မန်ချက်စတာယူနိုက်တက် အသင်းဟာ ဖီအိုရင်တီးနား အသင်းတောင်ပံကစားသမား ချီဆာ ကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာကို ပယ်ချခံရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဂျေဒန်ဆန်ချို ကို ခေါ်ယူဖို့ ဖြစ်နိုင်ဖွယ်မရှိတဲ့ အခြေအနေကြောင့် အခြားကစားသမားတွေကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အပြောင်းအရွှေ့ပိတ်ခါနီးရက်ပိုင်းပဲသာ လိုအပ်တော့တဲ့ အချိန်မှာ ကစားသမားသစ်ခေါ်ယူဖို့ အသည်းအသန်ကြိုးစားနေတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုအချိန်မှာ ဘာစီလိုနာ အသင်းက ဒမ်ဘီလီ နဲ့ ဝက်ဖိုဒ့် အသင်းက အစ္စမေးလ်ဆား ကို ခေါ်ယူဖို့ ဖြစ်နိုင်ဖွယ်ပစ်မှတ်အဖြစ် သတ်မှတ်ထားတာပါ။

အိုးထရက်ဖိုဒ့်ကလပ် ဟာ ဖီအိုရင်တီးနား ကစားသမားဖြစ်တဲ့ ချီဆာ ကိုပါ ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သတင်းတွေထပ်မံထွက်ပေါ်လာပါတယ်။ဒါပေမယ့် တယ်လီဂရပ်ရဲ့ဖော်ပြချက်အရ ဖီအိုရင်တီးနား အသင်းဟာ အသက်(၂၂)နှစ်အရွယ်ကစားသမားကို အသင်းကနေ အငှားနဲ့ထွက်ခွာခွင့်ပြုဖို့ စိတ်မဝင်စားဘူးလို့ ဆိုထားပါတယ်။

ချီဆာ ကို ခေါ်ယူဖို့ စီးရီးအေ ချန်ပီယံ ဂျုဗင်တပ်စ် အသင်းကလည်း စိတ်ဝင်စားနေတာဖြစ်ပြီး အပြောင်းအရွှေ့မပိတ်ခင်မှာ ခေါ်ယူဖို့ စီစဉ်နေပါတယ်။ဂျုဗင်တပ်စ် အသင်းဟာ ချီဆာ ကို ပေါင် (၄၅)သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ဖီအိုရင်တီးနား အသင်းနဲ့ (၂၀၂၂) အထိသက်တမ်းရှိနေတဲ့ ချီဆာ ဟာ အခုနှစ်ရာသီမှာ အသင်းအတွက် (၁)ဂိုးသွင်းယူပြီး (၁)ဂိုးဖန်တီးထားတာဖြစ်ပါတယ်။
Zawgyi
မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဖီအိုရင္တီးနား အသင္းေတာင္ပံကစားသမား ခ်ီဆာ ကို အငွားနဲ႔ ေခၚယူဖို႔ ကမ္းလွမ္းခဲ့တာကို ပယ္ခ်ခံရတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ေဂ်ဒန္ဆန္ခ်ိဳ ကို ေခၚယူဖို႔ ျဖစ္နိုင္ဖြယ္မရွိတဲ့ အေျခအေနေၾကာင့္ အျခားကစားသမားေတြကို ေခၚယူဖို႔ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။
မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ အေျပာင္းအေရႊ႕ပိတ္ခါနီးရက္ပိုင္းပဲသာ လိုအပ္ေတာ့တဲ့ အခ်ိန္မွာ ကစားသမားသစ္ေခၚယူဖို႔ အသည္းအသန္ႀကိဳးစားေနတာျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ အခုအခ်ိန္မွာ ဘာစီလိုနာ အသင္းက ဒမ္ဘီလီ နဲ႔ ဝက္ဖိုဒ့္ အသင္းက အစၥေမးလ္ဆား ကို ေခၚယူဖို႔ ျဖစ္နိုင္ဖြယ္ပစ္မွတ္အျဖစ္ သတ္မွတ္ထားတာပါ။
အိုးထရက္ဖိုဒ့္ကလပ္ ဟာ ဖီအိုရင္တီးနား ကစားသမားျဖစ္တဲ့ ခ်ီဆာ ကိုပါ ေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ သတင္းေတြထပ္မံထြက္ေပၚလာပါတယ္။ဒါေပမယ့္ တယ္လီဂရပ္ရဲ့ေဖာ္ျပခ်က္အရ ဖီအိုရင္တီးနား အသင္းဟာ အသက္(၂၂)ႏွစ္အရြယ္ကစားသမားကို အသင္းကေန အငွားနဲ႔ထြက္ခြာခြင့္ျပဳဖို႔ စိတ္မဝင္စားဘူးလို႔ ဆိုထားပါတယ္။
ခ်ီဆာ ကို ေခၚယူဖို႔ စီးရီးေအ ခ်န္ပီယံ ဂ်ဳဗင္တပ္စ္ အသင္းကလည္း စိတ္ဝင္စားေနတာျဖစ္ၿပီး အေျပာင္းအေရႊ႕မပိတ္ခင္မွာ ေခၚယူဖို႔ စီစဥ္ေနပါတယ္။ဂ်ဳဗင္တပ္စ္ အသင္းဟာ ခ်ီဆာ ကို ေပါင္ (၄၅)သန္းနဲ႔ ေခၚယူဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ဖီအိုရင္တီးနား အသင္းနဲ႔ (၂၀၂၂) အထိသက္တမ္းရွိေနတဲ့ ခ်ီဆာ ဟာ အခုႏွစ္ရာသီမွာ အသင္းအတြက္ (၁)ဂိုးသြင္းယူၿပီး (၁)ဂိုးဖန္တီးထားတာျဖစ္ပါတယ္။