မက်ဆီ ကို သွင်းဂိုး(၂)ဂိုးခွင့်ပြုခဲ့လို့ ဘီယာ(၂)လုံးရခဲ့တဲ့ ဂျိုးဟတ်

စပါး အသင်းရဲ့ဂိုးသမား ဂျိုးဟတ် ဟာ မက်ဆီ ကို သွင်းဂိုးတွေ ခွင့်ပြုခဲ့လို့ Budweiser က ပေးတဲ့ ဘီယာပုလင်းတွေရရှိခဲ့တယ်လို့ သူ့ရဲ့အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။မက်ဆီ ဟာ ဂန္တဝင်ကစားသမားကြီး ပီလီရဲ့စံချိန်ကို ချိုးဖျက်ပြီး တစ်သင်းထဲအတွက် ဂိုးအများဆုံးသွင်းယူတဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်ပြီးနောက် Budweiser က ဂုဏ်ပြုတဲ့ အစီအစဉ်ပြုလုပ်ခဲ့ပါတယ်။

Budweiser ဟာ မက်ဆီ စံချိန်တင်ခဲ့တဲ့ (၆၄၄)ဂိုး သွင်းယူခြင်းခံခဲ့ရတဲ့ ဂိုးသမားတိုင်းကို ဘီယာပုလင်းတွေ ပို့ပေးခဲ့တာဖြစ်ပါတယ်။ဂိုးသမားတိုင်းက သူတို့ ဘီယာပုလင်းတွေရရှိခဲ့တဲ့ အကြောင်း သူတို့ရဲ့လှုမှုကွန်ယက်မှာ တင်ပြီး မက်ဆီ ကို ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။အခုအချိန်မှာတော့ ဂျိုးဟတ် ကလည်း သူလည်း ဘီယာပုလင်း ရခဲ့ပြီဖြစ်ကြောင်း နဲ့ မက်ဆီ ကို ဂုဏ်ပြုခဲ့ပါတယ်။

ဂျိုးဟတ် ဟာ မန်စီးတီး အသင်းမှာ ကစားတဲ့ အချိန်တုန်းက မက်ဆီ သွင်းယူခဲ့တဲ့ ဂိုး(၂)ဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ဂျိုးဟတ် က “မက်ဆီ ရဲ့သွင်းဂိုးတွေကို ခွင့်ပြုခဲ့တဲ့ အတွက် ဂုဏ်ယူမိပါတယ်။ဒါက ကျွန်တော့်အတွက်တော့ အခွင့်ထူးပါပဲ။သူ့ရဲ့သမိုင်းမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ခွင့်ရခဲ့တဲ့ အတွက် ဂုဏ်ယူစရာပါပဲ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဟာ (၂၀၁၅) က မန်စီးတီး နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ ဂျိုးဟတ် ကို ချီးကျုးမှုတွေပြုလုပ်ခဲ့ပါတယ်။မက်ဆီ က “သူဟာ အရာအားလုံးကို ကာကွယ်နိုင်ခဲ့ပါတယ်။ကျွန်တော်တို့မှာ အလွန်ရှင်းလင်းတဲ့ အခွင့် အရေးတွေအများကြီး ရှိခဲ့ပေမယ့် ဂိုးသမား က အလွန်ကောင်းမွန်ခဲ့ပါတယ်။ကျွန်တော်တို့က သူ့ကိုသာ ဂုဏ်ပြုပါတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

Zawgyi

စပါး အသင္းရဲ့ဂိုးသမား ဂ်ိဳးဟတ္ ဟာ မက္ဆီ ကို သြင္းဂိုးေတြ ခြင့္ျပဳခဲ့လို႔ Budweiser က ေပးတဲ့ ဘီယာပုလင္းေတြရရွိခဲ့တယ္လို႔ သူ႔ရဲ့အင္စတာဂရမ္မွာ တင္ခဲ့ပါတယ္။မက္ဆီ ဟာ ဂႏၲဝင္ကစားသမားႀကီး ပီလီရဲ့စံခ်ိန္ကို ခ်ိဳးဖ်က္ၿပီး တစ္သင္းထဲအတြက္ ဂိုးအမ်ားဆုံးသြင္းယူတဲ့ ကစားသမားအျဖစ္ စံခ်ိန္သစ္တင္ၿပီးေနာက္ Budweiser က ဂုဏ္ျပဳတဲ့ အစီအစဥ္ျပဳလုပ္ခဲ့ပါတယ္။

Budweiser ဟာ မက္ဆီ စံခ်ိန္တင္ခဲ့တဲ့ (၆၄၄)ဂိုး သြင္းယူျခင္းခံခဲ့ရတဲ့ ဂိုးသမားတိုင္းကို ဘီယာပုလင္းေတြ ပို႔ေပးခဲ့တာျဖစ္ပါတယ္။ဂိုးသမားတိုင္းက သူတို႔ ဘီယာပုလင္းေတြရရွိခဲ့တဲ့ အေၾကာင္း သူတို႔ရဲ့လႈမႈကြန္ယက္မွာ တင္ၿပီး မက္ဆီ ကို ဂုဏ္ျပဳခဲ့တာျဖစ္ပါတယ္။အခုအခ်ိန္မွာေတာ့ ဂ်ိဳးဟတ္ ကလည္း သူလည္း ဘီယာပုလင္း ရခဲ့ၿပီျဖစ္ေၾကာင္း နဲ႔ မက္ဆီ ကို ဂုဏ္ျပဳခဲ့ပါတယ္။

ဂ်ိဳးဟတ္ ဟာ မန္စီးတီး အသင္းမွာ ကစားတဲ့ အခ်ိန္တုန္းက မက္ဆီ သြင္းယူခဲ့တဲ့ ဂိုး(၂)ဂိုးကို ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ဂ်ိဳးဟတ္ က “မက္ဆီ ရဲ့သြင္းဂိုးေတြကို ခြင့္ျပဳခဲ့တဲ့ အတြက္ ဂုဏ္ယူမိပါတယ္။ဒါက ကၽြန္ေတာ့္အတြက္ေတာ့ အခြင့္ထူးပါပဲ။သူ႔ရဲ့သမိုင္းမွာ အစိတ္အပိုင္းတစ္ခုအေနနဲ႔ ပါဝင္ခြင့္ရခဲ့တဲ့ အတြက္ ဂုဏ္ယူစရာပါပဲ”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

မက္ဆီ ဟာ (၂၀၁၅) က မန္စီးတီး နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္အၿပီးမွာ ဂ်ိဳးဟတ္ ကို ခ်ီးက်ဳးမႈေတြျပဳလုပ္ခဲ့ပါတယ္။မက္ဆီ က “သူဟာ အရာအားလုံးကို ကာကြယ္နိုင္ခဲ့ပါတယ္။ကၽြန္ေတာ္တို႔မွာ အလြန္ရွင္းလင္းတဲ့ အခြင့္ အေရးေတြအမ်ားႀကီး ရွိခဲ့ေပမယ့္ ဂိုးသမား က အလြန္ေကာင္းမြန္ခဲ့ပါတယ္။ကၽြန္ေတာ္တို႔က သူ႔ကိုသာ ဂုဏ္ျပဳပါတယ္”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။