ယူနိုက်တက်ကစားသမား တစ်ဦးမှ မပါဝင်ခဲ့တဲ့ ဖာဒီနန်ရဲ့ FIFA 21 တစ်နှစ်တာအသင်း

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ရီယိုဖာဒီနန် ရဲ့ဖီဖာတစ်နှစ်တာ အသင်းမှာ ပြိုင်ဘက် လီဗာပူးလ် အသင်းက ကစားသမား (၅)ဦးအထိ ရွေးချယ်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်း ကစားသမားတစ်ဦးမှ ရွေးချယ်ခဲ့ခြင်းမရှိတာကို တွေ့ခဲ့ရပါတယ်။ဒါ့အပြင် ဖာဒီနန် ဟာ ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီကို သူ့ရဲ့အသင်းမှာ ရွေးချယ်ခံခြင်းမရှိတာဖြစ်ပါတယ်။

ရီယို ဖာဒီနန် ဟာ မန်ချက်စတာယူနိုက်တက် ကို စပို့တင်းကနေ ရောက်ရှိလာပြီးထဲက ခြေစွမ်းတွေပြသနေတဲ့ ဘရူနိုဖာနန်ဒက်စ် ကို မရွေးချယ်ခဲ့တာတော့ အံအားသင့်စရာဖြစ်ခဲ့ပါတယ်။ဂိုးသမားနေရာမှာတော့ တည်ငြိမ်တဲ့ လက်စွမ်းရှိတဲ့ လီဗာပူးလ် အသင်းဂိုးသမား အလီဆန်ကို ရွေးခဲ့ပါတယ်။နောက်တန်း(၄)ဦး ရဲ့ဗဟိုနောက်ခံလူတွေအဖြစ် ဗန်‌ဒိုက် နဲ့ ရာမို့စ် ကို ရွေးခဲ့ပါတယ်။

ဘယ်နောက်ခံလူအဖြစ် အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ ညာနောက်ခံလူအဖြစ် အာနိုးလ် ကို ရွေးခဲ့တာပါ။ကွင်းလယ်(၃)ဦးမှာတော့ သီယာဂို၊ ဒီဘရိုင်းနဲ့ ကင်မစ်ရှ် တို့ ကိုရွေးခဲ့ပါတယ်။ရှေ့တန်း (၃)ဦးကတော့ သူ့ရဲ့အသင်းဖော်ဟောင်း စီရော်နယ်ဒို ၊ မာနေး နဲ့ လီဝန်ဒေါစကီး တို့ကို ရွေးချယ်ထားတာဖြစ်ပါတယ်။လီဝန်ဒေါစကီး ကတော့ သွင်းဂိုးတွေ အများအပြားသွင်းယူထားတာကြောင့် သူ့ကို ရွေးချယ်တာ ရှင်းပြဖို့ မလိုဘူးလို့လည်း ရီယိုဖာ‌ဒီနန် က ဆိုခဲ့ပါတယ်။

ရီယိုဖာဒီနန် ဟာ သူ့ရဲ့ဖီဖာ အသင်းကို ဘိုင်ယန်၊လီဗာပူးလ် ကစားသမားအများစုနဲ့ တည် ဆောက်ထားတာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ရှဝိန်းစတိုင်ဂါ ရဲ့ရွေးချယ်မှုမှာတော့ မက်ဆီ နဲ့ စီရော်နယ်ဒို တို့ကို ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ ကစားသမားေဟာင္း ရီယိုဖာဒီနန္ ရဲ့ဖီဖာတစ္ႏွစ္တာ အသင္းမွာ ၿပိဳင္ဘက္ လီဗာပူးလ္ အသင္းက ကစားသမား (၅)ဦးအထိ ေရြးခ်ယ္ခဲ့ေပမယ့္ မန္ခ်က္စတာယူနိုက္တက္ အသင္း ကစားသမားတစ္ဦးမွ ေရြးခ်ယ္ခဲ့ျခင္းမရွိတာကို ေတြ႕ခဲ့ရပါတယ္။ဒါ့အျပင္ ဖာဒီနန္ ဟာ ဘာစီလိုနာ အသင္းေခါင္းေဆာင္ မက္ဆီကို သူ႔ရဲ့အသင္းမွာ ေရြးခ်ယ္ခံျခင္းမရွိတာျဖစ္ပါတယ္။

ရီယို ဖာဒီနန္ ဟာ မန္ခ်က္စတာယူနိုက္တက္ ကို စပို႔တင္းကေန ေရာက္ရွိလာၿပီးထဲက ေျခစြမ္းေတြျပသေနတဲ့ ဘ႐ူနိုဖာနန္ဒက္စ္ ကို မေရြးခ်ယ္ခဲ့တာေတာ့ အံအားသင့္စရာျဖစ္ခဲ့ပါတယ္။ဂိုးသမားေနရာမွာေတာ့ တည္ၿငိမ္တဲ့ လက္စြမ္းရွိတဲ့ လီဗာပူးလ္ အသင္းဂိုးသမား အလီဆန္ကို ေရြးခဲ့ပါတယ္။ေနာက္တန္း(၄)ဦး ရဲ့ဗဟိုေနာက္ခံလူေတြအျဖစ္ ဗန္‌ဒိုက္ နဲ႔ ရာမို႔စ္ ကို ေရြးခဲ့ပါတယ္။

ဘယ္ေနာက္ခံလူအျဖစ္ အယ္လ္ဖြန္ဆိုေဒးဗီးစ္၊ ညာေနာက္ခံလူအျဖစ္ အာနိုးလ္ ကို ေရြးခဲ့တာပါ။ကြင္းလယ္(၃)ဦးမွာေတာ့ သီယာဂို၊ ဒီဘရိုင္းနဲ႔ ကင္မစ္ရွ္ တို႔ ကိုေရြးခဲ့ပါတယ္။ေရွ႕တန္း (၃)ဦးကေတာ့ သူ႔ရဲ့အသင္းေဖာ္ေဟာင္း စီေရာ္နယ္ဒို ၊ မာေနး နဲ႔ လီဝန္ေဒါစကီး တို႔ကို ေရြးခ်ယ္ထားတာျဖစ္ပါတယ္။လီဝန္ေဒါစကီး ကေတာ့ သြင္းဂိုးေတြ အမ်ားအျပားသြင္းယူထားတာေၾကာင့္ သူ႔ကို ေရြးခ်ယ္တာ ရွင္းျပဖို႔ မလိုဘူးလို႔လည္း ရီယိုဖာ‌ဒီနန္ က ဆိုခဲ့ပါတယ္။

ရီယိုဖာဒီနန္ ဟာ သူ႔ရဲ့ဖီဖာ အသင္းကို ဘိုင္ယန္၊လီဗာပူးလ္ ကစားသမားအမ်ားစုနဲ႔ တည္ ေဆာက္ထားတာလည္းျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ ကစားသမားေဟာင္း ရွဝိန္းစတိုင္ဂါ ရဲ့ေရြးခ်ယ္မႈမွာေတာ့ မက္ဆီ နဲ႔ စီေရာ္နယ္ဒို တို႔ကို ခ်န္လွပ္ခဲ့တာျဖစ္ပါတယ္။