၂ နှစ်ပြည့်တဲ့အထိ စဉ်းစားလို့မရနိုင်တဲ့ အေတီကိုနဲ့ပွဲက မက်ဆီရဲ့ စကေး

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ စွမ်းရည်အပြည့်ဝဆုံး ကစားသမားတွေထဲကတစ်ဦးဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့ကိစ္စဖြစ်ပြီး ၂၀၁၈ ခုနှစ်တုန်းက အက်သလက်တီကိုမက်ဒရစ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ပြသခဲ့တဲ့ စွမ်းရည်ကတော့ ဒီကနေ့အထိ ဘယ်လိုများ လုပ်သွားသလဲဆိုတာ အဖြေရှာမရသေးပါဘူး။

မက်ဆီဟာ ၎င်းရဲ့ ထူးခြားလွန်းတဲ့ ကစားသမားဘဝသက်တမ်းတလျှောက်လုံး မရေမတွက်နိုင်တဲ့ မှော်ဆန်တဲ့စွမ်းရည်တွေကို ပြသနေခဲ့တာဖြစ်ပြီး ၎င်းရဲ့ မယုံကြည်နိုင်ဖွယ်အကောင်းဆုံးစွမ်းရည်လို့ အငြင်းအခုန်ဖြစ်ခဲ့ရတဲ့ ပြကွက်အကြောင်းကို ၂ နှစ်အကြာမှာ ထပ်ပြီး ငြင်းခုန်ရဦးမှာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ရင်ဆိုင်ဖို့ ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းကို ထွက်ခွာခဲ့ပါတယ်။

ဒီယေဂိုကော်စတာက ၇၇ မိနစ်မှာ အိမ်ကွင်းအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူခဲ့ပြီး ဒမ်ဘီလီက ဘာစီလိုနာအသင်းအတွက် ပွဲပြီးဆုံးခါနီးမှာ တစ်မှတ်ရစေမယ့် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ယင်းပွဲစဉ်မှာ အကောင်းဆုံး ဘောလုံးကို ပေါင်ကြားထဲထည့်တဲ့ပြကွက်တွေထဲက တစ်ခုကို မက်ဆီခဲ့ပြီးနောက် လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

မက်ဆီဟာ ဘောလုံးကို ခေါင်းနဲ့ ခုန်တိုက် ထိန်းသိမ်းခဲ့ပြီးနောက် ပြန်ကျလာတဲ့ဘောလုံးကို ဖိလစ်ပီလူးဝစ္စရဲ့ ပေါင်ကြားထဲကို ကြည့်တောင် မကြည့်ဘဲနဲ့ တန်းထည့်ပြခဲ့တာဖြစ်ပါတယ်။ စစချင်းမှာ မည်သို့မည်ပုံ လုပ်လိုက်သည်မသိဆိုသလိုမျိုး ဖြစ်သွားခဲ့ပေမယ့် ရုပ်သံအနှေးပြကွက်နဲ့ ပြန်လည်ကြည့်ရှုလိုက်တဲ့အချိန်မှာ လက်ဖျားခါရလောက်အောင် လှပသေသပ်တဲ့ မက်ဆီရဲ့ ဘောလုံးစွမ်းရည်ကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်နည်းပြ ဒီယေဂိုဆီမြွန်နီဟာ မက်ဆီနဲ့ မလှမ်းမကမ်းလေးမှာပဲ ရပ်နေခဲ့တာဖြစ်ပြီး ဖိလစ်ပီလူးဝစ္စကို ဘောလုံးဝင်လုဖို့ အော်ဟစ်နေခဲ့ပေမယ့် မက်ဆီအနားကိုလည်းအရောက် ဘောလုံးနဲ့ မက်ဆီပါ လျှပ်တပြက်ဘဲ ပျောက်သွားပြီး အရူးဖြစ်ပြီးသာ ကျန်ခဲ့ရတာဖြစ်ပါတယ်။