ကလေးဘဝတုန်းက သူငယ်ချင်းနဲ့ မမျှော်လင့်ဘဲ ပြန်ဆုံခဲ့ရတဲ့ မာနေး

လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ပြီးခဲ့တဲ့အပတ်က ၎င်းရဲ့ ကလေးဘဝတုန်းက သူငယ်ချင်းနဲ့ အံ့အားသင့်ဖွယ် ပြန်လည်ဆုံစည်းခဲ့ပါတယ်။

ဂီနီယာကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အာဖရိကဖလားခြေစစ်ပွဲမှာ ဆီနီဂေါအသင်းအတွက် အနိုင်ဂိုးကို မသွင်းယူပေးမီမှာ မာနေးက ၁၇ နှစ်ကြာ ဝေးကွာနေတဲ့ သူငယ်ချင်းဖြစ်သူ ဆိုလိုနဲ့ ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။ မာနေးနဲ့ဆိုလိုတို့ဟာ ဘန်ဘာလီက နောက်ထပ်တစ်ယောက်နဲ့အတူ ဘောလုံးကစားနေကျဖြစ်ပြီး ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့မှာ ရေစက်မကုန်သေးလို့ ပြန်ဆုံခဲ့ကြတာဖြစ်ပါတယ်။

ဆိုလိုဟာ လက်ရှိအချိန်မှာတော့ ဂမ်ဘီယာမှာ ရဲအရာရှိဖြစ်နေပြီဖြစ်ပြီး Estádio Nacional 24 de Setembro ကွင်းမှာ တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။ ဆိုလိုဟာ ဆီနီဂေါရဲအရာရှိတွေကို မာနေး ရောက်လာရင် သတိပေးဖို့အတွက် အကူအညီတောင်းထားခဲ့တာဖြစ်ပြီး မာနေးရောက်လာတဲ့အချိန်မှာတော့ ဆိုလိုက ၎င်းတို့ ကလေးဘဝတုန်းက ဓာတ်ပံကို ပြသခဲ့တာဖြစ်ပါတယ်။

မာနေးဟာ ဆိုလိုကို အခြေအနေတွေအားလုံး သာမန်ပြန်ဖြစ်သွားပြီး ပရိသတ်တွေကို ကွင်းထဲမှာ ပြန်လည်ကြည့်ရှုခွင့်ပေးတဲ့အချိန်ကြရင် ၎င်းရဲ့ပွဲစဉ်ကို လာရောက်ကြည့်ရှုဖို့ အန်းဖီးကို ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။