ယူနိုက်တက်ကို အံ့အားသင့်ဖွယ်ပြောင်းရွှေ့ချင်နေတဲ့ ဘိုင်ယန်အဓိကကစားသမား

ဘိုင်ယန်မြူးနစ်နောက်ခံကစားသမား နစ်ကလပ််စ်ဆူးဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အားနည်းနေတဲ့ခံစစ်ကို အကူအညီပေးချင်နေတယ်လို့ Givemesport က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိအချိန်အထိ ခံစစ်ပိုင်းမှာ ထိပ်တန်းအရည်အသွေး ကင်းမဲ့နေဆဲဖြစ်ပြီး ၎င်းတို့အနေနဲ့ အသင်းကို တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာစေချင်တယ်ဆိုရင်တော့ မျက်နှာသစ်ကစားသမား ၂ ဦးလောက်အထိ ခေါ်ယူဖို့ လိုအပ်နေတာဖြစ်ပါတယ်။

အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားဟာ ယူနိုက်တက်ရဲဲ့ပွဲထွက်ကစားသမားစာရင်းထဲမှာ ပါဝင်ဖို့ ထိုက်တန်ပေမယ့် လင်ဒီလော့ဖ်ပါဝင်နေတဲ့အသင်းက ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိစေနိုင်မယ့် မျှော်လင့်ချက်မျိုး ရှိနိုင်မှာမဟုတ်ပါဘူး။

ဆွီဒင်လက်ရွေးစင်နောက်ခံကစားသမားဟာ ကောင်းသင့်သလောက် မကောင်းရုံတင်မကဘဲ အာရုံစူးစိုက်မှု ပုံမှန်ပျောက်ဆုံးနေမှုကြောင့် ယူနိုက်တက်ဟာ အကြိမ်ပေါင်းများစွာ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။ ဂျာမန်လက်ရွေးစင်နောက်ခံကစားသမား နစ်ကလပ်စ်ဆူးက မန်ချက်စတာယူနိုက်တက်အသင်းအတွက် အနာဂတ်မှာ ကစားပေးနိုင်ဖို့အတွက် အိပ်မက်မက်နေတယ်လို့ သိရပါတယ်။

ကမ္ဘာပေါ်က အကြီးမားဆုံးအသင်းတွေထဲက တစ်သင်းအတွက် ကစားပေးနေရပေမယ့်လည်း ဘိုင်ယန်မြူးနစ်နောက်ခံကစားသမားဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ Sport Bild ရဲ့ဘောလုံးအယ်ဒီတာချုပ် ခရစ်ရှန်ဖော့ခ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ၂၀၁၉-၂၀၂၀ ရာသီအစမှာ ပြင်းထန်တဲ့ဒူးဒဏ်ရာရရှိခဲ့ပေမယ့်လည်း နစ်ကလပ်စ်ဆူးဟာ ကမ္ဘာ့ထိပ်တန်းနောက်ခံကစားသမားတွေထဲက တစ်ဦးအဖြစ် အများစုရဲ့ ရှုမြင်ခြင်းကို ခံထားရဆဲဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ဘိုင်ယန်နောက်တန်းရဲ့ အဓိကကစားသမားအဖြစ် ၂၀၁၈-၂၀၁၉ ရာသီကတည်းက ကစားပေးခဲ့တာဖြစ်ပြီး ဂျာမနီလက်ရွေးစင်အသင်းရဲ့ ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းမှာလည်း နေရာအခိုင်အမာရရှိထားတဲ့ကစားသမားဖြစ်ပါတယ်။