ကေစီရစ်စ်ပေါ်တိုက်စစ်မှူး မူဒတ်စီလစ်ဟာ အသင်းဟောင်း ဂလာတာစာရေးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အဆိုးရွားဆုံးပွဲစဉ်ဖြစ်နိုင်ခြေရှိခဲ့ပြီး ပင်နယ်တီပေးခဲ့ရသလို အနီကတ်နဲ့လည်း ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

စီလစ်ဟာ ၂၀၁၈-၂၀၁၉ ရာသီကို ဂလာတာစာရေးအသင်းနဲ့ ကုန်ဆုံးခဲ့သူဖြစ်ပြီး တနင်္ဂလာနေ့မှာ တူရကီစူပါလိဂ်ပွဲစဉ်အဖြစ် အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားတိုင်းက အသင်းဟောင်းကို တစ်ဂိုးလောက် ပြန်သွင်းနိုင်ဖို့အတွက် အိပ်မက်မက်ခဲ့ကြမှာဖြစ်ပြီး ၎င်းတို့ကို ထွက်ခွာခွင့်ပြုခဲ့တာမှားကြောင်း သက်သေပြဖို့ ကြိုးပမ်းခဲ့ကြပေမယ့် အခုဖြစ်ပျက်ခဲ့တာကတော့ တခြားစီပဲဖြစ်ပါတယ်။
Former Galatasaray forward Muğdat Çelik against his old side.
— Marathonbet (@marathonbet) November 23, 2020
He gave away a penalty and got sent off in the second half, on top of this handball 😅
pic.twitter.com/KuV4PTPrzZ
အသက် ၃၀ အရွယ်တိုက်စစ်မှူးဟာ ငိုအားထက်ရယ်အားသန် လက်ထိဘောကို ကျူးလွန်ခဲ့ပြီး အဲဒီအတွက် ပင်နယ်တီပေးခဲ့ရသလို အနီကတ်ပြီးလည်း ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ စီလစ်ဟာ ဘောလုံးကို ရယူဖို့ ကြိုးပမ်းခဲ့ရာမှာ လဲကျသွားခဲ့ပြီး လွတ်ထွက်သွားတော့မယ့် ဘောလုံးကို လက်နဲ့လှမ်းဆွဲခဲ့တာကို ရုပ်သံဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရပြီး အသင်းသားတွေနဲ့ ပရိသတ်တွေကို တောင်းပန်တဲ့အမူအရာ ပြုလုပ်ပြခဲ့တာဖြစ်ပါတယ်။

ပင်နယ်တီကို မူဘေးဒီရာနီက ကန်သွင်းယူပြီး ဂလာတာစာရေးအသင်းက အဖွင့်ဂိုးကို ရရှိသွားခဲ့ပြီး ဂူစတာဗိုကန်ပန်ဟာရိုက ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့် တစ်ဖက် ၁ ဂိုးစီသရေရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ စီလစ်ရဲ့ ဖြစ်ရပ်ဟာ အရမ်းသိသာလွန်းနေပြီး လုပ်ပွဲကစားခဲ့တာဖြစ်နိုင်တယ်လို့ စွပ်စွဲပြောဆိုနေကြပါတယ်။