ဒီရာသီ EPL မှာ ပင်နယ်တီတွေ ဖယ်လိုက်ရင် ထိပ်ဆုံးက ရပ်တည်နေမယ့် မန်စီးတီး အသင်း

ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပင်နယ်တီတွေ မပါဘူးဆိုရင် မန်စီးတီး အသင်းဟာ လီဗာပူးလ် နဲ့ မန်ချက်စတာယူနိုက်တက် အသင်းအထက်မှာ ရှိနေတယ်လို့ အချက်အလက်တွေက ဖော်ပြလိုက်ပါတယ်။လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းက ဒုတိယနေရာက လီဗာပူးလ် အသင်းကို (၃)မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ အခုတစ်ပတ် အန်ဖီးလ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ကလောပ့် ကတော့ သူ လီဗာပူးလ် အသင်းကို ကိုင်တွယ်နေတဲ့ အချိန်ထဲက အခုဆိုးလ်ရှား မန်ချက်စတာယူနိုက်တက် အသင်းကို ကိုင်တွယ်နေတဲ့ အချိန်လေးအတွင်းမှာတောင် မန်ချက်စတာယူနိုက်တက် က သူတို့ထက် ပင်နယ်တီပိုရနေတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ဒိုင်လူကြီးဟောင်း ကလက်တန်ဘတ် က ကလောပ့် အနေနဲ့ ဟန်ဆောင်အရေခြုံတာတွေကို ရပ်တန့်ဖို့ ပြောခဲ့ပါတယ်။

အခုထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရဆိုရင် လီဗာပူးလ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပင်နယ်တီတွေမပါဘူးဆိုရင် ရမှတ်(၇)မှတ်လျော့ပြီး အဆင့်(၉)နေရာမှာ ရှိနေမယ်လို့ ဆိုထားပါတယ်။မန်ချက်စတာယူနိုက်တက် ကတော့ (၄)မှတ်လျော့နည်းပြီး အဆင့်(၂)နေရာမှာ ရှိနေမယ်လို့ ဖော်ပြပါတယ်။မန်စီးတီး အသင်းကတော့ အခုရနေတဲ့ အမှတ်ထက် (၃)မှတ်ပိုရနေပြီး အဆင့်(၁)နေရာကို ရောက်ရှိနေတာဖြစ်ပါတယ်။

အဲဗာတန် က အဆင့်(၃)၊ လက်စတာ က အဆင့်(၄)နေရာမှာ ရပ်တည်နေပြီး အာဆင်နယ် အသင်းကတော့ အဆင့်(၁၃)နေရာမှာ ရပ်တည်နေတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

Zawgyi

ဒီရာသီ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ ပင္နယ္တီေတြ မပါဘူးဆိုရင္ မန္စီးတီး အသင္းဟာ လီဗာပူးလ္ နဲ႔ မန္ခ်က္စတာယူနိုက္တက္ အသင္းအထက္မွာ ရွိေနတယ္လို႔ အခ်က္အလက္ေတြက ေဖာ္ျပလိုက္ပါတယ္။လက္ရွိအခ်ိန္မွာ မန္ခ်က္စတာယူနိုက္တက္ အသင္းက ဒုတိယေနရာက လီဗာပူးလ္ အသင္းကို (၃)မွတ္ျဖတ္ၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနတာျဖစ္ပါတယ္။

ဒီႏွစ္သင္းဟာ အခုတစ္ပတ္ အန္ဖီးလ္မွာ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ကေလာပ့္ ကေတာ့ သူ လီဗာပူးလ္ အသင္းကို ကိုင္တြယ္ေနတဲ့ အခ်ိန္ထဲက အခုဆိုးလ္ရွား မန္ခ်က္စတာယူနိုက္တက္ အသင္းကို ကိုင္တြယ္ေနတဲ့ အခ်ိန္ေလးအတြင္းမွာေတာင္ မန္ခ်က္စတာယူနိုက္တက္ က သူတို႔ထက္ ပင္နယ္တီပိုရေနတယ္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။ဒိုင္လူႀကီးေဟာင္း ကလက္တန္ဘတ္ က ကေလာပ့္ အေနနဲ႔ ဟန္ေဆာင္အေရျခဳံတာေတြကို ရပ္တန႔္ဖို႔ ေျပာခဲ့ပါတယ္။

အခုထုတ္ျပန္ခဲ့တဲ့ အခ်က္အလက္ေတြအရဆိုရင္ လီဗာပူးလ္ အသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ပင္နယ္တီေတြမပါဘူးဆိုရင္ ရမွတ္(၇)မွတ္ေလ်ာ့ၿပီး အဆင့္(၉)ေနရာမွာ ရွိေနမယ္လို႔ ဆိုထားပါတယ္။မန္ခ်က္စတာယူနိုက္တက္ ကေတာ့ (၄)မွတ္ေလ်ာ့နည္းၿပီး အဆင့္(၂)ေနရာမွာ ရွိေနမယ္လို႔ ေဖာ္ျပပါတယ္။မန္စီးတီး အသင္းကေတာ့ အခုရေနတဲ့ အမွတ္ထက္ (၃)မွတ္ပိုရေနၿပီး အဆင့္(၁)ေနရာကို ေရာက္ရွိေနတာျဖစ္ပါတယ္။

အဲဗာတန္ က အဆင့္(၃)၊ လက္စတာ က အဆင့္(၄)ေနရာမွာ ရပ္တည္ေနၿပီး အာဆင္နယ္ အသင္းကေတာ့ အဆင့္(၁၃)ေနရာမွာ ရပ္တည္ေနတယ္လို႔ ေဖာ္ျပထားတာျဖစ္ပါတယ္။