အန်ဖီးလ် မှာ ရက်ရှ်ဖိုဒ့် ပုံပါတဲ့ စာတန်းထားသင့် မထားသင့် ဆွေးနွေးနေတဲ့ လီဗာပူးလ် ပရိသတ်များ

လီဗာပူးလ် ပရိသတ်တွေဟာ အခုတစ်ပတ်မှာ ကစားမယ့် မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ပွဲစဉ်မတိုင်ခင် အန်ဖီးလ်မှာ ရက်ရှ်ဖိုဒ့် ပုံပါတဲ့ စာတန်း ထားသင့် မထားသင့် ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ရက်ရှ်ဖိုဒ့် ဟာ ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း ဗြိတိန်မှာရှိနေတဲ့ ကလေးငယ်တွေ အစားအစားမပြတ်လတ်စေဖို့ အတွက် ကိုယ်တိုင်လုပ်ဆောင်ခဲ့သလို အစိုးရကိုလည်း ဒီလိုမျိုးလုပ်ဖို့ တွန်းအားပေးခဲ့တာဖြစ်ပါတယ်။

အဲ‌‌ဒါကြောင့် ရက်ရှ်ဖို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အန်ဖီးလ်ကွင်းမှာ ပြိုင်ဘက်တိုက်စစ်မှုး စာတန်းကို ထားဖို့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။လီဗာပူးလ် ပရိသတ်တစ်ဦး လီဗာပူးလ် နဲ့ မန်ချက်စတာယူနိုက်တက် တို့ ပွဲမှာ ရက်ရှ်ဖိုဒ့် ပုံပါတဲ့ စာတန်းထားဖို့ စီစဉ်ထားသလားလို့ မေးမြန်းခဲ့ပြီး “ဆာလောင်မှုမှာ အသားအရောင်မရှိဘူး။ကျေးဇူးတင်ပါတယ် မားကတ်စ်” ဆိုပြီး တွစ်တာမှာ ရေးသားခဲ့ပါတယ်။ရက်ရှ်ဖိုဒ့် ဟာ မနေ့ကလည်း ဝန်ကြီးချုပ် ဘိုရစ်ဂျွန်ဆင် ကို စားနပ်ရိက္ခာမလုံလောက်မှုအပေါ် စိုးရိမ်မှုတွေ ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးလ် ပရိသတ်တစ်ချို့ ကတော့ ရက်ရှ်ဖိုဒ့် ပါဝင်တဲ့ ပုံကို အသင်းရဲ့အိမ်ကွင်းမှာ လွှင့်တင်ထားမှာနဲ့ ပတ်သက်ပြီး အပြန်အလှန်တုံပြန်မှုတွေဖြစ်ခဲ့ပါတယ်။လီဗာပူးလ် ပရိသတ်တစ်ဦးကတော့ “အန်ဖီးလ်ကွင်းမှာ ယူနိုက်တက် ကစားသမားတစ်ဦးရဲ့ပုံကို လွှင့်တင်တဲ့နေ့က သူဘောလုံးပွဲကြည့်တာရပ်တဲ့နေ့လို့”ရေးသားခဲ့ပါတယ်။ဒါ့အပြင် အခြား လီဗာပူးလ် ပရိသတ်တွေကလည်း တွစ်တာပေါ်မှာ အငြင်းအခုံတွေဖြစ်ခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ကြားရက်က ကစားခဲ့တဲ့ ဘန်လေ အသင်းနဲ့ ပွဲမှာ အနိုင်ရပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား မှာ ဒုတိယနေရာက လီဗာပူးလ် အသင်းကို (၃)မှတ်ဖြတ်ပြီး ထိပ်ဆုံးနေရာက ဦးဆောင်နေတာဖြစ်ပါတယ်။အဲဒါကြောင့် ဒီတစ်ပတ် ကစားမယ့် ပွဲဟာ အလွန်ကြည့်ကောင်းမယ့် ပွဲလည်းဖြစ်ပါတယ်။

