ယူနိုက်တက်နဲ့ လီ‌ဗာပူးလ် တို့ ထိပ်တိုက်တွေ့‌ဆုံနေတဲ့ အက်ဖ်အေဖလား စတုတ္တအဆင့်

အက်ဖ်အေဖလား စတုတ္တအဆင့် အတွက် မဲခွဲမှုတွေပြုလုပ်ခဲ့ရာ ပရီးမီးယားလိဂ်ရဲ့ခါးသီးပြိုင်ဘက် (၂)သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူးလ် အသင်းတို့ ထိပ်တိုက်တွေ့‌ဆုံနေကြပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းက အိမ်ရှင်အဖြစ် ကစားရမယ့် ဒီပွဲကို အခုလအကုန်ပိုင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

မန်စီးတီး အသင်းက လိဂ်တူးကလပ် ချယ်လ်တန်ဟမ်တောင်း အသင်းနဲ့ အဝေးကွင်းမှာ ကစားရမှာဖြစ်ပါတယ်။စတုတ္တအဆင့် ပွဲစဉ်တွေကို အခုလ(၂၃) နဲ့ (၂၄)ရက်တွေမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။လက်ရှိချန်ပီယံ အာဆင်နယ် အသင်းကတော့ ဆောက်သမ်တန် နဲ့ ရှရီးဘူရီ တို့ ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ အဝေးကွင်း၊ ချယ်လ်ဆီး အသင်းက လူတန် အသင်းကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။

စပါး အသင်းက ဝိုင်ကွမ်ဘီ နဲ့ အဝေးကွင်း၊ အဲဗာတန် က ရှက်ဖီးဝက်နက်စ်ဒေး အသင်းနဲ့ အိမ်ကွင်း၊ လက်စတာ က ဘရန်ဖိုဒ့် အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။အခြားပွဲစဉ်တွေအဖြစ် ဘုန်းမောက်နဲ့ ခရော်လေတောင်း၊ ဆွမ်ဆီးနဲ့ နော်တင်ဟမ်ဖော်ရက်စ်၊ ဘန်စလေ နဲ့ နောဝစ်ခ်ျ၊ ချောလေ နဲ့ ဝုလ်ဗ်၊ မီလ်ဝေါနဲ့ ဘရစ်စတိုးလ်၊ ဘရိုက်တန် နဲ့ ဘလက်ပူးလ်၊ ဖူလ်ဟမ် နဲ့ ဘန်လေ၊ ရှက်ဖီးယူနိုက်တက်နဲ့ ပလိုင်းမောက်၊ ဝက်စ်ဟမ်း နဲ့ ဒွန်ကတ်စတာ တို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အက်ဖ်အေဖလား စတုတ္တအဆင့်တွေ မဲခွဲအပြီးမှာ ပဉ္စမအဆင့်အတွက်ပါ မဲခွဲမှုတွေပြုလုပ်ခဲ့ကြပါတယ်။ပဉ္စမအဆင့် ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီ (၉)ရက်ကနေ (၁၁)ရက်အတွင်း ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Zawgyi

အက္ဖ္ေအဖလား စတုတၱအဆင့္ အတြက္ မဲခြဲမႈေတြျပဳလုပ္ခဲ့ရာ ပရီးမီးယားလိဂ္ရဲ့ခါးသီးၿပိဳင္ဘက္ (၂)သင္းျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္ နဲ႔ လီဗာပူးလ္ အသင္းတို႔ ထိပ္တိုက္ေတြ႕‌ဆုံေနၾကပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းက အိမ္ရွင္အျဖစ္ ကစားရမယ့္ ဒီပြဲကို အခုလအကုန္ပိုင္းမွာ က်င္းပသြားမွာျဖစ္ပါတယ္။

မန္စီးတီး အသင္းက လိဂ္တူးကလပ္ ခ်ယ္လ္တန္ဟမ္ေတာင္း အသင္းနဲ႔ အေဝးကြင္းမွာ ကစားရမွာျဖစ္ပါတယ္။စတုတၱအဆင့္ ပြဲစဥ္ေတြကို အခုလ(၂၃) နဲ႔ (၂၄)ရက္ေတြမွာ က်င္းပသြားဖို႔ ရွိေနပါတယ္။လက္ရွိခ်န္ပီယံ အာဆင္နယ္ အသင္းကေတာ့ ေဆာက္သမ္တန္ နဲ႔ ရွရီးဘူရီ တို႔ ပြဲစဥ္က အနိုင္ရတဲ့ အသင္းနဲ႔ အေဝးကြင္း၊ ခ်ယ္လ္ဆီး အသင္းက လူတန္ အသင္းကို အိမ္ကြင္းမွာ ကစားရမွာျဖစ္ပါတယ္။

စပါး အသင္းက ဝိုင္ကြမ္ဘီ နဲ႔ အေဝးကြင္း၊ အဲဗာတန္ က ရွက္ဖီးဝက္နက္စ္ေဒး အသင္းနဲ႔ အိမ္ကြင္း၊ လက္စတာ က ဘရန္ဖိုဒ့္ အသင္းနဲ႔ အေဝးကြင္းမွာ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။အျခားပြဲစဥ္ေတြအျဖစ္ ဘုန္းေမာက္နဲ႔ ခေရာ္ေလေတာင္း၊ ဆြမ္ဆီးနဲ႔ ေနာ္တင္ဟမ္ေဖာ္ရက္စ္၊ ဘန္စေလ နဲ႔ ေနာဝစ္ခ္်၊ ေခ်ာေလ နဲ႔ ဝုလ္ဗ္၊ မီလ္ေဝါနဲ႔ ဘရစ္စတိုးလ္၊ ဘရိုက္တန္ နဲ႔ ဘလက္ပူးလ္၊ ဖူလ္ဟမ္ နဲ႔ ဘန္ေလ၊ ရွက္ဖီးယူနိုက္တက္နဲ႔ ပလိုင္းေမာက္၊ ဝက္စ္ဟမ္း နဲ႔ ဒြန္ကတ္စတာ တို႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

အက္ဖ္ေအဖလား စတုတၱအဆင့္ေတြ မဲခြဲအၿပီးမွာ ပဥၥမအဆင့္အတြက္ပါ မဲခြဲမႈေတြျပဳလုပ္ခဲ့ၾကပါတယ္။ပဥၥမအဆင့္ ပြဲစဥ္ေတြကိုေတာ့ ေဖေဖာ္ဝါရီ (၉)ရက္ကေန (၁၁)ရက္အတြင္း ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။