နည်းပြကြီးဖာဂူဆန် အနားယူပြီးနောက် ပထမဆုံးအကြိမ် EPL အဆင့်(၁)ရောက်ခဲ့တဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ်ပွဲစဉ်(၁)ရဲ့လက်ကျန်ပွဲစဉ်တစ်ပွဲအဖြစ် ဘန်လေ အသင်းနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ ကစားခဲ့ရာ မန်ချက်စတာယူနိုက်တက် အသင်းက (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်လိုက်ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲအနိုင်ရရင် အဆင့်(၁) ရောက်မှာဖြစ်တဲ့ အတွက် ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ပွဲပယ်ခံထားရတဲ့ တိုက်စစ်မှုး ကာဗာနီလည်း ပြန်လည်ပါဝင်လာခဲ့ပါတယ်။ဘန်လေ အသင်းကလည်း သူတို့ရဲ့အတောင့်အတင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ခဲ့တာဖြစ်ပါတယ်။ပထမပိုင်းမှာတော့ (၂)သင်းလုံးဟာ ဂိုးတွေရဖို့ အပြိုင်အဆိုင်ကြိုးစားခဲ့ကြပြီး မက်ဂွဲယား ခေါင်းတိုက်သွင်းယူခဲ့တဲ့ ဂိုးကို ပြစ်ဒဏ်ဘောလုပ်ခဲ့တယ်ဆိုပြီး ဂိုးမပေးတာက မန်ချက်စတာယူနိုက်တက် အတွက် နစ်နာခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ နိုင်ပွဲရဖို့ အတွက် လိုအပ်နေတဲ့ ဂိုးရဖို့ တရစပ်တိုက်စစ်ဆင်ခဲ့ပါတယ်။ဘန်လေ အသင်းရဲ့ဂိုးသမားနဲ့ နောက်တန်းကစားသမားတွေ ဖျက်ထုတ်နေတာကြောင့် ဂိုးရဖို့ခက်ခဲခဲ့ပြီး ပွဲချိန်(၇၁)မိနစ်မှာတော့ ယူနိုက်တက်တို့ ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။ဒီဂိုးကို ရက်ရှ်ဖိုဒ့် ရဲ့ဖန်တီးပေးမှုကနေ ပေါ့ဘာ က ဧရိယာအပြင်ဘက်‌ကနေ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာ ဂိုးထပ်မရတော့ဘဲ (၁)ဂိုး-ဂိုးမရှိနဲ့ မန်ချက်စတာယူနိုက်တက် က အနိုင်ရသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် ဒုတိယနေရာက လီဗာပူးလ် အသင်းကို (၃)မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်လိုက်တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက် ပထမဆုံးအကြိမ် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ပြဲစဥ္(၁)ရဲ့လက္က်န္ပြဲစဥ္တစ္ပြဲအျဖစ္ ဘန္ေလ အသင္းနဲ႔ မန္ခ်က္စတာယူနိုက္တက္ အသင္းတို႔ ကစားခဲ့ရာ မန္ခ်က္စတာယူနိုက္တက္ အသင္းက (၁)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ဦးေဆာင္လိုက္ၿပီျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီပြဲအနိုင္ရရင္ အဆင့္(၁) ေရာက္မွာျဖစ္တဲ့ အတြက္ ကစားသမားအစုံအလင္နဲ႔ ပြဲထြက္လာခဲ့ၿပီး ပြဲပယ္ခံထားရတဲ့ တိုက္စစ္မႈး ကာဗာနီလည္း ျပန္လည္ပါဝင္လာခဲ့ပါတယ္။ဘန္ေလ အသင္းကလည္း သူတို႔ရဲ့အေတာင့္အတင္းဆုံး လူစာရင္းနဲ႔ ပြဲထြက္ခဲ့တာျဖစ္ပါတယ္။ပထမပိုင္းမွာေတာ့ (၂)သင္းလုံးဟာ ဂိုးေတြရဖို႔ အၿပိဳင္အဆိုင္ႀကိဳးစားခဲ့ၾကၿပီး မက္ဂြဲယား ေခါင္းတိုက္သြင္းယူခဲ့တဲ့ ဂိုးကို ျပစ္ဒဏ္ေဘာလုပ္ခဲ့တယ္ဆိုၿပီး ဂိုးမေပးတာက မန္ခ်က္စတာယူနိုက္တက္ အတြက္ နစ္နာခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္းမွာ ဂိုးမရွိသေရနဲ႔ အဆုံးသတ္ခဲ့ပါတယ္။ဒုတိယပိုင္းမွာေတာ့ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ နိုင္ပြဲရဖို႔ အတြက္ လိုအပ္ေနတဲ့ ဂိုးရဖို႔ တရစပ္တိုက္စစ္ဆင္ခဲ့ပါတယ္။ဘန္ေလ အသင္းရဲ့ဂိုးသမားနဲ႔ ေနာက္တန္းကစားသမားေတြ ဖ်က္ထုတ္ေနတာေၾကာင့္ ဂိုးရဖို႔ခက္ခဲခဲ့ၿပီး ပြဲခ်ိန္(၇၁)မိနစ္မွာေတာ့ ယူနိုက္တက္တို႔ ဦးေဆာင္ဂိုးရရွိသြားခဲ့ပါတယ္။ဒီဂိုးကို ရက္ရွ္ဖိုဒ့္ ရဲ့ဖန္တီးေပးမႈကေန ေပါ့ဘာ က ဧရိယာအျပင္ဘက္‌ကေန အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။အဲဒီေနာက္ပိုင္းမွာ ဂိုးထပ္မရေတာ့ဘဲ (၁)ဂိုး-ဂိုးမရွိနဲ႔ မန္ခ်က္စတာယူနိုက္တက္ က အနိုင္ရသြားခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီပြဲအနိုင္ရခဲ့တာေၾကာင့္ ဒုတိယေနရာက လီဗာပူးလ္ အသင္းကို (၃)မွတ္ျဖတ္ၿပီး အမွတ္ေပးဇယားကို ဦးေဆာင္လိုက္တာျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ အနားယူၿပီးေနာက္ ပထမဆုံးအႀကိမ္ အမွတ္ေပးဇယားကို ဦးေဆာင္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။