လက်စတာကို ဂိုးပြတ်ရှုံးပြီးနောက် နောက်တန်းကစားသမားတွေကိုပဲဖြည့်တင်းဖို့ပြင်နေတဲ့မန်စီးတီး

မန်စီးတီး အသင်းဟာ အေဂျက်စ် အသင်းနောက်ခံလူ တာဂလီယာဖီဂို ကို ခေါ်ယူဖို့ တရားဝင်ချဉ်းကပ်မှုတွေပြုလုပ်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။အာဂျင်တီးနားလက်ရွေးစင် ကစားသမား ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက် နဲ့ လက်စတာ အသင်းတို့အပါအဝင် ပရီးမီးယားလိဂ်ကလပ် အသင်းတွေက ချိတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် အသက်(၂၈)နှစ်အရွယ်ကစားသမားကို ခေါ်ယူဖို့ အခြားအင်္ဂလန်ကလပ်အသင်းတစ်သင်းက ကြိုးစားနေတယ်လို့ သတင်းတွေမှာ ဆိုပါတယ်။မန်စီးတီး အသင်းဘယ်နောက်ခံလူဖြစ်တဲ့ ဇင်ချန်ကို ကလည်း အသင်းက ထွက်ခွာဖွယ်ရှိနေတာပါ။အဲဒါကြောင့် မန်စီးတီး အသင်းဟာ ဇင်ချန်ကို အသင်းက ထွက်ခွာခဲ့မယ်ဆိုရင် အေဂျက်စ် ဘယ်နောက်ခံလူကို ခေါ်ယူဖို့ ပြင်ဆင်သွားမှာဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းက ဆိုပါတယ်။

မန်စီးတီး အသင်းဟာ အခုအချိန်မှာ အေဂျက်စ် အသင်းနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး သူတို့နောက်ခံလူကို ပေါင်(၂၃)သန်း ပေးပြီး ခေါ်ယူမယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။တာဂလီယာဖီဂို ဟာ အေဂျက်စ် အသင်းအတွက် ပွဲပေါင်း(၁၀၁) ပွဲပါဝင်ကစားထားပြီး (၁၂)ဂိုးသွင်းယူကာ (၁၅)ဂိုးဖန်တီးမှုပြုလုပ်ထားတာဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ အခုအပြောင်းအရွှေ့မှာ နောက်ခံကစားသမားတွေဖြစ်တဲ့ ဘုန်းမောက် အသင်းက အကီ နဲ့ ဘင်ဖီကာ အသင်းက ရူဘင်ဒီယက်စ် တို့ကို ခေါ်ယူအားဖြည့်ထားတာဖြစ်ပါတယ်။

Zawgyi

မန္စီးတီး အသင္းဟာ ေအဂ်က္စ္ အသင္းေနာက္ခံလူ တာဂလီယာဖီဂို ကို ေခၚယူဖို႔ တရားဝင္ခ်ဥ္းကပ္မႈေတြျပဳလုပ္ဖို႔ စဥ္းစားေနတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။အာဂ်င္တီးနားလက္ေရြးစင္ ကစားသမား ကို ေခၚယူဖို႔ မန္ခ်က္စတာယူနိုက္တက္ နဲ႔ လက္စတာ အသင္းတို႔အပါအဝင္ ပရီးမီးယားလိဂ္ကလပ္ အသင္းေတြက ခ်ိတ္ဆက္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္ အသက္(၂၈)ႏွစ္အရြယ္ကစားသမားကို ေခၚယူဖို႔ အျခားအဂၤလန္ကလပ္အသင္းတစ္သင္းက ႀကိဳးစားေနတယ္လို႔ သတင္းေတြမွာ ဆိုပါတယ္။မန္စီးတီး အသင္းဘယ္ေနာက္ခံလူျဖစ္တဲ့ ဇင္ခ်န္ကို ကလည္း အသင္းက ထြက္ခြာဖြယ္ရွိေနတာပါ။အဲဒါေၾကာင့္ မန္စီးတီး အသင္းဟာ ဇင္ခ်န္ကို အသင္းက ထြက္ခြာခဲ့မယ္ဆိုရင္ ေအဂ်က္စ္ ဘယ္ေနာက္ခံလူကို ေခၚယူဖို႔ ျပင္ဆင္သြားမွာျဖစ္တယ္လို႔ ေဒးလီးေမးလ္ သတင္းက ဆိုပါတယ္။

မန္စီးတီး အသင္းဟာ အခုအခ်ိန္မွာ ေအဂ်က္စ္ အသင္းနဲ႔ ဆက္သြယ္မႈေတြ ျပဳလုပ္ေနတာျဖစ္ၿပီး သူတို႔ေနာက္ခံလူကို ေပါင္(၂၃)သန္း ေပးၿပီး ေခၚယူမယ္လို႔ ေျပာဆိုထားတာျဖစ္ပါတယ္။တာဂလီယာဖီဂို ဟာ ေအဂ်က္စ္ အသင္းအတြက္ ပြဲေပါင္း(၁၀၁) ပြဲပါဝင္ကစားထားၿပီး (၁၂)ဂိုးသြင္းယူကာ (၁၅)ဂိုးဖန္တီးမႈျပဳလုပ္ထားတာျဖစ္ပါတယ္။

မန္စီးတီး အသင္းဟာ အခုအေျပာင္းအေရႊ႕မွာ ေနာက္ခံကစားသမားေတြျဖစ္တဲ့ ဘုန္းေမာက္ အသင္းက အကီ နဲ႔ ဘင္ဖီကာ အသင္းက ႐ူဘင္ဒီယက္စ္ တို႔ကို ေခၚယူအားျဖည့္ထားတာျဖစ္ပါတယ္။