အာသာဖြေတဲ့ ဒီဇူးဘားကို ဝေဟင်မှာ လိင်တံပုံစံ ပျံသန်းပြပြီး အားပေးခဲ့တဲ့ လေယာဉ်မှူးများ

လေယာဉ်မှူး ၂ ဦးဟာ ဝေဟင်မှာ ၎င်းတို့ရဲ့ ခရီးသည်တင်ဂျက်လေယာဉ်ကို ယောကျ်ားလိင်အင်္ဂါပုံစံ ပျံသန်းခဲ့မှုအတွက် စုံစမ်းစစ်ဆေးခြင်းခံနေရတယ်လို့ သိရပါတယ်။

လိင်အင်္ဂါပုံစံ အချိုးအကွေ့တွေကို လေယာဉ်ပျံသန်းမှုခြေရာခံဆော့ဖ်ဝဲလ်မှာ ရိုက်ကူးမိခဲ့တာဖြစ်ပြီး ရုရှားလက်ရွေးစင်အသင်းခေါင်းဆောင်ကို ထူးထူးဆန်းဆန်းအားပေးထောက်ခံခဲ့တာဖြစ်ပါတယ်။

ရုရှားပိုဘီဒါလေကြောင်းလိုင်းရဲ့ အမည်မသိ လေယာဉ်ဝန်ထမ်းက အိပ်ရာထဲမှာ တကိုယ်ရည်အာသာဖြေနေတဲ့ ဗီဒီယိုထွက်ပေါ်လာပြီးနောက် လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ၎င်းတို့ရဲ့နိုင်ငံအသင်းခေါင်းဆောင် အာတန်ဒီဇူးဘားကို ထောက်ခံတဲ့အနေနဲ့ လိင်တံပုံစံဆွဲပြီး လေယာဉ်ကို ပျံသန်းခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့က မော်စကိုမြို့ကနေ ရယ်ခါတာယင်ဘတ်ကို ပျံသန်းခဲ့တဲ့ လေယာဉ်အမှတ် DP407 ဟာ ပျံသန်းနေစဉ်အတွင်း ညစ်ညမ်းတဲ့ပုံစံပေါ်တဲ့ လမ်းကြောင်းအတိုင်း သွားနေတာကို ဗီဒီယိုက ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဖက်ဒရယ်လေကြောင်းပို့ဆောင်ရေးအေဂျင်စီဟာ နက်ဖ်တီကန့်မြို့ ကောင်းကင်ပေါ်က ‘ယဥဆန္ဒပြမှု’နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

သတင်းတွေရဲ့အဆိုရ လေယာဉ်အမှုထမ်းတွေဟာ ရေဒီအချက်ပြကိရိယာကို စစ်ဆေးဖို့ လိုအပ်တာကြောင့် လေထဲမှာ ဆက်တိုက်ရွေ့လျားမှုတွေ ပြုလုပ်ခွင့် တောင်းခံခဲ့တယ်လို့ သိရပါတယ်။ ဘတ်ဂျက်လေကြောင်းလိုင်းဖြစ်တဲ့ ပိုဘီဒါရဲ့ လေယာဉ်ဟာ ရယ်ခါတာယင်ဘတ်ကို သတ်မှတ်ထားတဲ့အချိန်ဇယားထက် မိနစ် ၂၀ နောက်ကျပြီးမှ ဆိုက်ရောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။