မာရာဒိုနာအတိုင်း သွေးပူလေ့ကျင့်ခန်းပြုလုပ်ပြီး ဂုဏ်ပြုခဲ့တဲ့ တက်ဂ်လီယာဖီကို

အေဂျက်နောက်ခံကစားသမား နီကိုးလတ်စ်တက်ဂ်လီယာဖီကိုဟာ မစ်တီလန်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်အုပ်စု D ပွဲစဉ်မတိုင်မီ ကွယ်လွန်သွားပြီဖြစ်တဲ့ တစ်နိုင်ငံတည်းသား အာဂျင်တီးနားဂန္တဝင်ကို နောက်ဆုံးသွေးပူလေ့ကျင့်ခန်းပြုလုပ်ပြီး ဂုဏ်ပြုခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် အာဂျင်တီးနားနောက်ခံကစားသမားဟာ Live is Life သီချင်းနဲ့ မာရာဒိုနာရဲ့ ဘာလင်က အိုလံပီယာစတေဒီယိုကွင်းထဲမှာ လုပ်ခဲ့တဲ့အတိုင်း ကခုန်ရင်း သွေးပူလေ့ကျင့်ခန်းလုပ်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီး မာရာဒိုနာအတိုင်း ဘောလုံးကို တော့နေခဲ့တာဖြစ်ပါတယ်။

တက်ဂ်လီယာဖီကိုဟာ ဂျိုဟန်ခရိုက်ဖ်ကွင်းထဲမှာ သွေးပူလေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း Live is Life ကို ဖွင့်ထားခဲ့ပြီး ဝမ်းနည်းကြေကွဲနေတဲ့အမူအရာကို ကွင်းအတွင်းက တီဗွီဖန်သားပြင်အကြီးကြီးမှာ တွေ့ခဲ့ရပါတယ်။

ဒီလုပ်ရပ်ဟာ တက်ဂ်လီယာဖီကိုရဲ့ အကောင်းဆုံးဂုဏ်ပြုခြင်းဖြစ်ပြီး ပွဲမစတင်မီ တစ်မိနစ် ငြိမ်သက်ခဲ့ရာမှာလည်း တော်တော်လေးစိတ်ထိခိုက်ဝမ်းနည်းနေတာကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။