ရာစုနှစ်ရဲ့အဆိုးရွားဆုံး Own Goal ကို သွင်းခဲ့တဲ့ လေဗာကူဆင်ဂိုးသမား

ဘိုင်ယန်လေဗာကူဆင်အသင်းဂိုးသမား လူးကပ်စ်ဟီရာဒက်ကီဟာ စနေနေ့က ရာစုနှ်ရဲ့အဆိုးရွားဆုံး Own Goal ကို သွင်းယူမိခဲ့ပါတယ်။

ဟီရာဒက်ကီအတွက် အသင်းဖော်ရဲ့ နောက်ပြန်ပေးပို့ခဲ့တဲ့ဘောလုံးဟာ ရင်ဝကို မှန်မယ့် ကျည်တစ်တောင့်ဆိုတာ မရိပ်မိခဲ့ဘဲ ဘောလုံးကို ကန်တင်ခဲ့ရာမှာ ထိချက်လွဲချော်ပြီး ဂိုးပေါက်ထဲကို တန်းဝင်သွားခဲ့တာဖြစ်ပါတယ်။ ဆလိုဗက်ကီးယားဂိုးသမားဟာ အာမီးနီးယားဘီလက်ဖက်ကို တစ်ဖက် ၁ ဂိုးစီ သရေကျစေမယ့် ချေပဂိုးကို ပေးခဲ့ပြီးနောက် ရှက်လွန်းလို့ မြေကြီးပေါ် ပစ်လှဲချင်နေတဲ့ပုံ ပေါက်နေခဲ့ပါတယ်။

ပြောဖို့မလိုအောင်ပဲ ဟီရာဒက်ကီရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတဲ့ဂိုးဟာ လူမှုကွန်ရက်ပေါ်မှာ ချက်ချင်းပဲ ပွဲဆူသွားခဲ့ပြီး တွစ်တာအသုံးပြုသူတွေက ၀ိုင်းဝန်း လှောင်ပြောင်ခဲ့ကြပါတယ်။

“ဘိုင်ယန်လေဗာကူဆင်ကစားသမား ဟီရာဒက်ကီရဲ့ ရာစုနှစ်ရဲ့အဆိုးရွားဆုံး Own Goal ပဲ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက မှတ်ချက်ချခဲ့ပြီး နောက်ထပ်တစ်ဦးကလည်း “လူးကပ်စ်ဟီရာဒက်ကီက ပြီးခဲ့တဲ့လေဗာကူဆင်ဂိုးသမားဟောင်း ဘာ့ဒ်လီနိုဆီကနေ ထူးဆန်းတဲ့ Own Goal အစဉ်အလာကို ဆက်ပြီး သယ်ဆောင်နေတာပဲ”လို့ ဟာသဖောက်ခဲ့ပါတယ်။