အဝါကတ်(၄)ကတ်ပဲ လောင်းပြီး ပေါင်(၁)သောင်းကျော်ရသွားသူ တစ်ဦး

ဘောလုံးပရိသတ်တစ်ဦးကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အဝါကတ်(၄)ကတ်ပြခံရမယ့် ကစားသမားတွေကို လောင်းပြီး ပေါင်(၁၄၂၈၀) ရရှိသွားတယ်လို့ Sportsbible က ဖော်ပြထားပါတယ်။ကိုင်လီသွန်ပဆင် ဆိုသူက သူလောင်းထားတာကို စခရင်ရှော့နဲ့ တွစ်တာမှာ တင်ခဲ့တာဖြစ်ပါတယ်။လူတွေအားလုံးကလည်း ဒါကို အံအားသင့်ခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါသူဟာ ဘန်လေ နဲ့ မန်ချက်စတာယူနိုက်တက် တို့ပွဲမှာ မန်ချက်စတာယူနိုက်တက် နောက်ခံလူ လုပ်ခ်ရှော နဲ့ ဘန်လေ ကစားသမား ဝက်စ်ဝုဒ် တို့ အဝါကတ်ပြားပြသခံရမယ်ဆိုပြီး လောင်းခဲ့တာဖြစ်ပါတယ်။တကယ်လည်း ဒီပွဲစဉ်ရဲ့ပွဲချိန်(၃၂)မိနစ်မှာ လုပ်ခ်ရှော အဝါကတ်ပြားပြသခံရပြီး ဝက်စ်ဝုဒ် က ပွဲချိန်(၆၂)မိနစ်မှာ အဝါကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ဝုလ်ဗ်ဗာဟမ်တန် နဲ့ အဲဗာတန် အသင်းတို့ ပွဲစဉ်မှာလည်း ဝုလ်ဗ်အသင်းက ဆီမီဒို နဲ့ အဲဗာတန် အသင်းက ဒိုကိုရေး တို့ အဝါကတ်ပြသခံရမယ်လို့ လောင်းခဲ့တာဖြစ်ပါတယ်။ဒိုကိုရေး က ပွဲချိန်မိနစ်(၅၀)မှာ အဝါကတ်ပြသခံရပြီး ဆီမီဒို ကတော့ ပွဲချိန်(၈၉)မိနစ်မှာ အဝါကတ်ပြသခံရတာဖြစ်ပါတယ်။သူရဲ့လောင်းတဲ့ပုံဟာ အံဩဖွယ်ဖြစ်ခဲ့ပြီး လောင်းခဲ့တဲ့ ကစားသမားတွေ(၄)ဦးလုံးဟာ အဝါကတ်ထိခဲ့တာလည်းဖြစ်ပါတယ်။

ကိုင်လီ ဟာ 20/1ဆ ,33/1 ဆ (၂)ပွဲကို ပေါင်(၂၀)နဲ့ လောင်းခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ ကိုင်လီ ဟာ ပေါင်(၁၄၂၈၀)ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ပရိသတ်တွေကတော့ ဒါဟာ ရူးသွပ်စရာလောင်းမှုဖြစ်တယ်လို့ အံဩပြီး တွစ်တာပေါ်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။

Zawgyi



