မန်ချက်စတာယူနိုက်တက် အသင်းတိုက်စစ်မှုး ရက်ရှ်ဖိုဒ့် ကတော့ လီဗာပူးလ် နဲ့ မန်စီးတီး အသင်းတွေဘက်ကို ဂိုးသွင်းတာထက် ပိုကောင်းတဲ့ ပွဲဆိုတာမရှိတော့ဘူးလို့ ပြောလိုက်ပါတယ်။မန်ချက်စတာယူနိုက်တက် ဟာ ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးလ် အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင် ရက်ရှ်ဖို့က အခုလိုပြောခဲ့တာပါ။လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းက ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာမှာရှိနေပြီး လီဗာပူးလ် က ဒုတိယနေရာမှာ ရှိနေတာကြောင့် ဒီပွဲက အကြိတ်အနယ်ရှိမှာ သေချာပါတယ်။

ရက်ရှ်ဖိုဒ့် ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပွဲထွက်ခွင့်ရထဲက အသင်းကြီးတွေနဲ့ ကစားခဲ့ရတဲ့ ပွဲတွေမှာဆိုရင် ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူနိုင်ဝာာဖြစ်ပါတယ်။ရက်ရှ်ဖိုဒ့် ဟာ ဒီထဲမှာ မန်စီးတီး အသင်းဘက်ကို (၄)ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ လီဗာပူးလ် အသင်းဘက်ကို (၃)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ရက်ရှ်ဖိုဒ့် ဟာ လီဗာပူးလ် အသင်းကို အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ (၂၀၁၈) မတ်လကဆိုရင် အသင်းအတွက် (၂)ဂိုးလုံးကို လှလှပပ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖိုဒ့် က “လီဗာပူးလ် နဲ့ မန်စီးတီး အသင်းဘက်ကို ဂိုးသွင်းရတာထက် ပိုကောင်းတဲ့ ပွဲဆိုတာမရှိတော့ပါဘူး”လို့ ပြုံးပြီးဖြေဆိုခဲ့ပါတယ်။”မန်ချက်စတာမှာရှိတဲ့ ကလေးအတွက် သာယာတယ်ဆိုတာတော့ မရှိပါဘူး။ဒါဟာ ကျွန်တော်သေချာပေါက်မျှော်လင့်နေတဲ့ ပွဲပါ။ကျွန်တော်တို့ အဲဒီကို သွားပြီး အနိုင်ရမယ်လို့ မျှော်လင့်ကြောင်း” ဆိုခဲ့ပါတယ်။

အသက်(၂၃)နှစ်အရွယ်ကစားသမား ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၂၈)ပွဲကစားထားပြီး (၁၄)ဂိုးသွင်းယူကာ ခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူးလ် အသင်းတို့ ဟာ ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး လာမယ့်အပတ်မှာတော့ အက်ဖ်အေဖလား ပွဲစဉ်အဖြစ် ထပ်မံတွေ့ဆုံရမှာလည်းဖြစ်ပါတယ်။
Zawgyi
မန္ခ်က္စတာယူနိုက္တက္ အသင္းတိုက္စစ္မႈး ရက္ရွ္ဖိုဒ့္ ကေတာ့ လီဗာပူးလ္ နဲ႔ မန္စီးတီး အသင္းေတြဘက္ကို ဂိုးသြင္းတာထက္ ပိုေကာင္းတဲ့ ပြဲဆိုတာမရွိေတာ့ဘူးလို႔ ေျပာလိုက္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ ဟာ ဒီတစ္ပတ္မွာ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ လီဗာပူးလ္ အသင္းနဲ႔ ကစားရမွာျဖစ္ၿပီး ဒီပြဲမတိုင္ခင္ ရက္ရွ္ဖို႔က အခုလိုေျပာခဲ့တာပါ။လက္ရွိအခ်ိန္မွာ မန္ခ်က္စတာယူနိုက္တက္ အသင္းက ပရီးမီးယားလိဂ္ ထိပ္ဆုံးေနရာမွာရွိေနၿပီး လီဗာပူးလ္ က ဒုတိယေနရာမွာ ရွိေနတာေၾကာင့္ ဒီပြဲက အႀကိတ္အနယ္ရွိမွာ ေသခ်ာပါတယ္။
ရက္ရွ္ဖိုဒ့္ ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ ပြဲထြက္ခြင့္ရထဲက အသင္းႀကီးေတြနဲ႔ ကစားခဲ့ရတဲ့ ပြဲေတြမွာဆိုရင္ ေျခစြမ္းျပၿပီး ဂိုးေတြသြင္းယူနိုင္ဝာာျဖစ္ပါတယ္။ရက္ရွ္ဖိုဒ့္ ဟာ ဒီထဲမွာ မန္စီးတီး အသင္းဘက္ကို (၄)ဂိုးသြင္းယူနိုင္ခဲ့ၿပီး၊ လီဗာပူးလ္ အသင္းဘက္ကို (၃)ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။ရက္ရွ္ဖိုဒ့္ ဟာ လီဗာပူးလ္ အသင္းကို အိမ္ကြင္းမွာ အနိုင္ရခဲ့တဲ့ (၂၀၁၈) မတ္လကဆိုရင္ အသင္းအတြက္ (၂)ဂိုးလုံးကို လွလွပပ သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။
ရက္ရွ္ဖိုဒ့္ က “လီဗာပူးလ္ နဲ႔ မန္စီးတီး အသင္းဘက္ကို ဂိုးသြင္းရတာထက္ ပိုေကာင္းတဲ့ ပြဲဆိုတာမရွိေတာ့ပါဘူး”လို႔ ျပဳံးၿပီးေျဖဆိုခဲ့ပါတယ္။”မန္ခ်က္စတာမွာရွိတဲ့ ကေလးအတြက္ သာယာတယ္ဆိုတာေတာ့ မရွိပါဘူး။ဒါဟာ ကၽြန္ေတာ္ေသခ်ာေပါက္ေမၽွာ္လင့္ေနတဲ့ ပြဲပါ။ကၽြန္ေတာ္တို႔ အဲဒီကို သြားၿပီး အနိုင္ရမယ္လို႔ ေမၽွာ္လင့္ေၾကာင္း” ဆိုခဲ့ပါတယ္။
အသက္(၂၃)ႏွစ္အရြယ္ကစားသမား ဟာ ဒီရာသီမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ (၂၈)ပြဲကစားထားၿပီး (၁၄)ဂိုးသြင္းယူကာ ေျခစြမ္းျပေနတာလည္းျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ နဲ႔ လီဗာပူးလ္ အသင္းတို႔ ဟာ ဒီတစ္ပတ္မွာ ပရီးမီးယားလိဂ္ ပြဲစဥ္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး လာမယ့္အပတ္မွာေတာ့ အက္ဖ္ေအဖလား ပြဲစဥ္အျဖစ္ ထပ္မံေတြ႕ဆုံရမွာလည္းျဖစ္ပါတယ္။