ယခုနှစ်အတွက် ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ အားလုံးနဲ့ရင်းနှီးတဲ့မျက်နှာတွေပဲ ပါဝင်လာခဲ့ပြီး ပရိသတ်ရဲ့မဲအများဆုံးရရှိတဲ့ကစားသမားက ဆုရရှိမှာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်ရဲ့ ဖီဖာတစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီဖြစ်ပြီး လီဝန်ဒေါစကီး၊ မက်ဆီ၊ ရော်နယ်ဒို၊ ဆာလာတို့အားလုံးဟာ ဆန်ခါတင်စာရင်းထဲမှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။
🏆 Nominees: #TheBest FIFA Men's Player
— FIFA.com (@FIFAcom) November 25, 2020
🇪🇸 Thiago Alcântara
🇵🇹 Cristiano Ronaldo
🇧🇪 Kevin De Bruyne
🇵🇱 Robert Lewandowski
🇸🇳 Sadio Mane
🇫🇷 Kylian Mbappe
🇦🇷 Lionel Messi
🇧🇷 Neymar
🇪🇸 Sergio Ramos
🇪🇬 Mohamed Salah
🇳🇱 Virgil van Dijk
ℹ️🗳️ https://t.co/fqPa5jbedh pic.twitter.com/nLcUjmdQrd
ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဂျာမန်ကလပ်ကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်အောင် ကူညီပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်က ဆုရရှိခဲ့တဲ့ မက်ဆီရဲ့ နေရာကို သိမ်းပိုက်ဖို့ ရေပန်းအစားဆုံးဖြစ်နေတာဖြစ်ပါတယ်။

ပိုလန်တိုက်စစ်မှူးဟာ ဆန်ခါတင်စာရင်းထဲမှာ ဘိုင်ယန်အသင်းဖော်ဟောင်း အယ်ကန်တာရာနဲ့အတူ ပါဝင်နေသလို လီဗာပူးကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ဗန်ဒိုက်နဲ့ မာနေးတို့ကလည်း ဆာလာနဲ့အတူ ရပ်တည်နေတာဖြစ်ပါတယ်။ မန်စီးတီးရဲ့ ဒီဘရိုင်းကလည်း အကောင်းဆုံးဆုအတွက် ပရီးမီးယားလိဂ်ကြယ်ပွင့်တွေနဲ့အတူ ပါဝင်နေပြီး ရီးရဲမက်ဒရစ်အသင်းကတော့ ပြီးခဲ့တဲ့ရာသီ ၃၄ ကြိမ်မြောက် လာလီဂါဖလားကို ရရှိအောင် ဦးဆောင်ခဲ့တဲ့ ဆာဂျီယိုရာမို့စ်တစ်ဦးတည်းသာ ပါဝင်နေတာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းမှာ တစ်ဦးချင်းကောင်းမွန်တဲ့ နောက်ထပ်ရာသီတစ်ခုကို ပါဝင်ကစားပေးနေပြီးနောက် ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၃ ကြိမ်မြောက် ရရှိဖို့အတွက် မျှော်လင့်နေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့် ၂ ဦးဖြစ်တဲ့ နေမာနဲ့ ဘတ်ပီတို့ကလည်း ပီအက်စ်ဂျီကို ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ပြီးနောက် ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။