ရီးရယ်လ် အရေးနိမ့်ခဲ့တဲ့ အတွက် အယ်လ်ကလက်စီကို ဗိုလ်လုပွဲမဖြစ်ခဲ့တဲ့ စပိန်စူပါဖလား

ရီးရယ်လ် အသင်းဟာ ဒီမနက်ပိုင်းက စပိန်စူပါဖလား အကြိုဗိုလ်လုပွဲအဖြစ် ဘီလ်ဘာအို အသင်းနဲ့ ကစားခဲ့ရာ (၂)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။အဲဒါကြောင့် ရီးရယ်လ် အသင်းဟာ စပိန်စူပါဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီလည်းဖြစ်ပါတယ်။

ရီးရယ်လ် အသင်းဟာ ဒီပွဲမှာ ဟာဇတ် ကိုလည်း ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ပြီး လူစာရင်း အပြည့်နဲ့ ကစားခဲ့တာလည်းဖြစ်ပါတယ်။ဘီလ်ဘာအို အသင်းကလည်း သူတို့ရဲ့တောင့်တင်းတဲ့ အစုအဖွဲ့နဲ့ ပွဲထွက်ခဲ့တာပါ။ဘီလ်ဘာအို အသင်း ဟာ ဒီပွဲရဲ့ပထမပိုင်းမှာထဲက ရီးရယ်လ် အသင်းကို ဂါစီယာ ရဲ့သွင်းဂိုး(၂)ဂိုးနဲ့ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ရီးရယ်လ် အသင်းဟာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပြီး တောက်လျှောက်ဖိအားပေးခဲ့ ပေမယ့် ဘီလ်ဘာအို အသင်းဂိုးသမား ကာကွယ်နိုင်ခဲ့လို့ ချေပဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ပွဲချိန်(၇၃)မိနစ်မှာ ဘန်ဇီမာ က ချေပဂိုးသွင်းယူခဲ့လို့ ရီးရယ်လ် အသင်း မျှော်လင့်ချက်ရှိလာခဲ့ပါတယ်။ဒါပေမယ့် ဂိုးထပ်မသွင်းနိုင်ခဲ့တာကြောင့် ဘီလ်ဘာအို အသင်းက (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရပြီး စပိန်စူပါဖလား ဗိုလ်လုပွဲတက်နိုင်ခဲ့ပါတယ်။

ဘီလ်ဘာအို အသင်းဟာ ဗိုလ်လုပွဲအဖြစ် ဆိုစီဒက် အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ဘာစီလိုနာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဒီပွဲကို အခုလ(၁၈)ရက် ဆီဗီးလ် မှာ ကစားသွားမှာဖြစ်ပါတယ်။

Zawgyi

ရီးရယ္လ္ အသင္းဟာ ဒီမနက္ပိုင္းက စပိန္စူပါဖလား အႀကိဳဗိုလ္လုပြဲအျဖစ္ ဘီလ္ဘာအို အသင္းနဲ႔ ကစားခဲ့ရာ (၂)ဂိုး-(၁)ဂိုးနဲ႔ အေရးနိမ့္သြားခဲ့ပါတယ္။အဲဒါေၾကာင့္ ရီးရယ္လ္ အသင္းဟာ စပိန္စူပါဖလား ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီလည္းျဖစ္ပါတယ္။

ရီးရယ္လ္ အသင္းဟာ ဒီပြဲမွာ ဟာဇတ္ ကိုလည္း ပြဲထြက္လူစာရင္းမွာ အသုံးျပဳခဲ့ၿပီး လူစာရင္း အျပည့္နဲ႔ ကစားခဲ့တာလည္းျဖစ္ပါတယ္။ဘီလ္ဘာအို အသင္းကလည္း သူတို႔ရဲ့ေတာင့္တင္းတဲ့ အစုအဖြဲ႕နဲ႔ ပြဲထြက္ခဲ့တာပါ။ဘီလ္ဘာအို အသင္း ဟာ ဒီပြဲရဲ့ပထမပိုင္းမွာထဲက ရီးရယ္လ္ အသင္းကို ဂါစီယာ ရဲ့သြင္းဂိုး(၂)ဂိုးနဲ႔ ဦးေဆာင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ရီးရယ္လ္ အသင္းဟာ ေခ်ပဂိုးရဖို႔ ႀကိဳးစားခဲ့ၿပီး ေတာက္ေလၽွာက္ဖိအားေပးခဲ့ ေပမယ့္ ဘီလ္ဘာအို အသင္းဂိုးသမား ကာကြယ္နိုင္ခဲ့လို႔ ေခ်ပဂိုးရဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ပြဲခ်ိန္(၇၃)မိနစ္မွာ ဘန္ဇီမာ က ေခ်ပဂိုးသြင္းယူခဲ့လို႔ ရီးရယ္လ္ အသင္း ေမၽွာ္လင့္ခ်က္ရွိလာခဲ့ပါတယ္။ဒါေပမယ့္ ဂိုးထပ္မသြင္းနိုင္ခဲ့တာေၾကာင့္ ဘီလ္ဘာအို အသင္းက (၂)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရၿပီး စပိန္စူပါဖလား ဗိုလ္လုပြဲတက္နိုင္ခဲ့ပါတယ္။

ဘီလ္ဘာအို အသင္းဟာ ဗိုလ္လုပြဲအျဖစ္ ဆိုစီဒက္ အသင္းကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ အနိုင္ရခဲ့တဲ့ ဘာစီလိုနာ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ဒီပြဲကို အခုလ(၁၈)ရက္ ဆီဗီးလ္ မွာ ကစားသြားမွာျဖစ္ပါတယ္။