အသက်ဆိုတာ နံပတ်တစ်ခုသာ ဖြစ်တယ်လို့ သက်သေပြခဲ့တဲ့ မီအူရာ

ဆစ်ဒနီအသင်းရဲ့ဝါရင့်တိုက်စစ်မှုးဟောင်း မီအူရာ ကတော့ ဂျပန်ဂျေလိဂ်ကလပ် ယိုကိုဟားမား အသင်းနဲ့ တစ်ရာသီသက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်ပါတယ်။ဂျေလိဂ်ကလပ် က အသက်(၅၃)နှစ်အရွယ်ရှိ ကစားသမားကို အခုလာမယ့်ရာသီအတွက် စာချုပ်ချုပ်ဆိုခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဂျပန်ကစားသမားကြီးဟာ သူရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝ (၃၆)ရာသီမြောက်ကို ဆက်လက်ဖြတ်သန်းရတော့မှာလည်းဖြစ်ပါတယ်။မီအူရာ ဟာ ဆယ်စုနှစ်(၅)ခုကို ဖြတ်ကျော်ခဲ့တဲ့ ကစားသမားတစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်ထားတာပါ။ဒါ့အပြင် မီအူရာ ဟာ ထိပ်တန်းအဆင့်မှာ ကစားတဲ့ အသက်အကြီးဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။

(၁၉၈၆) က ဘရာဇီးလ်ကလပ် ဆန်းတို့စ် အသင်းနဲ့ ကစားသမားဘဝစခဲ့တဲ့ မီအူရာ ဟာ (၂၀၁၇) က ဂျပန်ပရော်ဖက်ရှင်နယ်လိဂ်မှာ ဂိုးသွင်းပြီး အသက်ကြီးဆုံး ဂိုးသွင်းတဲ့သူဖြစ်လာခဲ့ပါတယ်။မီအူရာ ဟာ လာမယ့်ဖေဖော်ဝါရီရောက်ရင် အသက်(၅၄)နှစ်ပြည့်တော့မှာလည်းဖြစ်ပါတယ်။King Kazu လို့ ဂျပန်မှာ လူသိများတဲ့ မီအူရာ ဟာ နိုင်ငံရဲ့အချစ်ဆုံး အားကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

မီအူရာ ဟာ ဂျပန်လက်ရွေးစင် အတွက်လည်း (၈၉)ပွဲပါဝင်ကစားပြီး (၅၅)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။သူဟာ စီးရီးအေကလပ် ဂျီနိုအာ အသင်းမှာလည်း ကစားခဲ့သလို ခရိုအေးရှားနဲ့ ဩစတြေးလျ နိုင်ငံတွေမှာလည်း ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

Zawgyi

ဆစ္ဒနီအသင္းရဲ့ဝါရင့္တိုက္စစ္မႈးေဟာင္း မီအူရာ ကေတာ့ ဂ်ပန္ေဂ်လိဂ္ကလပ္ ယိုကိုဟားမား အသင္းနဲ႔ တစ္ရာသီသက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုလိုက္ပါတယ္။ေဂ်လိဂ္ကလပ္ က အသက္(၅၃)ႏွစ္အရြယ္ရွိ ကစားသမားကို အခုလာမယ့္ရာသီအတြက္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တယ္လို႔ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ဂ်ပန္ကစားသမားႀကီးဟာ သူရဲ့ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝ (၃၆)ရာသီေျမာက္ကို ဆက္လက္ျဖတ္သန္းရေတာ့မွာလည္းျဖစ္ပါတယ္။မီအူရာ ဟာ ဆယ္စုႏွစ္(၅)ခုကို ျဖတ္ေက်ာ္ခဲ့တဲ့ ကစားသမားတစ္ဦးအျဖစ္လည္း မွတ္တမ္းဝင္ထားတာပါ။ဒါ့အျပင္ မီအူရာ ဟာ ထိပ္တန္းအဆင့္မွာ ကစားတဲ့ အသက္အႀကီးဆုံးကစားသမားအျဖစ္လည္း မွတ္တမ္းဝင္ထားပါတယ္။

(၁၉၈၆) က ဘရာဇီးလ္ကလပ္ ဆန္းတို႔စ္ အသင္းနဲ႔ ကစားသမားဘဝစခဲ့တဲ့ မီအူရာ ဟာ (၂၀၁၇) က ဂ်ပန္ပေရာ္ဖက္ရွင္နယ္လိဂ္မွာ ဂိုးသြင္းၿပီး အသက္ႀကီးဆုံး ဂိုးသြင္းတဲ့သူျဖစ္လာခဲ့ပါတယ္။မီအူရာ ဟာ လာမယ့္ေဖေဖာ္ဝါရီေရာက္ရင္ အသက္(၅၄)ႏွစ္ျပည့္ေတာ့မွာလည္းျဖစ္ပါတယ္။King Kazu လို႔ ဂ်ပန္မွာ လူသိမ်ားတဲ့ မီအူရာ ဟာ နိုင္ငံရဲ့အခ်စ္ဆုံး အားကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

မီအူရာ ဟာ ဂ်ပန္လက္ေရြးစင္ အတြက္လည္း (၈၉)ပြဲပါဝင္ကစားၿပီး (၅၅)ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။သူဟာ စီးရီးေအကလပ္ ဂ်ီနိုအာ အသင္းမွာလည္း ကစားခဲ့သလို ခရိုေအးရွားနဲ႔ ဩစေၾတးလ် နိုင္ငံေတြမွာလည္း ပါဝင္ကစားခဲ့တာျဖစ္ပါတယ္။