ပီအက်စ်ဂျီရောက်မှ နည်းပြဘဝ ပထမဆုံးဆုဖလား ကိုင်ခွင့်ရခဲ့တဲ့ ပိုချက်တီနို

ပီအက်စ်ဂျီ အသင်းကတော့ ပြင်သစ်ဖလား ဗိုလ်လုပွဲမှာ မာဆေးလ် အသင်းကို အနိုင်ရပြီး နှစ်အစမှာပဲ ဆုဖလား တစ်လုံးကိုင်မြှောက်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။ပီအက်စ်ဂျီ အသင်းဟာ ဒီပွဲမှာ မာဆေးလ် အသင်းကို (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဒီပွဲမှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှုး အိုင်ကာဒီ ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပြီး နေမာ ကတော့ အရန်လူစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။မာဆေးလ် အသင်းကလည်း ပါယက်၊ သောင်ဗင် တို့ အပါအဝင် သူတို့ရဲ့အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်ခဲ့ပါတယ်။ပထမပိုင်းမှာတော့ ပီအက်စ်ဂျီ အသင်းဟာ ပွဲချိန်(၃၉)မိနစ်မှာ သွင်းယူခဲ့တဲ့ အိုင်ကာဒီ ရဲ့သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ မာဆေးလ် အသင်းဟာ ချေပဂိုးရဖို့ ပိုမိုကြိုးစားလာခဲ့ပြီး ပီအက်စ်ဂျီ အသင်းကလည်း နေမာ ကိုပါ ထည့်သွင်းလာခဲ့ပါတယ်။ပွဲချိန်(၈၅)မိနစ်မှာ ပီအက်စ်ဂျီ အသင်း ပင်နယ်တီရခဲ့ပြီး နေမာ က အဆုံးသတ်နိုင်ခဲ့ပါတယ်။ပွဲချိန်(၈၉)မိနစ်မှာတော့ ပါယက် က မာဆေးလ် အတွက် ချေပဂိုးသွင်းယူခဲ့ပေမယ့် ပွဲအပြီးမှာ ပီအက်စ်ဂျီ အသင်းက (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုဖလားကို ရရှိသွားခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ပြည်တွင်းဖလားတွေအတွက် နောက်ဆုံးကစားခဲ့တဲ့ ဗိုလ်လုပွဲ (၂၀)မှာ (၁၉)ကြိမ်ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီ အသင်းရဲ့နည်းပြသစ် ပိုချက်တီနို အတွက်လည်း သူ့ရဲ့နည်းပြဘဝ ပထမဆုံးဆုဖလား ကိုင်မြှောက်ခွင့်ရသွားပြီလည်းဖြစ်ပါတယ်။

Zawgyi

ပီအက္စ္ဂ်ီ အသင္းကေတာ့ ျပင္သစ္ဖလား ဗိုလ္လုပြဲမွာ မာေဆးလ္ အသင္းကို အနိုင္ရၿပီး ႏွစ္အစမွာပဲ ဆုဖလား တစ္လုံးကိုင္ေျမႇာက္ခြင့္ရရွိသြားၿပီျဖစ္ပါတယ္။ပီအက္စ္ဂ်ီ အသင္းဟာ ဒီပြဲမွာ မာေဆးလ္ အသင္းကို (၂)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီ အသင္းဟာ ဒီပြဲမွာ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ တိုက္စစ္မႈး အိုင္ကာဒီ ပြဲထြက္လူစာရင္းမွာ ျပန္လည္ပါဝင္လာခဲ့ၿပီး ေနမာ ကေတာ့ အရန္လူစာရင္းမွာ ပါဝင္ခဲ့တာျဖစ္ပါတယ္။မာေဆးလ္ အသင္းကလည္း ပါယက္၊ ေသာင္ဗင္ တို႔ အပါအဝင္ သူတို႔ရဲ့အေကာင္းဆုံးလူစာရင္းနဲ႔ ပြဲထြက္ခဲ့ပါတယ္။ပထမပိုင္းမွာေတာ့ ပီအက္စ္ဂ်ီ အသင္းဟာ ပြဲခ်ိန္(၃၉)မိနစ္မွာ သြင္းယူခဲ့တဲ့ အိုင္ကာဒီ ရဲ့သြင္းဂိုးနဲ႔ ပြဲကို ဦးေဆာင္နိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာ မာေဆးလ္ အသင္းဟာ ေခ်ပဂိုးရဖို႔ ပိုမိုႀကိဳးစားလာခဲ့ၿပီး ပီအက္စ္ဂ်ီ အသင္းကလည္း ေနမာ ကိုပါ ထည့္သြင္းလာခဲ့ပါတယ္။ပြဲခ်ိန္(၈၅)မိနစ္မွာ ပီအက္စ္ဂ်ီ အသင္း ပင္နယ္တီရခဲ့ၿပီး ေနမာ က အဆုံးသတ္နိုင္ခဲ့ပါတယ္။ပြဲခ်ိန္(၈၉)မိနစ္မွာေတာ့ ပါယက္ က မာေဆးလ္ အတြက္ ေခ်ပဂိုးသြင္းယူခဲ့ေပမယ့္ ပြဲအၿပီးမွာ ပီအက္စ္ဂ်ီ အသင္းက (၂)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရၿပီး ခ်န္ပီယံဆုဖလားကို ရရွိသြားခဲ့ပါတယ္။

ပီအက္စ္ဂ်ီ အသင္းဟာ ျပည္တြင္းဖလားေတြအတြက္ ေနာက္ဆုံးကစားခဲ့တဲ့ ဗိုလ္လုပြဲ (၂၀)မွာ (၁၉)ႀကိမ္ဗိုလ္စြဲခဲ့တာျဖစ္ပါတယ္။ပီအက္စ္ဂ်ီ အသင္းရဲ့နည္းျပသစ္ ပိုခ်က္တီနို အတြက္လည္း သူ႔ရဲ့နည္းျပဘဝ ပထမဆုံးဆုဖလား ကိုင္ေျမႇာက္ခြင့္ရသြားၿပီလည္းျဖစ္ပါတယ္။