အကောင်းဆုံးစွမ်းဆောင်နိုင်သေးတယ်ဆိုတာကို သက်သေပြခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း

အင်တာမိုင်ယာမီ အသင်းရဲ့ပိုင်ရှင်ဖြစ်သူ ဒေးဗစ်ဘက်ခမ်း ဟာ အသင်းအကယ်ဒမီ က ကစားသမားတွေနဲ့ အတူ လေ့ကျင့်မှု‌တွေပြုလုပ်ခဲ့ပြီး သူအကောင်းဆုံးလုပ်နိုင်သေးတယ်ဆိုတာ သက်သေပြလိုက်ပါတယ်။အသက်(၄၅)နှစ်အရွယ်ရှိ ဒေးဗစ်ဘက်ခမ်း ဟာ လေ့ကျင့်ရေးအစီအစဉ်ပြုလုပ်ခဲ့ပြီး သူနဲ့ အဖွဲ့တွေကြား ပြိုင်ပွဲတွေပါ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်း ဟာ လေ့ကျင့်ရေးအစီအစဉ်မှာ လူငယ်ကစားသမားတွေကို လှလှပပဂိုးတစ်ဂိုးသွင်းယူသွားခဲ့ပါတယ်။သူဟာ ဂိုးသွင်းပြီးအချိန်မှာ ကင်မရာဘက်ကို လက်ညိုးထိုးကာ ရယ်မောနေခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ဒေးဗစ်ဘက်ခမ်း က သူဟာ ညာတောင်ပံမှာ အလုပ်လုပ်နိုင်ဆဲဖြစ်တယ်ဆိုတာကို လူအများအပြားကို သက်သေပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်း က သူသွင်းယူခဲ့တဲ့ ဂိုးနဲ့ အတူ အင်စတာဂရမ်မှာ “အကယ်ဒမီကစားသမားတွေနဲ့ ပူးပေါင်းရတာကို နှစ်သက်ပြီး ဒါဟာ ကျွန်တော့်ရဲ့မန်ချက်စတာယူနိုက်တက် အစောပိုင်းနေ့ရက်တွေကို သတိရစေပါတယ်။ကျွန်တော်တို့ရဲ့ဘောလုံးအသင်းမှာ လူငယ်ကစားသမားဖွံဖြိုးတိုးတက်မှုဟာ ကျွန်တော်တို့ရဲ့အနာဂတ်အတွက် အလွန်အရေးကြီးပါတယ်”လို့ ရေးသားထားပါတယ်။

‌ကမ္ဘာကျော် ဘောလုံးသမားဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတူ အောင်မြင်မှုတွေ အများကြီးရရှိခဲ့ပြီး၊ ရီးရယ်လ်၊ အေစီမီလန် ၊ဂလက်ဇီ နဲ့ ပီအက်စ်ဂျီ အသင်းတွေမှာ ကစားခဲ့ပြီး ကစားသမားဘဝအဆုံးသတ်ခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

အင္တာမိုင္ယာမီ အသင္းရဲ့ပိုင္ရွင္ျဖစ္သူ ေဒးဗစ္ဘက္ခမ္း ဟာ အသင္းအကယ္ဒမီ က ကစားသမားေတြနဲ႔ အတူ ေလ့က်င့္မႈ‌ေတြျပဳလုပ္ခဲ့ၿပီး သူအေကာင္းဆုံးလုပ္နိုင္ေသးတယ္ဆိုတာ သက္ေသျပလိုက္ပါတယ္။အသက္(၄၅)ႏွစ္အရြယ္ရွိ ေဒးဗစ္ဘက္ခမ္း ဟာ ေလ့က်င့္ေရးအစီအစဥ္ျပဳလုပ္ခဲ့ၿပီး သူနဲ႔ အဖြဲ႕ေတြၾကား ၿပိဳင္ပြဲေတြပါ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ေဒးဗစ္ဘက္ခမ္း ဟာ ေလ့က်င့္ေရးအစီအစဥ္မွာ လူငယ္ကစားသမားေတြကို လွလွပပဂိုးတစ္ဂိုးသြင္းယူသြားခဲ့ပါတယ္။သူဟာ ဂိုးသြင္းၿပီးအခ်ိန္မွာ ကင္မရာဘက္ကို လက္ညိဳးထိုးကာ ရယ္ေမာေနခဲ့တာကို ေတြ႕ျမင္ခဲ့ရပါတယ္။ေဒးဗစ္ဘက္ခမ္း က သူဟာ ညာေတာင္ပံမွာ အလုပ္လုပ္နိုင္ဆဲျဖစ္တယ္ဆိုတာကို လူအမ်ားအျပားကို သက္ေသျပနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ေဒးဗစ္ဘက္ခမ္း က သူသြင္းယူခဲ့တဲ့ ဂိုးနဲ႔ အတူ အင္စတာဂရမ္မွာ “အကယ္ဒမီကစားသမားေတြနဲ႔ ပူးေပါင္းရတာကို ႏွစ္သက္ၿပီး ဒါဟာ ကၽြန္ေတာ့္ရဲ့မန္ခ်က္စတာယူနိုက္တက္ အေစာပိုင္းေန႔ရက္ေတြကို သတိရေစပါတယ္။ကၽြန္ေတာ္တို႔ရဲ့ေဘာလုံးအသင္းမွာ လူငယ္ကစားသမားဖြံၿဖိဳးတိုးတက္မႈဟာ ကၽြန္ေတာ္တို႔ရဲ့အနာဂတ္အတြက္ အလြန္အေရးႀကီးပါတယ္”လို႔ ေရးသားထားပါတယ္။

‌ကမၻာေက်ာ္ ေဘာလုံးသမားျဖစ္တဲ့ ေဒးဗစ္ဘက္ခမ္းဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းနဲ႔ အတူ ေအာင္ျမင္မႈေတြ အမ်ားႀကီးရရွိခဲ့ၿပီး၊ ရီးရယ္လ္၊ ေအစီမီလန္ ၊ဂလက္ဇီ နဲ႔ ပီအက္စ္ဂ်ီ အသင္းေတြမွာ ကစားခဲ့ၿပီး ကစားသမားဘဝအဆုံးသတ္ခဲ့တာလည္းျဖစ္ပါတယ္။