဖစ္ပါတယ္။ကီပါ ဟာ အခုရာသီ အသင္းရဲ့နံပတ္တစ္ဂိုးသမား ေနရာကို မန္ဒီထံ လႊဲေပးထားရတာျဖစ္ပါတယ္။

စပိန္ဂိုးသမား ကီပါ ဟာ (၂၀၂၁) အတြင္း မိုကမ္ဘီ နဲ႔ ပြဲမွာ ပထမဆုံးပြဲထြက္ခြင့္ရခဲ့တဲ့ ပြဲျဖစ္ၿပီး သူ႔ရဲ့ခ်ယ္လ္ဆီး ကစားသမားဘဝ ပြဲ(၁၀၀) ျပည့္ခဲ့တဲ့ ပြဲလည္းျဖစ္ပါတယ္။ဒီပြဲမွာ ခ်ယ္လ္ဆီး အသင္း ဂိုးမရခင္အခ်ိန္မွာ မိုကမ္ဘီ အသင္း ကန္ခြင့္တစ္ႀကိမ္ရခဲ့ၿပီး ဂိုးေပးရလုနီးပါး ျဖစ္ခဲ့တာကို ကီပါ က ကာကြယ္သြားနိုင္ခဲ့ပါတယ္။မိုကမ္ဘီ ကစားသမားေတြကလည္း နည္းျပေတြရဲ့ညႊန္ၾကားခ်က္အတိုင္း ကီပါ ရဲ့ဂိုးေပါက္ထဲကို ကန္သြင္းမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ဒီပြဲမွာ ခ်ယ္လ္ဆီး အသင္းက ဂိုးျပတ္အနိုင္ရၿပီး ဂိုးလည္းမေပးခဲ့ရတာေၾကာင့္ ကီပါ အတြက္ ေက်နပ္စရာလည္းျဖစ္ပါတယ္။ဒါ့အျပင္ ခ်ယ္လ္ဆီး အသင္းရဲ့ဂ်ာမနီ ကစားသမားေတြျဖစ္တဲ့ ဝါနာနဲ႔ ဟာဗတ္စ္ တို႔ကလည္း ဂိုးေပါက္ေပ်ာက္ဆုံးေနမႈကို ဒီပြဲမွာ အဆုံးသတ္ခဲ့ပါတယ္။