နောက်ဆုံးအကြိမ် စမ်းသပ်စစ်ဆေးရာမှာ ကိုရိုနာဗိုင်းရပ်ဖြစ်ပွားသူ (၃၆)ဦးအထိရှိခဲ့တဲ့ EPL

ပရီးမီးယားလိဂ်ဟာ ကိုရိုနာဗိုင်းရပ်စ် အတွက် နောက်ဆုံးအကြိမ်စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ရာ ကစားသမားနဲ့ ကလပ်ဝန်ထမ်း(၃၆)ဦးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ အပတ်က လူပေါင်း (၂၅၉၃)ဦးကို (၂)ကြိမ်စမ်းသပ်စစ်ဆေးခဲ့ရာမှာ အခုလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ(၄)ရက်ကနေ (၇)ရက်အတွင်း စမ်းသပ်စစ်ဆေးခဲ့ရာ (၂၇)ဦး ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ပြီး၊ (၈)ရက်ကနေ (၁၀)ရက်အတွင်းမှာ (၉)ဦး ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် စုစုပေါင်း (၃၆)ဦးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ အပတ်က စမ်းသပ်စစ်ဆေးခဲ့ရာ (၄၀)ဦးမှာ တွေ့ရှိခဲ့ပြီး အခုနောက်ဆုံးအကြိမ်စစ်ဆေးရာမှာ အရေအတွက် လျော့သွားခဲ့တာဖြစ်ပါတယ်။

ဗီလာ အသင်းကတော့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူဦးရေမြင့်တက်နေတာကြောင့် စပါး နဲ့ ကစားမယ့် ပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ဗီလာ အသင်းဟာ လီဗာပူးလ် အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူငယ်ကစားသမားတွေနဲ့သာ ယှဉ်ပြိုင်ခဲ့ရတာပါ။စကော့တလန် မှာလည်း ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာတာကြောင့် ချန်ပီယံရှစ်ပြိုင်ပွဲအောက်မှာ ရှိတဲ့ ပြိုင်ပွဲတွေကို (၃)ပတ်ကြာရပ်နားခဲ့ရပါတယ်။

ပရီးမီးယားလိဂ် ဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်းမြင့်တက်နေတာကြောင့် တစ်ပတ်ကို (၂)ကြိမ် စမ်းသပ်စစ်ဆေးနေတာဖြစ်ပြီး ဒီဇင်ဘာ (၂၈)ရက်ကနေ ဇန်နဝါရီ(၁၀)ရက်ထိ စမ်းသပ်စစ်ဆေးခဲ့ရာ (၇၆)ဦးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ဟာ ကိုရိုနာဗိုင္းရပ္စ္ အတြက္ ေနာက္ဆုံးအႀကိမ္စမ္းသပ္စစ္ေဆးမႈျပဳလုပ္ခဲ့ရာ ကစားသမားနဲ႔ ကလပ္ဝန္ထမ္း(၃၆)ဦးမွာ ကိုရိုနာဗိုင္းရပ္စ္ ေတြ႕ရွိခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။ၿပီးခဲ့တဲ့ အပတ္က လူေပါင္း (၂၅၉၃)ဦးကို (၂)ႀကိမ္စမ္းသပ္စစ္ေဆးခဲ့ရာမွာ အခုလိုေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ဇန္နဝါရီ(၄)ရက္ကေန (၇)ရက္အတြင္း စမ္းသပ္စစ္ေဆးခဲ့ရာ (၂၇)ဦး ကိုရိုနာဗိုင္းရပ္စ္ ေတြ႕ရွိခဲ့ၿပီး၊ (၈)ရက္ကေန (၁၀)ရက္အတြင္းမွာ (၉)ဦး ထပ္မံေတြ႕ရွိခဲ့တာျဖစ္ပါတယ္။အဲဒါေၾကာင့္ စုစုေပါင္း (၃၆)ဦးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ၿပီးခဲ့တဲ့ အပတ္က စမ္းသပ္စစ္ေဆးခဲ့ရာ (၄၀)ဦးမွာ ေတြ႕ရွိခဲ့ၿပီး အခုေနာက္ဆုံးအႀကိမ္စစ္ေဆးရာမွာ အေရအတြက္ ေလ်ာ့သြားခဲ့တာျဖစ္ပါတယ္။

ဗီလာ အသင္းကေတာ့ ကိုရိုနာဗိုင္းရပ္စ္ ျဖစ္ပြားသူဦးေရျမင့္တက္ေနတာေၾကာင့္ စပါး နဲ႔ ကစားမယ့္ ပြဲကို ေရႊ႕ဆိုင္းခဲ့ရပါတယ္။ဗီလာ အသင္းဟာ လီဗာပူးလ္ အသင္းနဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလား ပြဲမွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ လူငယ္ကစားသမားေတြနဲ႔သာ ယွဥ္ၿပိဳင္ခဲ့ရတာပါ။စေကာ့တလန္ မွာလည္း ေရာဂါျဖစ္ပြားမႈႏႈန္း ျမင့္တက္လာတာေၾကာင့္ ခ်န္ပီယံရွစ္ၿပိဳင္ပြဲေအာက္မွာ ရွိတဲ့ ၿပိဳင္ပြဲေတြကို (၃)ပတ္ၾကာရပ္နားခဲ့ရပါတယ္။

ပရီးမီးယားလိဂ္ ဟာ ကိုရိုနာဗိုင္းရပ္စ္ ျဖစ္ပြားမႈႏႈန္းျမင့္တက္ေနတာေၾကာင့္ တစ္ပတ္ကို (၂)ႀကိမ္ စမ္းသပ္စစ္ေဆးေနတာျဖစ္ၿပီး ဒီဇင္ဘာ (၂၈)ရက္ကေန ဇန္နဝါရီ(၁၀)ရက္ထိ စမ္းသပ္စစ္ေဆးခဲ့ရာ (၇၆)ဦးမွာ ကိုရိုနာဗိုင္းရပ္စ္ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။