ဂါနာတီဗွီရုပ်သံတင်ဆက်သူ အက်က်ဝါဆီဘိုအာဒီ(အာခရိုဘီတိုလို့လည်း လူသိများ)ဟာ ၎င်းရဲ့ ရယ်ရွှင်ဖွယ်ကောင်းတဲ့ အားကစားတင်ဆက်မှုနဲ့ ကမ္ဘာတဝှမ်းက ပရိသတ်တွေကို ပျော်ရွှင်စေခဲ့ပါတယ်။

ဘိုအာဒီဟာ ‘The Real News with Akrobeto’အစီအစဉ်အတွင်း ပရီးမီးယားလိဂ်က ဂိုးရလဒ်တွေကို ကြေညာပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် သင် မျှော်မှန်းထားတဲ့ပုံစံနဲ့တော့ မဟုတ်ခဲ့ပါဘူး။ Gillette Soccer Saturday၊ Final Score နဲ့ BT Sport တို့ဟာ တရားဝင်အချက်အလက်တွေကို အလွန်ရှင်းလင်းပြတ်သားစွာနဲ့ ယူကေမှာ ထုတ်ပြန်ကြေညာကြပါတယ်။
This Ghanaian news presenter reading the football results is incredible pic.twitter.com/MjCH7Syw0b
— Taffin (@i124nk8) November 17, 2020
ဒါပေမယ့် အဲဒါက ဘိုအာဒီရဲ့ စတိုင်လ်တော့ မဟုတ်ခဲ့ပါဘူး။ အဲဒီသတင်းဌာနတွေလို ကြေညာမယ့်အစား အသက် ၅၈ နှစ်အရွယ် ရုပ်သံတင်ဆက်သူဟာ အသင်းနာမည်တွေကို သင် ကြုံဖူးသမျှသတင်းတင်ဆက်သူတွေထဲမှာ စိတ်အားအထက်သန်ဆုံးပုံစံနဲ့ ရွတ်ဖတ်ကြေညာပြခဲ့တာဖြစ်ပါတယ်။
He then reads Seria A and it enters a parallel universe pic.twitter.com/fpP6lr6e8L
— Taffin (@i124nk8) November 17, 2020
ရုပ်သံဖိုင်ထဲမှာ ဘိုအာဒီဟာ ကြာလေကြာလေ အသံပိုကျယ်လောင်စွာနဲ့ သတင်းတွေကို ကြေညာနေတာကို မြင်တွေ့ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်တင်မကဘဲ စီးရီးအေပွဲပြီးရလဒ်တွေကိုပါ ကြေညာပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေဟာ ဘိုအာဒီရဲ့ သတင်းတင်ဆက်မှုကို တုံ့ပြန်ခဲ့ကြပြီး စနေနေ့တိုင်း ၎င်းတို့ရဲ့ တီဗွီဖန်သားပြင်မှာ ဘိုအာဒီကို မြင်တွေ့ရတာကို စိတ်အနှောင့်အယှက်မဖြစ်ဘဲ ရယ်မောပျော်ရွှင်နေကြတာဖြစ်ပါတယ်။
🇪🇸 César Azpilicueta
— Falcons (@Falcons) November 16, 2020
🇫🇷 César Azpilicueta
🇩🇪 César Azpilicueta
🇮🇹 César Azpilicueta
🇬🇧 César Azpilicueta
🦅 … pic.twitter.com/mVwRn6weHH
ဘိုအာဒီဟာ ချယ်ဆီးနောက်ခံကစားသမား ဆီဆာအက်ဇ်ပလီကူတာရဲ့နာမည်ကို ဖတ်တဲ့နေရာမှာ အသံဘယ်လိုထွက်ရမှန်းမသိဘဲ တိုင်ပတ်နေတာကို ကြားရသူတိုင်း ၀ါးလုံးကွဲရယ်မောမိခဲ့ကြပြီး သင်လည်း မရယ်မောဘဲ မနေနိုင်ဘူးဆိုတာ သေချာပါတယ်။