VAR အငြင်းပွားမှုတွေ ကြီးစိုးခဲ့တဲ့ ဘန်လေ နဲ့ ယူနိုက်တက်တို့ရဲ့ပထမပိုင်း

ဒီမနက်ပိုင်းက ကစားခဲ့‌တဲ့ ဘန်လေ နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ ပွဲစဉ်မှာ (၅)မိနစ်ခန့် ရပ်နားထားရတာနဲ့ အတူ VAR ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အငြင်းပွားမှုတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းက ပေါ့ဘာ ရဲ့ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ မန်ချက်စတာယူနိုက်တက် ဘယ်နောက်ခံလူ လုပ်ခ်ရှော ဟာ ဘန်လေ အသင်း ကစားသမား ဂတ်မန်ဆန် ကို ဖျက်ထုတ်ပြီး အသင်းက တန်ပြန်တိုက်စစ်နဲ့ ဘန်လေ အသင်းဘက်ကို အလျင်အမြန်ကစားခဲ့တာဖြစ်ပါတယ်။ဒီအချိန်မှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုး ကာဗာနီ ဟာ အပိုင်ကန်သွင်းရမယ့် အနေအထားကို ရောက်သွားတဲ့ အချိန်မှာ ဘန်လေ အသင်းက ဘရာဒီက ဖျက်ထုတ်ခဲ့ပါတယ်။

ဒိုင်လူကြီးက ဒီဖျက်ထုတ်မှုကို အဝါကတ်ပြသခဲ့ပြီး မန်ချက်စတာယူနိုက်တက် ကစားသမားတွေက တိုက်ရိုက်အနီကတ်ပြဖို့ စောဒကတက်ခဲ့ကြပါတယ်။အဲဒီအချိန်မှာ ဒိုင်လူကြီး ကီဗင်ဖရန့် က VAR ကို သွားရောက်ကြည့်ရှုခဲ့ပြီး ပွဲကစားဖို့ (၅)မိနစ်နီးပါးကြာ ရပ်နားခဲ့ရပါတယ်။VAR ကြည့်ပြီးနောက်မှာ ဘရာဒီ ဟာ အနီကတ်အပြမခံရပဲ မန်ချက်စတာယူနိုက်တက် နောက်ခံလူ လုခ်ရှော ကို ဒိုင်လူကြီး က အဝါကတ်ပြသခဲ့ပါတယ်။

အဒီနောက် မိနစ်အနည်းငယ်အကြာမှာ မန်ချက်စတာယူနိုက်တက် အသင်း‌ခေါင်းဆောင် မက်ဂွိုင်းယား က ခေါင်းတိုက်ဂိုးသွင်းယူခဲ့ပါတယ်။မက်ဂွိုင်းယား က ခုန်ပြီးခေါင်းတိုက်ရာမှာ ဘန်လေ နောက်ခံလူ ပီတာ ကို ပြစ်ဒဏ်ကျုးလွန်ခဲ့တယ်ဆိုပြီး ဒိုင်လူကြီး VAR ကိုမကြည့်ခဲ့ပဲ ဂိုးအဖြစ်မသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ဒီလိုအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး တွစ်တာပေါ်မှာ ဝေဖန်မှုတွေဟာ မြင့်တက်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းက ဘန်လေ အသင်းကို (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Zawgyi

ဒီမနက္ပိုင္းက ကစားခဲ့‌တဲ့ ဘန္ေလ နဲ႔ မန္ခ်က္စတာယူနိုက္တက္ အသင္းတို႔ ပြဲစဥ္မွာ (၅)မိနစ္ခန႔္ ရပ္နားထားရတာနဲ႔ အတူ VAR ဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အျငင္းပြားမႈေတြ ထပ္မံျဖစ္ပြားခဲ့ပါတယ္။ဒီပြဲမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းက ေပါ့ဘာ ရဲ့ဒုတိယပိုင္းမွာ သြင္းယူခဲ့တဲ့ ဂိုးနဲ႔ အနိုင္ရၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ဦးေဆာင္နိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဒီပြဲစဥ္ရဲ့ပထမပိုင္းမွာ မန္ခ်က္စတာယူနိုက္တက္ ဘယ္ေနာက္ခံလူ လုပ္ခ္ေရွာ ဟာ ဘန္ေလ အသင္း ကစားသမား ဂတ္မန္ဆန္ ကို ဖ်က္ထုတ္ၿပီး အသင္းက တန္ျပန္တိုက္စစ္နဲ႔ ဘန္ေလ အသင္းဘက္ကို အလ်င္အျမန္ကစားခဲ့တာျဖစ္ပါတယ္။ဒီအခ်ိန္မွာ မန္ခ်က္စတာယူနိုက္တက္ တိုက္စစ္မႈး ကာဗာနီ ဟာ အပိုင္ကန္သြင္းရမယ့္ အေနအထားကို ေရာက္သြားတဲ့ အခ်ိန္မွာ ဘန္ေလ အသင္းက ဘရာဒီက ဖ်က္ထုတ္ခဲ့ပါတယ္။

ဒိုင္လူႀကီးက ဒီဖ်က္ထုတ္မႈကို အဝါကတ္ျပသခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္ ကစားသမားေတြက တိုက္ရိုက္အနီကတ္ျပဖို႔ ေစာဒကတက္ခဲ့ၾကပါတယ္။အဲဒီအခ်ိန္မွာ ဒိုင္လူႀကီး ကီဗင္ဖရန႔္ က VAR ကို သြားေရာက္ၾကည့္ရႈခဲ့ၿပီး ပြဲကစားဖို႔ (၅)မိနစ္နီးပါးၾကာ ရပ္နားခဲ့ရပါတယ္။VAR ၾကည့္ၿပီးေနာက္မွာ ဘရာဒီ ဟာ အနီကတ္အျပမခံရပဲ မန္ခ်က္စတာယူနိုက္တက္ ေနာက္ခံလူ လုခ္ေရွာ ကို ဒိုင္လူႀကီး က အဝါကတ္ျပသခဲ့ပါတယ္။

အဒီေနာက္ မိနစ္အနည္းငယ္အၾကာမွာ မန္ခ်က္စတာယူနိုက္တက္ အသင္း‌ေခါင္းေဆာင္ မက္ဂြိဳင္းယား က ေခါင္းတိုက္ဂိုးသြင္းယူခဲ့ပါတယ္။မက္ဂြိဳင္းယား က ခုန္ၿပီးေခါင္းတိုက္ရာမွာ ဘန္ေလ ေနာက္ခံလူ ပီတာ ကို ျပစ္ဒဏ္က်ဳးလြန္ခဲ့တယ္ဆိုၿပီး ဒိုင္လူႀကီး VAR ကိုမၾကည့္ခဲ့ပဲ ဂိုးအျဖစ္မသတ္မွတ္ခဲ့တာျဖစ္ပါတယ္။ဒီလိုအျဖစ္အပ်က္ေတြနဲ႔ ပတ္သက္ၿပီး တြစ္တာေပၚမွာ ေဝဖန္မႈေတြဟာ ျမင့္တက္ခဲ့ပါတယ္။ဒုတိယပိုင္းမွာေတာ့ မန္ခ်က္စတာယူနိုက္တက္ အသင္းက ဘန္ေလ အသင္းကို (၁)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရသြားခဲ့ပါတယ္။