Zawgyi

လီဗာပူးလ္ ပရိသတ္ေတြဟာ အခုတစ္ပတ္မွာ ကစားမယ့္ မန္ခ်က္စတာယူနိုက္တက္ အသင္းနဲ႔ ပြဲစဥ္မတိုင္ခင္ အန္ဖီးလ္မွာ ရက္ရွ္ဖိုဒ့္ ပုံပါတဲ့ စာတန္း ထားသင့္ မထားသင့္ ေဆြးေႏြးမႈေတြျပဳလုပ္ေနတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။ရက္ရွ္ဖိုဒ့္ ဟာ ကိုရိုနာဗိုင္းရပ္စ္ ကာလအတြင္း ၿဗိတိန္မွာရွိေနတဲ့ ကေလးငယ္ေတြ အစားအစားမျပတ္လတ္ေစဖို႔ အတြက္ ကိုယ္တိုင္လုပ္ေဆာင္ခဲ့သလို အစိုးရကိုလည္း ဒီလိုမ်ိဳးလုပ္ဖို႔ တြန္းအားေပးခဲ့တာျဖစ္ပါတယ္။

အဲ‌‌ဒါေၾကာင့္ ရက္ရွ္ဖို႔ကို ဂုဏ္ျပဳတဲ့ အေနနဲ႔ အန္ဖီးလ္ကြင္းမွာ ၿပိဳင္ဘက္တိုက္စစ္မႈး စာတန္းကို ထားဖို႔ ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။လီဗာပူးလ္ ပရိသတ္တစ္ဦး လီဗာပူးလ္ နဲ႔ မန္ခ်က္စတာယူနိုက္တက္ တို႔ ပြဲမွာ ရက္ရွ္ဖိုဒ့္ ပုံပါတဲ့ စာတန္းထားဖို႔ စီစဥ္ထားသလားလို႔ ေမးျမန္းခဲ့ၿပီး “ဆာေလာင္မႈမွာ အသားအေရာင္မရွိဘူး။ေက်းဇူးတင္ပါတယ္ မားကတ္စ္” ဆိုၿပီး တြစ္တာမွာ ေရးသားခဲ့ပါတယ္။ရက္ရွ္ဖိုဒ့္ ဟာ မေန႔ကလည္း ဝန္ႀကီးခ်ဳပ္ ဘိုရစ္ဂၽြန္ဆင္ ကို စားနပ္ရိကၡာမလုံေလာက္မႈအေပၚ စိုးရိမ္မႈေတြ ရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

လီဗာပူးလ္ ပရိသတ္တစ္ခ်ိဳ႕ ကေတာ့ ရက္ရွ္ဖိုဒ့္ ပါဝင္တဲ့ ပုံကို အသင္းရဲ့အိမ္ကြင္းမွာ လႊင့္တင္ထားမွာနဲ႔ ပတ္သက္ၿပီး အျပန္အလွန္တုံျပန္မႈေတြျဖစ္ခဲ့ပါတယ္။လီဗာပူးလ္ ပရိသတ္တစ္ဦးကေတာ့ “အန္ဖီးလ္ကြင္းမွာ ယူနိုက္တက္ ကစားသမားတစ္ဦးရဲ့ပုံကို လႊင့္တင္တဲ့ေန႔က သူေဘာလုံးပြဲၾကည့္တာရပ္တဲ့ေန႔လို႔”ေရးသားခဲ့ပါတယ္။ဒါ့အျပင္ အျခား လီဗာပူးလ္ ပရိသတ္ေတြကလည္း တြစ္တာေပၚမွာ အျငင္းအခုံေတြျဖစ္ခဲ့ၾကပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ၾကားရက္က ကစားခဲ့တဲ့ ဘန္ေလ အသင္းနဲ႔ ပြဲမွာ အနိုင္ရၿပီးေနာက္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား မွာ ဒုတိယေနရာက လီဗာပူးလ္ အသင္းကို (၃)မွတ္ျဖတ္ၿပီး ထိပ္ဆုံးေနရာက ဦးေဆာင္ေနတာျဖစ္ပါတယ္။အဲဒါေၾကာင့္ ဒီတစ္ပတ္ ကစားမယ့္ ပြဲဟာ အလြန္ၾကည့္ေကာင္းမယ့္ ပြဲလည္းျဖစ္ပါတယ္။