အသက်နဲ့မလိုက်အောင် ကြောက်ဖို့ကောင်းနေတဲ့ ဒေါ့မွန်လူငယ်ကြယ်ပွင့် မိုကိုကို

ဒေါ့မွန်လူငယ်ကြယ်ပွင့် ယူဆွတ်ဖာမိုကိုကိုဟာ ယခုအပတ် ဒေါ့မွန်အသင်းအတွက် ပွဲထွက်ပါဝင်ကစားခွင့်ရလိမ့်မယ်လို့ ပြောဆိုခြင်းခံနေရပြီး ၎င်းရဲ့ ကစားပုံဟာ အသက် ၁၆ နှစ်အရွယ်ကစားသမားတစ်ယောက်အတွက်တော့ ကြောက်မက်ဖွယ်ကောင်းနေခဲ့တာဖြစ်ပါတယ်။

မိုကိုကိုဟာ သောကြာနေ့မှာ အသက် ၁၆ နှစ်ပြည့်မြောက်ခဲ့သူဖြစ်ပြီး ဟာသာဘာလင်အသင်းနဲ့ ကစားရမယ့် လူစီယန်ဖေဗရီရဲ့ ဒေါ့မွန်လူစာရင်းမှာ ရွေးချယ်ခံရဖို့အတွက် အကျုံးဝင်သွားပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ မိုကိုကိုဟာ ၂၀၁၆ ခုနှစ်က စိန့်ပေါ်လီအသင်းကနေ ဒေါ့မွန်ကို ပြောင်းရွှေ့လာပြီးကတည်းက ဒေါ့မွန်လူငယ်အဆင့်မှာ ထိပ်ဆုံးကနေ လွှမ်းမိုးနိုင်ခဲ့သူဖြစ်ပါတယ်။

မိုကိုကိုဟာ အသက် ၁၂ နှစ်အရွယ်မှာ ဒေါ့မွန်ယူ-၁၅ အသင်းအတွက် ၂၀၁၇-၂၀၁၈ ရာသီမှာ ၂၁ ပွဲပါဝင်ကစားပေးခဲ့ပြီး ၃၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ဒေါ့မွန်ယူ-၁၇ အသင်းကို တက်ရောက်နိုင်ခဲ့ပြီး ၂၈ ပွဲကစားခဲ့ရာမှာ သွင်းဂိုး ၅၀ အထိ စံချိန်တင် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကင်မရွန်းနွယ်ဖွားဂျာမန်လူငယ်ကစားသမားဟာ ကြယ်ပွင့်ကစားသမားဖြစ်လာမယ့်သူလို့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းရဲ့ တစ်ကြိုပေးခြင်းခံထားရသူဖြစ်ပါတယ်။ မိုကိုကိုဟာ ၎င်းရဲ့အသက် ၁၅ နှစ်ပြည့်မွေးနေ့တုန်းက လက်ဆောင်ပို့ပေးခဲ့တဲ့ လီယွန်နယ်မက်ဆီကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားသူဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်အတိုင်း တထပ်တည်း ခြေရာလိုက်နင်းပြီး ဘလွန်းဒီအော်ဆုကို ရရှိချင်နေတာဖြစ်ပါတယ်။

အသက် ၁၆ နှစ်သားအရွယ် ယူဆွတ်ဖာမိုကိုကိုရဲ့ ကစားပုံက ဘယ်လောက်တောင် ကြောက်မက်စရာကောင်းလဲဆိုတာကို အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။