အပြာမင်းသမီးကိုမှ အသင်းရဲ့ဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့တဲ့ ဝက်စ်ဟမ်း အသင်း

ဝက်စ်ဟမ်း အသင်းဟာ အပြာမင်းသမီးကြယ်ပွင်းဟောင်း အဗီဗော်လေး ကို ဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။အဗီဗော်လေး ဟာ ဝက်စ်ဟမ်း အသင်းပိုင်ရှင် ဒေးဗစ်ဆူလေဗန် နဲ့ ကာလကြာရှည်လက်တွဲလာခဲ့တာဖြစ်ပြီး အခုအချိန်မှာ အသင်းရဲ့ဘုတ်အဖွဲ့ဝင်ဖြစ်လာတော့မှာပါ။ဝက်စ်ဟမ်း အသင်းဟာ အခုရာသီ နည်းပြ ဒေးဗစ်မိုယက်စ် လက်ထက်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၁၀)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဗော်လေး ရဲ့နာမည်အရင်းကတော့ ဘန်တန်ဟုခ်ျ ဖြစ်ပြီး ဝက်စ်ဟမ်း အသင်း ဘုတ်အဖွဲ့ရဲ့ဒါရိုက်တာအဖြစ်ဆောင်ရွက်တော့မှာဖြစ်ပါတယ်။ဗော်လေး ဟာ (၁၉၉၀) နဲ့ (၂၀၀၀) ပြည့်နှစ် အစောပိုင်းမှာ အပြာဇတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့အပြင် ဒါရိုက်တာအဖြစ်လည်း လုပ်ကိုင်ခဲ့ပါတယ်။သူမဟာ Lesbian Student Nurses နဲ့ Horny Housewives ဇတ်ကား တို့ကို ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့တာပါ။

Page3 မော်‌ဒယ်ဟောင်း ဟာ ဝက်စ်ဟမ်း အသင်း ပူးတွဲပိုင်ရှင် ဆူလေဗန်ရဲ့လက်တွဲဖော်ဖြစ်ပြီး ကလပ်အသင်းရဲ့ဒါရိုက်တာ ဧရိယာမှာ ပုံမှန်တွေ့မြင်နေရတာလည်းဖြစ်ပါတယ်။ဆူလေဗန် ဟာ ပေါင်(၁)ဘီလျံ ကြွယ်ဝချမ်းသာတဲ့ သူဖြစ်ပြီး Sex shop နဲ့ လူကြီးကြိုက် မဂ္ဂဇင်းတွေကို ထုတ်ဝေရောင်းချသူလည်းဖြစ်ပါတယ်။

ဗော်လေး ဟာ ဆူလေဗန် ရဲ့သားဖြစ်သူ ဒေ့ဗ် နဲ့ အတူ ဝက်စ်ဟမ်း အသင်းရဲ့ဒါရိုက်တာအဖြစ် ဆောင်ရွက်ရမှာလည်းဖြစ်ပါတယ်။ဆူလေဗန် ရဲ့နောက်ထပ်သားတစ်ဦးကတော့ ဝက်စ်ဟမ်း အမျိုးသမီး အသင်းမှာ မန်နေဂျင်း ဒါရိုက်တာ အဖြစ် ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

Zawgyi

ဝက္စ္ဟမ္း အသင္းဟာ အျပာမင္းသမီးၾကယ္ပြင္းေဟာင္း အဗီေဗာ္ေလး ကို ဒါရိုက္တာအျဖစ္ ခန႔္အပ္လိုက္ၿပီျဖစ္ပါတယ္။အဗီေဗာ္ေလး ဟာ ဝက္စ္ဟမ္း အသင္းပိုင္ရွင္ ေဒးဗစ္ဆူေလဗန္ နဲ႔ ကာလၾကာရွည္လက္တြဲလာခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာ အသင္းရဲ့ဘုတ္အဖြဲ႕ဝင္ျဖစ္လာေတာ့မွာပါ။ဝက္စ္ဟမ္း အသင္းဟာ အခုရာသီ နည္းၿပ ေဒးဗစ္မိုယက္စ္ လက္ထက္မွာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္(၁၀)ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ေဗာ္ေလး ရဲ့နာမည္အရင္းကေတာ့ ဘန္တန္ဟုခ္် ျဖစ္ၿပီး ဝက္စ္ဟမ္း အသင္း ဘုတ္အဖြဲ႕ရဲ့ဒါရိုက္တာအျဖစ္ေဆာင္ရြက္ေတာ့မွာျဖစ္ပါတယ္။ေဗာ္ေလး ဟာ (၁၉၉၀) နဲ႔ (၂၀၀၀) ျပည့္ႏွစ္ အေစာပိုင္းမွာ အျပာဇတ္ကားေတြမွာ သ႐ုပ္ေဆာင္ခဲ့တဲ့အျပင္ ဒါရိုက္တာအျဖစ္လည္း လုပ္ကိုင္ခဲ့ပါတယ္။သူမဟာ Lesbian Student Nurses နဲ႔ Horny Housewives ဇတ္ကား တို႔ကို ဒါရိုက္တာအျဖစ္ ေဆာင္ရြက္ခဲ့တာပါ။

Page3 ေမာ္‌ဒယ္ေဟာင္း ဟာ ဝက္စ္ဟမ္း အသင္း ပူးတြဲပိုင္ရွင္ ဆူေလဗန္ရဲ့လက္တြဲေဖာ္ျဖစ္ၿပီး ကလပ္အသင္းရဲ့ဒါရိုက္တာ ဧရိယာမွာ ပုံမွန္ေတြ႕ျမင္ေနရတာလည္းျဖစ္ပါတယ္။ဆူေလဗန္ ဟာ ေပါင္(၁)ဘီလ်ံ ႂကြယ္ဝခ်မ္းသာတဲ့ သူျဖစ္ၿပီး Sex shop နဲ႔ လူႀကီးႀကိဳက္ မဂၢဇင္းေတြကို ထုတ္ေဝေရာင္းခ်သူလည္းျဖစ္ပါတယ္။

ေဗာ္ေလး ဟာ ဆူေလဗန္ ရဲ့သားျဖစ္သူ ေဒ့ဗ္ နဲ႔ အတူ ဝက္စ္ဟမ္း အသင္းရဲ့ဒါရိုက္တာအျဖစ္ ေဆာင္ရြက္ရမွာလည္းျဖစ္ပါတယ္။ဆူေလဗန္ ရဲ့ေနာက္ထပ္သားတစ္ဦးကေတာ့ ဝက္စ္ဟမ္း အမ်ိဳးသမီး အသင္းမွာ မန္ေနဂ်င္း ဒါရိုက္တာ အျဖစ္ ေဆာင္ရြက္ေနတာလည္းျဖစ္ပါတယ္။