ဒုတိယတန်း အသင်းကို အရေးနိမ့်ပြီး ပိုကယ်ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ လက်ရှိချန်ပီယံ

ဂျာမန်ပိုကယ်လ်ဖလား ပြိုင်ပွဲရဲ့လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ဒုတိယအဆင့် ပွဲစဉ်မှာ ဒုတိယတန်း အသင်းဖြစ်တဲ့ ဟိုလ်စတိန်းကီရယ်လ် အသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ် အသင်းဟာ ဒီပွဲမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ ဂနာဘရီ၊ ‌ဆာနေး တို့ရဲ့သွင်းဂိုးတွေနဲ့ ဟိုလ်စတိန်းကီရယ်လ် အသင်းကို (၂)ကြိမ်တိုင်တိုင်ဦးဆောင်ခဲ့ပေမယ့် ပထမပိုင်းနဲ့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဒုတိယတန်း အသင်းက ပြန်လည်ချေပဂိုးတွေသွင်းယူခဲ့တာကြောင့် ပွဲချိန်အတွင်း တစ်ဖက်(၂)ဂိုးစီသရေကျခဲ့ပါတယ်။အချိန်ပိုမှာတော့ ဂိုးမသွင်းနိုင်တဲ့ အတွက် ပင်နယ်တီ အဆုံးအဖြတ်ခံယူခြဲရပါတယ်။ပင်နယ်တီ အဆုံးအဖြတ်မှာ ဟိုလ်စတိန်းကီရယ်လ် အသင်းက (၆)ဂိုး-(၅)ဂိုးနဲ့ အနိုင်ရပြီး နောက်တစ်ဆင့်တက်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းအတွက်တော့ အောက်တန်းလိဂ်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရတာဟာ (၂၀၀၄) နောက်ပိုင်း ပထမဆုံးအကြိမ်လည်းဖြစ်ခဲ့ပါတယ်။ဒါ့အပြင် ဘိုင်ယန်မြူးနစ် အသင်းဟာ နောက်ဆုံး(၁၂)နှစ်အတွင်း ပထမဆုံးအကြိမ် အကြိုဗိုလ်လုပွဲ မတက်ရောက်နိုင်တော့တာလည်းဖြစ်ပါတယ်။(၁၉၁၂) က ဂျာမန်ချန်ပီယံ ဟိုလ်စတိန်းကီရယ်လ် အသင်းကတော့ လက်ရှိ ဒုတိယတန်းရဲ့အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဟိုလ်စတိန်းကီရယ်လ် အသင်းဟာ (၁၆)သင်းအဆင့်မှာတော့ ဒရမ်စတက် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီက ဖလား(၃)လုံးရခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းကတော့ ပိုကယ်ဖလားက ထွက်ခဲ့ရပြီးနောက် ဒီနှစ်ရာသီမှာ ဒီလိုမှတ်တမ်းကို ဆက်ထိန်းသိမ်းမယ့် အိမ်မက်ကလည်း ပျက်ပြယ်သွားခဲ့ရပြီဖြစ်ပါတယ်။

Zawgyi

ဂ်ာမန္ပိုကယ္လ္ဖလား ၿပိဳင္ပြဲရဲ့လက္ရွိခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္ အသင္းဟာ ဒီမနက္က ကစားခဲ့တဲ့ ဒုတိယအဆင့္ ပြဲစဥ္မွာ ဒုတိယတန္း အသင္းျဖစ္တဲ့ ဟိုလ္စတိန္းကီရယ္လ္ အသင္းကို အေရးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီျဖစ္ပါတယ္။ဘိုင္ယန္ျမဴးနစ္ အသင္းဟာ ဒီပြဲမွာ ပင္နယ္တီအဆုံးအျဖတ္နဲ႔ အေရးနိမ့္ခဲ့တာလည္းျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ အသင္းဟာ ဂနာဘရီ၊ ‌ဆာေနး တို႔ရဲ့သြင္းဂိုးေတြနဲ႔ ဟိုလ္စတိန္းကီရယ္လ္ အသင္းကို (၂)ႀကိမ္တိုင္တိုင္ဦးေဆာင္ခဲ့ေပမယ့္ ပထမပိုင္းနဲ႔ ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမွာ ဒုတိယတန္း အသင္းက ျပန္လည္ေခ်ပဂိုးေတြသြင္းယူခဲ့တာေၾကာင့္ ပြဲခ်ိန္အတြင္း တစ္ဖက္(၂)ဂိုးစီသေရက်ခဲ့ပါတယ္။အခ်ိန္ပိုမွာေတာ့ ဂိုးမသြင္းနိုင္တဲ့ အတြက္ ပင္နယ္တီ အဆုံးအျဖတ္ခံယူျခဲရပါတယ္။ပင္နယ္တီ အဆုံးအျဖတ္မွာ ဟိုလ္စတိန္းကီရယ္လ္ အသင္းက (၆)ဂိုး-(၅)ဂိုးနဲ႔ အနိုင္ရၿပီး ေနာက္တစ္ဆင့္တက္ခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္ အသင္းအတြက္ေတာ့ ေအာက္တန္းလိဂ္အသင္းကို ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲက ထြက္ခြာခဲ့ရတာဟာ (၂၀၀၄) ေနာက္ပိုင္း ပထမဆုံးအႀကိမ္လည္းျဖစ္ခဲ့ပါတယ္။ဒါ့အျပင္ ဘိုင္ယန္ျမဴးနစ္ အသင္းဟာ ေနာက္ဆုံး(၁၂)ႏွစ္အတြင္း ပထမဆုံးအႀကိမ္ အႀကိဳဗိုလ္လုပြဲ မတက္ေရာက္နိုင္ေတာ့တာလည္းျဖစ္ပါတယ္။(၁၉၁၂) က ဂ်ာမန္ခ်န္ပီယံ ဟိုလ္စတိန္းကီရယ္လ္ အသင္းကေတာ့ လက္ရွိ ဒုတိယတန္းရဲ့အမွတ္ေပးဇယား တတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ဟိုလ္စတိန္းကီရယ္လ္ အသင္းဟာ (၁၆)သင္းအဆင့္မွာေတာ့ ဒရမ္စတက္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ၿပီးခဲ့တဲ့ရာသီက ဖလား(၃)လုံးရခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ အသင္းကေတာ့ ပိုကယ္ဖလားက ထြက္ခဲ့ရၿပီးေနာက္ ဒီႏွစ္ရာသီမွာ ဒီလိုမွတ္တမ္းကို ဆက္ထိန္းသိမ္းမယ့္ အိမ္မက္ကလည္း ပ်က္ျပယ္သြားခဲ့ရၿပီျဖစ္ပါတယ္။