မန်ချက်စတာယူနိုက်တက် အသင်းဟာ ရီးရယ်လ် အသင်းနောက်ခံလူ ရာမို့စ် ကို (၂)နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။(၂၀၀၅)ထဲက ရီးရယ်လ် အသင်းကို ရောက်ရှိလာတဲ့ ရာမို့စ် နဲ့ စပိန်ကလပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာလည်းဖြစ်ပါတယ်။

ဒါပေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ အခုထိ သဘော တူညီမှုမရသေးတာလည်းဖြစ်ပါတယ်။အဲဒါကြောင့် ရီးရယ်လ် အသင်းရဲ့အသက်(၃၄) နှစ်အရွယ်နောက်ခံလူ ကို မန်ချက်စတာယူနိုက်တက် အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ရီးရယ်လ် အသင်းဟာ ရာမို့စ် ရဲ့တန်ဖိုးကို သိပေမယ့် (၂၀၂၄)အထိ စာချုပ်သက်တမ်းတိုးဖို့ တွန့်စုတ်နေတာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ရာမို့စ် ကို ခေါ်ယူဖို့ စိတ်ဝင်စားတာ ပထမဆုံးအကြိမ်မဟုတ်ခဲ့ပါဘူး။နည်းပြဟောင်း ဗန်ဟားလ် လက်ထက် (၂၀၁၅) ကလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ရာမို့်စ် ကို ခေါ်ယူဖို့ လက်ရှိအချိန်မှာ ပီအက်စ်ဂျီ အသင်းအပြင် အသင်းကြီး အချို့ကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။အဲဒါကြောင့် မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ သူတို့ထက် လက်ဦးမှုရရှိအောင် ကြိုးစားဖို့လိုအပ်နေတာဖြစ်ပါတယ်။

လက်ရှ်ိ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ဗဟိုနောက်ခံလူတွေအဖြစ် မက်ဂွိုင်းယား၊လင်ဒီလောဖ့် တို့ဟာ ပုံမှန်ကစားခွင့်ရနေပြီး တွမ်ဇီဘီနဲ့ ဘိုင်းလီ တို့ ဟာ ဒဏ်ရာကြောင့် ရုန်းကန်နေရတာဖြစ်ပါတယ်။ရာမို့စ် ကို ခေါ်ယူနိုင်ခဲ့ပါက အသင်းရဲ့ခံစစ်ပိုင်းကောင်းမွန်လာမှာဖြစ်တဲ့အပြင် သွင်းဂိုးတွေလည်းရလာမှာဖြစ်ပါတယ်။စပိန်ကစားသမား ဟာ အသင်းရဲ့အဝတ်လဲခန်းမှာ ဩဇာညောင်းတဲ့သူဖြစ်တာကြောင့် မန်ချက်စတာကလပ်အတွက် များစွာအဆင်ပြေမှာလည်းဖြစ်ပါတယ်။
Zawgyi
မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ရီးရယ္လ္ အသင္းေနာက္ခံလူ ရာမို႔စ္ ကို (၂)ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူဖို႔ စဥ္းစားေနတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။(၂၀၀၅)ထဲက ရီးရယ္လ္ အသင္းကို ေရာက္ရွိလာတဲ့ ရာမို႔စ္ နဲ႔ စပိန္ကလပ္တို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ အခုရာသီအကုန္မွာ ကုန္ဆုံးေတာ့မွာလည္းျဖစ္ပါတယ္။
ဒါေပမယ့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အခုထိ သေဘာ တူညီမႈမရေသးတာလည္းျဖစ္ပါတယ္။အဲဒါေၾကာင့္ ရီးရယ္လ္ အသင္းရဲ့အသက္(၃၄) ႏွစ္အရြယ္ေနာက္ခံလူ ကို မန္ခ်က္စတာယူနိုက္တက္ အသင္းက ေခၚယူဖို႔ ပစ္မွတ္ထားလာခဲ့တာျဖစ္ပါတယ္။ရီးရယ္လ္ အသင္းဟာ ရာမို႔စ္ ရဲ့တန္ဖိုးကို သိေပမယ့္ (၂၀၂၄)အထိ စာခ်ဳပ္သက္တမ္းတိုးဖို႔ တြန႔္စုတ္ေနတာလည္းျဖစ္ပါတယ္။
မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ရာမို႔စ္ ကို ေခၚယူဖို႔ စိတ္ဝင္စားတာ ပထမဆုံးအႀကိမ္မဟုတ္ခဲ့ပါဘူး။နည္းျပေဟာင္း ဗန္ဟားလ္ လက္ထက္ (၂၀၁၅) ကလည္း ေခၚယူဖို႔ ႀကိဳးစားခဲ့ပါတယ္။ရာမို႔္စ္ ကို ေခၚယူဖို႔ လက္ရွိအခ်ိန္မွာ ပီအက္စ္ဂ်ီ အသင္းအျပင္ အသင္းႀကီး အခ်ိဳ႕ကလည္း စိတ္ဝင္စားေနတာျဖစ္ပါတယ္။အဲဒါေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ အသင္းအေနနဲ႔ သူတို႔ထက္ လက္ဦးမႈရရွိေအာင္ ႀကိဳးစားဖို႔လိုအပ္ေနတာျဖစ္ပါတယ္။
လက္ရွ္ိ မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ဗဟိုေနာက္ခံလူေတြအျဖစ္ မက္ဂြိဳင္းယား၊လင္ဒီေလာဖ့္ တို႔ဟာ ပုံမွန္ကစားခြင့္ရေနၿပီး တြမ္ဇီဘီနဲ႔ ဘိုင္းလီ တို႔ ဟာ ဒဏ္ရာေၾကာင့္ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။ရာမို႔စ္ ကို ေခၚယူနိုင္ခဲ့ပါက အသင္းရဲ့ခံစစ္ပိုင္းေကာင္းမြန္လာမွာျဖစ္တဲ့အျပင္ သြင္းဂိုးေတြလည္းရလာမွာျဖစ္ပါတယ္။စပိန္ကစားသမား ဟာ အသင္းရဲ့အဝတ္လဲခန္းမွာ ဩဇာေညာင္းတဲ့သူျဖစ္တာေၾကာင့္ မန္ခ်က္စတာကလပ္အတြက္ မ်ားစြာအဆင္ေျပမွာလည္းျဖစ္ပါတယ္။