ရှဝိန်းစတိုင်ဂါ ရဲ့FIFA 21 တစ်နှစ်တာ အသင်းမှာ မပါဝင်ခဲ့ပြန်တဲ့ မက်ဆီ နဲ့ ရော်နယ်ဒို

ဂျာမနီကစားသမားဟောင်း ရှဝိန်းစတိုင်ဂါ ရဲ့ FIFA 21 တစ်နှစ်တာ အသင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား (၂)ဦးဖြစ်တဲ့ မက်ဆီ နဲ့ စီရော်နယ်ဒို တို့ မပါဝင်ဘူးလို့ SportBible က ဖော်ပြလိုက်ပါတယ်။ဖီဖာ ကတော့ ပြီးခဲ့တဲ့တစ်နှစ်အတွင်း အကောင်းဆုံးကစားသမား (၇၀)ဦးထုတ်ပြန်ခဲ့ပြီး ပရိသတ်တွေရဲ့မဲပေးမှုနဲ့ အကောင်းဆုံး(၁၁)ယောက်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းကစားသမားဟောင်း ရှဝိန်းစတိုင်ဂါ ရဲ့အသင်းမှာတော့ မက်ဆီ နဲ့ ရော်နယ်ဒို မပါဝင်လာခဲ့သလို သီယာဂို နဲ့ ဘရူနိုဖာနန်ဒက်စ် ကို ကျော်ပြီး ဟန်ဒါဆန် ကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ဂိုးသမားအဖြစ် သူ့ရဲ့ဂျာမန်အသင်းဖော်ဟောင်း နူအာ ကို ရွေးချယ်ခဲ့ပါတယ်။နောက်တန်းမှာ ရာမို့စ်၊ ဗန်ဒိုက် နဲ့ မာကွင်ဟို တို့ကို ရွေးထားခဲ့ပါတယ်။

ကွင်းလယ်မှာတော့ ဂွာရဲရိုး၊ ဟန်ဒါဆန်၊ ဒီဘရိုင်းနဲ့ ကင်မစ်ရှ်၊ ရှေ့တန်းမှာတော့ နေမာ၊ လီဝန်ဒေါစကီး နဲ့ ဘတ်ပေး တို့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ရှဝိန်းစတိုင်ဂါ ရဲ့ရွေးချယ်မှုတွေဟာ တွစ်တာပေါ်မှာ လူပြောများချင်စရာဖြစ်ခဲ့ပါတယ်။နာမည်ကြီး ကစားသမားတွေကို ချန်လှပ်ပြီး ရွေးချယ်ခဲ့တဲ့ လူစာရင်းကို ဝေဖန်မှုတွေမြင့်တက်နေတာလည်းဖြစ်ပါတယ်။

တွစ်တာအသုံးပြုသူတစ်ဦးက ဟန်ဒါဆန် လို့ ပြောဖို့ မင်းကို သူဘယ်လောက်ပေးလဲလို့ ရေးသားခဲ့သလို အခြားသူတွေအများအပြားကလည်း လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။အသက်(၃၆)နှစ်အရွယ်ရှိ ဂျာမနီ ကစားသမားဟာ မေဂျာလိဂ်ကလပ် ချီကာဂိုဖားယား အသင်းမှာ နောက်ဆုံးကစားခဲ့ပြီး (၂၀၁၉) က ကစားသမားဘဝက အနားယူခဲ့တာဖြစ်ပါတယ်။

Zawgyi

ဂ်ာမနီကစားသမားေဟာင္း ရွဝိန္းစတိုင္ဂါ ရဲ့ FIFA 21 တစ္ႏွစ္တာ အသင္းမွာ ကမၻာ့အေကာင္းဆုံး ကစားသမား (၂)ဦးျဖစ္တဲ့ မက္ဆီ နဲ႔ စီေရာ္နယ္ဒို တို႔ မပါဝင္ဘူးလို႔ SportBible က ေဖာ္ျပလိုက္ပါတယ္။ဖီဖာ ကေတာ့ ၿပီးခဲ့တဲ့တစ္ႏွစ္အတြင္း အေကာင္းဆုံးကစားသမား (၇၀)ဦးထုတ္ျပန္ခဲ့ၿပီး ပရိသတ္ေတြရဲ့မဲေပးမႈနဲ႔ အေကာင္းဆုံး(၁၁)ေယာက္ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္နဲ႔ မန္ခ်က္စတာယူနိုက္တက္ အသင္းကစားသမားေဟာင္း ရွဝိန္းစတိုင္ဂါ ရဲ့အသင္းမွာေတာ့ မက္ဆီ နဲ႔ ေရာ္နယ္ဒို မပါဝင္လာခဲ့သလို သီယာဂို နဲ႔ ဘ႐ူနိုဖာနန္ဒက္စ္ ကို ေက်ာ္ၿပီး ဟန္ဒါဆန္ ကို ထည့္သြင္းခဲ့တာျဖစ္ပါတယ္။ဂိုးသမားအျဖစ္ သူ႔ရဲ့ဂ်ာမန္အသင္းေဖာ္ေဟာင္း ႏူအာ ကို ေရြးခ်ယ္ခဲ့ပါတယ္။ေနာက္တန္းမွာ ရာမို႔စ္၊ ဗန္ဒိုက္ နဲ႔ မာကြင္ဟို တို႔ကို ေရြးထားခဲ့ပါတယ္။

ကြင္းလယ္မွာေတာ့ ဂြာရဲရိုး၊ ဟန္ဒါဆန္၊ ဒီဘရိုင္းနဲ႔ ကင္မစ္ရွ္၊ ေရွ႕တန္းမွာေတာ့ ေနမာ၊ လီဝန္ေဒါစကီး နဲ႔ ဘတ္ေပး တို႔ကို ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ရွဝိန္းစတိုင္ဂါ ရဲ့ေရြးခ်ယ္မႈေတြဟာ တြစ္တာေပၚမွာ လူေျပာမ်ားခ်င္စရာျဖစ္ခဲ့ပါတယ္။နာမည္ႀကီး ကစားသမားေတြကို ခ်န္လွပ္ၿပီး ေရြးခ်ယ္ခဲ့တဲ့ လူစာရင္းကို ေဝဖန္မႈေတြျမင့္တက္ေနတာလည္းျဖစ္ပါတယ္။

တြစ္တာအသုံးျပဳသူတစ္ဦးက ဟန္ဒါဆန္ လို႔ ေျပာဖို႔ မင္းကို သူဘယ္ေလာက္ေပးလဲလို႔ ေရးသားခဲ့သလို အျခားသူေတြအမ်ားအျပားကလည္း ေလွာင္ေျပာင္ခဲ့ၾကတာျဖစ္ပါတယ္။အသက္(၃၆)ႏွစ္အရြယ္ရွိ ဂ်ာမနီ ကစားသမားဟာ ေမဂ်ာလိဂ္ကလပ္ ခ်ီကာဂိုဖားယား အသင္းမွာ ေနာက္ဆုံးကစားခဲ့ၿပီး (၂၀၁၉) က ကစားသမားဘဝက အနားယူခဲ့တာျဖစ္ပါတယ္။