မက်ဆီ၊ ရော်နယ်‌ဒို၊ လီဝန်ဒေါစကီး တို့ထက် သာလွန်ခဲ့ပြန်တဲ့ ဆွန်ဟောင်မင်

စပါး အသင်း တိုက်စစ်ကစားသမား ဆွန်ဟောင်မင် ဟာ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ စီရော်နယ်ဒို၊ မက်ဆီ နဲ့ လီဝန်ဒေါစကီး တို့ကို ကျော်ဖြတ်ပြီး ဥရောပရဲ့အဆုံးသတ်အကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်နေတယ်လို့ Understat.com ရဲ့ဖော်ပြချက်ကို ကိုးကားပြီး The independent က ဖော်ပြခဲ့တာဖြစ်ပါတယ်။(၂၀၁၆-၁၇) ရာသီကစတင်ပြီး လေ့လာထားခဲ့တဲ့ အချက်တွေမှာ ဆွန်ဟောင်မင် က အသာရခဲ့တာဖြစ်ပါတယ်။

ဆွန်ဟောင်မင် ဟာ အဲဒီအချိန်ကစပြီး (၆၁)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ တိုက်စစ်မှုး မက်ဆီ က (၁၃၉)ဂိုး၊ လီဝန်ဒေါစကီး က (၁၃၄)ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။ဆွန်ဟောင်မင် ဟာ ဂိုးရနိုင်တဲ့ အခွင့်အရေးကို ဂိုးအဖြစ် ပြောင်းလဲနိုင်မှုမှာ (၄၄)ရာခိုင်နှုန်း အထိရှိခဲ့တာဖြစ်ပါတယ်။သူ့ရဲ့နောက်မှာတော့ စပါး အသင်းရဲ့အသင်းဖော် ဟာရီကိန်း က အဆုံးသတ်အကောင်းဆုံး ဒုတိယကစားသမားအဖြစ် (၂၁)ရာခိုင်နှုန်း နဲ့ ရပ်တည်ခဲ့တာပါ။

မက်ဆီ နဲ့ အင်မိုဘိုင်း တို့ကတော့ (၂၁) ရာခိုင်နှုန်းစီရှိနေခဲ့ပြီး သူတို့ရဲ့နောက်မှာ မာနေး က (၁၆)ရာခိုင်နှုန်း နဲ့ ရှိနေခဲ့တာဖြစ်ပါတယ်။စီရော်နယ်ဒို ကတော့ (၀ဒသမ၆၇)ရာခိုင်နှုန်းသာ ရှိခဲ့တာဖြစ်ပါတယ်။ဆွန်ဟောင်မင် ကတော့ သူတို့ထက် ဂိုးသွင်းနှုန်းနည်းခဲ့ပေမယ့် ရရှိတဲ့ ဂိုးတွေကို အမှားအယွင်းမရှိ အဆုံးသတ်အားကောင်းခဲ့တဲ့ အတွက် အခုလို ထိပ်ဆုံးနေရာက ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆွန်ဟောင်မင် ဟာ အခုရာသီမှာလည်း စပါး အသင်းအတွက် ခြေစွမ်းပြကစားနေတာဖြစ်ပြီး ပရီးမီးယားလိဂ် (၁၆)ပွဲမှာ (၁၂)ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဆွန်ဟောင်မင်ရဲ့ခြေစွမ်းပြနေမှုကြောင့် ရီးရယ်လ် အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Zawgyi

စပါး အသင္း တိုက္စစ္ကစားသမား ဆြန္ေဟာင္မင္ ဟာ နာမည္ေက်ာ္ ကစားသမားေတြျဖစ္တဲ့ စီေရာ္နယ္ဒို၊ မက္ဆီ နဲ႔ လီဝန္ေဒါစကီး တို႔ကို ေက်ာ္ျဖတ္ၿပီး ဥေရာပရဲ့အဆုံးသတ္အေကာင္းဆုံး ကစားသမားအျဖစ္ ရပ္တည္ေနတယ္လို႔ Understat.com ရဲ့ေဖာ္ျပခ်က္ကို ကိုးကားၿပီး The independent က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။(၂၀၁၆-၁၇) ရာသီကစတင္ၿပီး ေလ့လာထားခဲ့တဲ့ အခ်က္ေတြမွာ ဆြန္ေဟာင္မင္ က အသာရခဲ့တာျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ ဟာ အဲဒီအခ်ိန္ကစၿပီး (၆၁)ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။ဘာစီလိုနာ တိုက္စစ္မႈး မက္ဆီ က (၁၃၉)ဂိုး၊ လီဝန္ေဒါစကီး က (၁၃၄)ဂိုး သြင္းယူခဲ့တာျဖစ္ပါတယ္။ဆြန္ေဟာင္မင္ ဟာ ဂိုးရနိုင္တဲ့ အခြင့္အေရးကို ဂိုးအျဖစ္ ေျပာင္းလဲနိုင္မႈမွာ (၄၄)ရာခိုင္ႏႈန္း အထိရွိခဲ့တာျဖစ္ပါတယ္။သူ႔ရဲ့ေနာက္မွာေတာ့ စပါး အသင္းရဲ့အသင္းေဖာ္ ဟာရီကိန္း က အဆုံးသတ္အေကာင္းဆုံး ဒုတိယကစားသမားအျဖစ္ (၂၁)ရာခိုင္ႏႈန္း နဲ႔ ရပ္တည္ခဲ့တာပါ။

မက္ဆီ နဲ႔ အင္မိုဘိုင္း တို႔ကေတာ့ (၂၁) ရာခိုင္ႏႈန္းစီရွိေနခဲ့ၿပီး သူတို႔ရဲ့ေနာက္မွာ မာေနး က (၁၆)ရာခိုင္ႏႈန္း နဲ႔ ရွိေနခဲ့တာျဖစ္ပါတယ္။စီေရာ္နယ္ဒို ကေတာ့ (၀ဒသမ၆၇)ရာခိုင္ႏႈန္းသာ ရွိခဲ့တာျဖစ္ပါတယ္။ဆြန္ေဟာင္မင္ ကေတာ့ သူတို႔ထက္ ဂိုးသြင္းႏႈန္းနည္းခဲ့ေပမယ့္ ရရွိတဲ့ ဂိုးေတြကို အမွားအယြင္းမရွိ အဆုံးသတ္အားေကာင္းခဲ့တဲ့ အတြက္ အခုလို ထိပ္ဆုံးေနရာက ရပ္တည္နိုင္ခဲ့တာျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ ဟာ အခုရာသီမွာလည္း စပါး အသင္းအတြက္ ေျခစြမ္းျပကစားေနတာျဖစ္ၿပီး ပရီးမီးယားလိဂ္ (၁၆)ပြဲမွာ (၁၂)ဂိုးအထိ သြင္းယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ဆြန္ေဟာင္မင္ရဲ့ေျခစြမ္းျပေနမႈေၾကာင့္ ရီးရယ္လ္ အသင္းကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္ပါတယ္။