ရော်နယ်ဒို ကို ဈေးချိုချို နဲ့ ရမယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တဲ့ ဘာကာဥက္က‌ဌဟောင်း

ဘာစီလိုနာ အသင်းဥက္ကဌဟောင်း လာပေါ်တာ က စီရော်နယ်ဒို ကို မန်ချက်စတာယူနိုက်တက် အသင်းက ခေါ်ယူခြင်းမပြုလုပ်ခင် အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့် ရော်နယ်ဒင်ဟို ကြောင့် ငြင်းပယ်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။(၂၀၀၃) က အသက်(၁၈)နှစ်အရွယ်ရှိ စီရော်နယ်ဒို ဟာ စပို့တင်းလစ္စဘွန်း အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတာလည်းဖြစ်ပါတယ်။ဘာစီလိုနာ အနေနဲ့ စီရော်နယ်ဒို ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် မက်ဆီ နဲ့ ပေါ်တူဂီကစားသမားတို့ဟာ အသင်းဖော်တွေဖြစ်လာမှာဖြစ်ပါတယ်။

လာပေါ်တာ က အဲဒီနွေရာသီတုန်းက အေးဂျင့်တစ်ဦးက စီရော်နယ်ဒို ကို ခေါ်ယူဖို့ ဘာစီလိုနာ အသင်းကို ကမ်းလှမ်းခဲ့တယ်လို့ ပြောပါတယ်။အဲဒီအချိန်မှာ အသင်းကလည်း ရော်နယ်ဒင်ဟို ကို ပီအက်စ်ဂျီ အသင်းကနေ ခေါ်ယူတော့မှာဖြစ်တဲ့ အတွက် ဒီအပြောင်းအရွှေ့ကို ငြင်းပယ်ခဲ့တယ်လို့ ဘာကာဥက္ကဌဟောင်း က ပြောခဲ့တာပါ။လာပေါ်တာ က “‌ကျွန်တော်တို့ ရော်နယ်ဒင်ဟို နဲ့ မားကွတ်စ် တို့ကို လတ်မှတ်ထိုးတော့မှာပါ။မားကွတ်စ် ရဲ့လူတွေက စီရော်နယ်ဒို ကို ကျွန်တော်တို့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်”

“သူက အဲဒီအချိန် စပို့တင်းမှာပဲ ရှိနေပါသေးတယ်။မန်ချက်စတာယူနိုက်တက် ကို ယူရို(၁၉)သန်းနဲ့ ရောင်းချမယ့် ကစားသမားတစ်ဦး ရှိတယ်လို့ အေးဂျင့်တစ်ဦးက ကျွန်တော့်ကို ပြောခဲ့ပါတယ်။ဒါပေမယ့် သူတို့က ကျွန်တော်တို့ကို ယူရို(၁၇)သန်းနဲ့ ရောင်းချမယ်လို့ ပြောခဲ့တယ်။အဲဒီအချိန်က ကျွန်တော်တို့ ဟာ ရော်နယ်ဒင်ဟို အတွက် ရင်းနှီးမြုပ်နှံပြီးပါပြီ။အဲဒါကြောင့် ကျွန်တော်တို့ ငြင်းပယ်ခဲ့ပါတယ်။ဒါနဲ့ ပတ်သက်ပြီး နောင်တမရပါဘူးလို့ “မာကာ နဲ့ တွေ့ဆုံရာမှာ ဆိုခဲ့ပါတယ်။

ရော်နယ်‌ဒင်ဟို ဟာ ဘာစီလိုနာ အတွက်ခြေစွမ်းပြခဲ့ပြီး (၂၀၀၆) က ချန်ပီယံလိဂ်ဖလားရယူခဲ့ကာ ဘောလွန်းဒီအောဆုလည်းရခဲ့ပါတယ်။စီရော်နယ်‌ဒို ကလည်း မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့ခဲ့ပြီး (၂၀၀၈) မှာ ချန်ပီယံလိဂ်ဖလားရယူကာ ဘောလွန်းဒီအောဆု ရခဲ့ပါတယ်။အဲဒီနောက်မှာ စီရော်နယ်ဒို ဟာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရီးရယ်လ် အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ချန်ပီယံလိဂ်ဖလား (၄)ကြိမ် ၊ဘောလွန်းဒီအော (၄)ကြိမ်ရယူနိုင်ခဲ့ပါတယ်။အခုအချိန်မှာတော့ ပေါ်တူဂီ ကစားသမား ဟာ ဂျုဗင်တပ်စ် အသင်းမှာ ခြေစွမ်းပြနေတာဖြစ်ပါတယ်။

