သူငယ်ချင်းဖြစ်တဲ့ မာရာဒိုနာအတွက် ကြေကွဲဝမ်းနည်းနေတဲ့ မိုက်တိုင်ဆန်

အာဂျင်တီးနားဂန္တဝင်မာရာဒိုနာဟာ ၎င်းရဲ့အားကစားမှာ အားလုံးထက်ကျော်လွန်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ဆေးရောင်စုံတဲ့ဘဝသက်တမ်းအတွင်း လုပ်ခဲ့တဲ့ ကွင်းပြင်ပက ကိစ္စတွေအများစုကြောင့်လည်း သတင်းခေါင်းစည်းတွေမှာ ဖော်ပြခြင်းခံခဲ့ရသူဖြစ်ပါတယ်။

လက်ရှိမှာတော့ ကမ္ဘာကြီးက အသက် ၆၀ အရွယ်နဲ့ ဗုဒ္ဓဟူးနေ့မှာ ကွယ်လွန်သွားတဲ့ မာရာဒိုနာအတွက် ဝမ်းနည်းပူဆွေးနေရပြီဖြစ်ပြီး မိုက်တိုင်ဆန်ကလည်း ဘောက်ဆင်အားကစားမှာ ဘောလုံးလောကရဲ့မာရာဒိုနာလိုဖြစ်ခဲ့သူဆိုတာ အငြင်းပွားစရာမရှိပါဘူး။ ဒီယေဂိုမာရာဒိုနာလိုပဲ မိုက်တိုင်ဆန်ဟာ ၁၉၈၀ ခုနှစ်တွေမှာ စူပါစတားဖြစ်လာပြီးကတည်းက သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ အမြဲလိုလိုနေရာယူလေ့ရှိခဲ့သူဖြစ်ပါတယ်။

မိုက်တန်ဆန်ကလည်း ၎င်းရဲ့အားကစားမှာ သူများတွေထက် ကျော်လွန်ခဲ့သူဖြစ်ပြီး မာရာဒိုနာနဲ့ မိုက်တန်ဆန်တို့ဟာ အရမ်းခင်မင်ရင်းနှီးကြသူတွေဖြစ်တယ်ဆိုတာ ကြားရရင် အံ့အားသင့်စရာတော့ မဟုတ်လောက်ပါဘူး။ မိုက်တိုင်ဆန်က လူမှုကွန်ရက်မှာ မာရာဒိုနာ ကွယ်လွန်သွားတဲ့ သတင်းတွေကို ဝမ်းနည်းစွာနဲ့ တုံ့ပြန်သွားခဲ့ပါတယ်။

“ဘုရားပေးတဲ့လက်ပိုင်ရှင် မာရာဒိုနာ ကျွန်တော်တို့ကို စွန့်ခွာသွားခဲ့ပြီ။ ၈၆ ခုနှစ်မှာ ကျွန်တော်တို့ ၂ ဦးစလုံး ကျွန်တော်တို့ရဲ့ ချန်ပီယံလိဂ်ရှစ်ကို ရရှိခဲ့တယ်”

“ကျွန်တော််တို့ ၂ ဦးကို သူတို့တွေ နှိုင်းယှဉ်နေကျပါ။ သူက ကျွန်တော့်ရဲ့ဟီးရိုးတွေထဲက တစ်ဦးဖြစ်သလို သူငယ်ချင်းလည်း ဖြစ်ပါတယ်။ သူ့ကို အရမ်းလေးစားပါတယ်”

“သူ့ကို ရင်ထဲမှာ နင့်နေအောင် လွမ်းဆွတ်နေမှာပါ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။