မန်စီးတီးနဲ့စပါးပွဲမတိုင်မီ နပမ်းလုံးခဲ့ကြတဲ့ ဂျိုးဟတ်နဲ့ ဂျွန်စတုန်း

ဂျိုးဟတ်နဲ့ ဂျွန်စတုန်းတို့ဟာ စနေနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာစီးတီးတို့ ပွဲစဉ်မတိုင်မီ နပမ်းလုံးနေခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။

မန်ချက်စတာစီးတီးနဲ့ စပါးတို့ဟာ အင်္ဂလန်လက်ရွေးစင်အသင်းတာဝန် ပျက်ကွက်ခဲ့တဲ့ စတားလင်းအကြောင်းကို မော်ရင်ဟိုက ခနဲ့တဲ့တဲ့မှတ်ချက်ချခဲ့ပြီးနောက် တော့တင်ဟမ်ဟော့စပါးကွင်းမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဂျိုးဟတ်နဲ့ ဂျွန်စတုန်းတို့ကြားက ချစ်ခြင်းတရားက ပျောက်ဆုံးနေခဲ့ခြင်းမရှိဘဲ အင်္ဂလန်နဲ့ မန်စီးတီးအသင်းဖော်ဟောင်း ၂ ဦးဟာ သူမတူတဲ့နည်းလမ်းနဲ့ ပွေ့ဖက်နှုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။

စပါးဂိုးသမား ဂျိုးဟတ်ဟာ ဂျွန်စတုန်းကို ၎င်းရဲ့ ခြေထောက်နဲ့ ညှပ်ပြီး ဆွဲလှဲဖို့ ကြိုးပမ်းခဲ့တာဖြစ်ပေမယ့် ဂျွန်စတုန်းကတော့ အဲဒီအကွက်ကို ရှောင်လိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းနဲ့ ဂျိုးဟတ်တို့ရဲ့ နပမ်းပွဲမှာ ဘယ်သူမှ အနိုင်မရခဲ့ဘဲ ၎င်းတို့ ၂ ဦးဟာ အချင်းချင်းပွေ့ဖက်နှုတ်ဆက်ပြီးနောက် ဥမင်လျှောက်လမ်းထဲကို ဆင်းသွားခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။

ပရိသတ်တွေဟာ ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘာလုပ်ရမှန်း မသိဖြစ်ခဲ့ကြပြီး အများစုကတော့ ဘောလုံးဝေဖန်သူ ရွိုင်ကိန်းဟာ အကောင်းဆုံးတုံ့ပြန်မှု မဟုတ်ခဲ့တာ ကျိန်းသေတယ်လို့ ပြောကြားခဲ့ကြပါတယ်။

“ဂျွန်စတုန်းနဲ့ ဂျိုးဟတ်တို့ ပွဲကြို နပမ်းပွဲ ချခဲ့ကြတယ်။ ဟိုးအရင်တုန်းက နေ့ရက်တွေတုန်းကအတိုင်းပဲ”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး အခြားပရိသတ်တစ်ဦးကလည်း “ဒီကောင်တွေနဲ့တော့ ခက်ပြီ။ ဂယ်ရီနဗီး ရှမိုက်ကယ်နဲ့ သူ့ညီအရင်းကို လစ်လျူရှုသလိုမျိုး နေသင့်တယ်”လို့ ရေးသားခဲ့ပါတယ်။