Zawgyi

ဘာစီလိုနာ အသင္းဥကၠဌေဟာင္း လာေပၚတာ က စီေရာ္နယ္ဒို ကို မန္ခ်က္စတာယူနိုက္တက္ အသင္းက ေခၚယူျခင္းမျပဳလုပ္ခင္ အသင္းက ေခၚယူဖို႔ ကမ္းလွမ္းခံခဲ့ရေပမယ့္ ေရာ္နယ္ဒင္ဟို ေၾကာင့္ ျငင္းပယ္ခဲ့တယ္လို႔ ေျပာလိုက္ပါတယ္။(၂၀၀၃) က အသက္(၁၈)ႏွစ္အရြယ္ရွိ စီေရာ္နယ္ဒို ဟာ စပို႔တင္းလစၥဘြန္း အသင္းကေန ထြက္ခြာဖို႔ နီးစပ္ေနတာလည္းျဖစ္ပါတယ္။ဘာစီလိုနာ အေနနဲ႔ စီေရာ္နယ္ဒို ကို ေခၚယူနိုင္ခဲ့မယ္ဆိုရင္ မက္ဆီ နဲ႔ ေပၚတူဂီကစားသမားတို႔ဟာ အသင္းေဖာ္ေတြျဖစ္လာမွာျဖစ္ပါတယ္။

လာေပၚတာ က အဲဒီေႏြရာသီတုန္းက ေအးဂ်င့္တစ္ဦးက စီေရာ္နယ္ဒို ကို ေခၚယူဖို႔ ဘာစီလိုနာ အသင္းကို ကမ္းလွမ္းခဲ့တယ္လို႔ ေျပာပါတယ္။အဲဒီအခ်ိန္မွာ အသင္းကလည္း ေရာ္နယ္ဒင္ဟို ကို ပီအက္စ္ဂ်ီ အသင္းကေန ေခၚယူေတာ့မွာျဖစ္တဲ့ အတြက္ ဒီအေျပာင္းအေရႊ႕ကို ျငင္းပယ္ခဲ့တယ္လို႔ ဘာကာဥကၠဌေဟာင္း က ေျပာခဲ့တာပါ။လာေပၚတာ က “‌ကၽြန္ေတာ္တို႔ ေရာ္နယ္ဒင္ဟို နဲ႔ မားကြတ္စ္ တို႔ကို လတ္မွတ္ထိုးေတာ့မွာပါ။မားကြတ္စ္ ရဲ့လူေတြက စီေရာ္နယ္ဒို ကို ကၽြန္ေတာ္တို႔ ေခၚယူဖို႔ ကမ္းလွမ္းခဲ့ပါတယ္”

“သူက အဲဒီအခ်ိန္ စပို႔တင္းမွာပဲ ရွိေနပါေသးတယ္။မန္ခ်က္စတာယူနိုက္တက္ ကို ယူရို(၁၉)သန္းနဲ႔ ေရာင္းခ်မယ့္ ကစားသမားတစ္ဦး ရွိတယ္လို႔ ေအးဂ်င့္တစ္ဦးက ကၽြန္ေတာ့္ကို ေျပာခဲ့ပါတယ္။ဒါေပမယ့္ သူတို႔က ကၽြန္ေတာ္တို႔ကို ယူရို(၁၇)သန္းနဲ႔ ေရာင္းခ်မယ္လို႔ ေျပာခဲ့တယ္။အဲဒီအခ်ိန္က ကၽြန္ေတာ္တို႔ ဟာ ေရာ္နယ္ဒင္ဟို အတြက္ ရင္းႏွီးျမဳပ္ႏွံၿပီးပါၿပီ။အဲဒါေၾကာင့္ ကၽြန္ေတာ္တို႔ ျငင္းပယ္ခဲ့ပါတယ္။ဒါနဲ႔ ပတ္သက္ၿပီး ေနာင္တမရပါဘူးလို႔ “မာကာ နဲ႔ ေတြ႕ဆုံရာမွာ ဆိုခဲ့ပါတယ္။

ေရာ္နယ္‌ဒင္ဟို ဟာ ဘာစီလိုနာ အတြက္ေျခစြမ္းျပခဲ့ၿပီး (၂၀၀၆) က ခ်န္ပီယံလိဂ္ဖလားရယူခဲ့ကာ ေဘာလြန္းဒီေအာဆုလည္းရခဲ့ပါတယ္။စီေရာ္နယ္‌ဒို ကလည္း မန္ခ်က္စတာယူနိုက္တက္ အသင္းကို ေျပာင္းေရႊ႕ခဲ့ၿပီး (၂၀၀၈) မွာ ခ်န္ပီယံလိဂ္ဖလားရယူကာ ေဘာလြန္းဒီေအာဆု ရခဲ့ပါတယ္။အဲဒီေနာက္မွာ စီေရာ္နယ္ဒို ဟာ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ရီးရယ္လ္ အသင္းကို ေျပာင္းေရႊ႕ခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလား (၄)ႀကိမ္ ၊ေဘာလြန္းဒီေအာ (၄)ႀကိမ္ရယူနိုင္ခဲ့ပါတယ္။အခုအခ်ိန္မွာေတာ့ ေပၚတူဂီ ကစားသမား ဟာ ဂ်ဳဗင္တပ္စ္ အသင္းမွာ ေျခစြမ္းျပေနတာျဖစ္ပါတယ္။