မာရာဒိုနာ ကွယ်လွန်သွားတာတောင် အခဲမကြေနိုင်သေးတဲ့ ကျောင်းတော်ကရန်စများ

အာဂျင်တီးနားဂန္တဝင် မာရာဒိုနာဟာ အင်္ဂလန်အသင်းနဲ့ပွဲစဉ်က ဘုရားပေးတဲ့လက်နဲ့ သွင်းယူခဲ့တဲ့ဂိုးဟာ ၎င်းရဲ့ကစားသမားဘဝမှာ အထင်ရှားဆုံးဖြစ်ရပ်တွေထဲကတစ်ခု ဖြစ်ပါတယ်။

ယင်းဂိုးကို သွင်းယူပြီးနောက် မိနစ်အနည်းငယ်အကြာမှာ အာဂျင်တီးနားကြယ်ပွင့် မာရာဒိုနာဟာ နောက်ထပ်ဂိုးကို သွင်းယူခဲ့ပြီး ၁၉၈၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်မှာ ရာစုနှစ်ရဲ့အကောင်းဆုံးဂိုးကို သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ရှုပ်ထွေးနေတဲ့ မာရာဒိုနာရဲ့ သူမတူတဲ့ပါရမီကို ယင်းသွင်းဂိုးက မမြင်နိုင်စေခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပြီး ၎င်းရဲ့အငြင်းပွားဖွယ်အဖွင့်ဂိုးကတော့ ပိုပြီးတော့တောင် မမေ့နိုင်ကောင်းတဲ့အရာဖြစ်ကောင်းဖြစ်ခဲ့တာဖြစ်ပါလိမ့်မယ်။

မာရာဒိုနာဟာ အရပ် ၅ ပေ ၄ လက်မသာ ရှိပေမယ့်လည်း လက်ဆန့်လိုက်ရင်တောင် ဂိုးတိုင်ကျော်တဲ့ အင်္ဂလန်ဂိုးသမား ပီတာရှီတန်ကို လေထဲမှာ အနိုင်ယူပြခဲ့တာဖြစ်ပါတယ်။ ပီတာရှီတန်ဟာ မာရာဒိုနာရဲ့ ကြေကွဲဖွယ်သတင်းကြားပြီးနောက်ပိုင်း ဒေးလီးမေးလ်က သတင်းခေါင်းစဉ်မှာ မာရာဒိုနာ အရမ်းကောင်းတဲ့အကြောင်းရေးဖို့နဲ့ပတ်သက်ပြီး မကြာခဏ ပြောကြားခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရိသတ်အများစုဟာ အသက် ၇၁ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟောင်းက ဘုရားပေးတဲ့လက်ဖြစ်စဉ်ကို အာရုံစိုက်ဖို့ ရွေးချယ်မှုနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့ကြပါတယ်။

“ဒီယေဂိုမာရာဒိုနာဟာ ကြီးမြတ်တဲ့အရည်အသွေးရှိခဲ့ပေမယ့် အားကစားသမားမပီသခဲ့ပါဘူး။ ကျွန်တော့်ဘဝက မာရာဒိုနာနဲ့ပတ်သက်ပြီး ဟိုးအရင်ကတည်းက ဆက်နွယ်မှုတွေရှိခဲ့တာဖြစ်ပြီး ကျွန်တော် ကြိုက်နှစ်သက်တဲ့ပုံစံနဲ့ မဟုတ်ပါဘူး။ သူ ကျွန်တော့်ကို အမြင့်မှာ ဝဲနေတဲ့ ဘောလုံး ယှဉ်လုခဲ့တယ်။ ဒါပေမယ့် သူ့ခေါင်းနဲ့ တိုက်လို့မရနိုင်တော့ဘူးဆိုတာကို သူ သိခဲ့တယ်။ အဲဒီတော့ ဂိုးထဲကို လက်နဲ့ပုတ်ထည့်ခဲ့တယ်။ ရှင်းလင်းတဲ့ စည်းကမ်းချိုးဖောက်မှုပဲ။ လိမ်ညာခြင်းပဲ။ သူ အောင်ပွဲခံဖို့ ပြေးသွားတဲ့အခါမှာ ကွင်းလယ်ဒိုင်ရဲ့ဝီစီကို စောင့်ဆိုင်းရင်း နောက်ကို ၂ ကြိမ်တောင် လှည့်ကြည့်ခဲ့တယ်။ သူ ဂိုးသွင်းနိုင်ခဲ့ပြီဆိုတာ သိသွားခဲ့တယ်။ အားလုံးသိတဲ့အတိုင်းပဲ။ ဘယ်သူ ဘာပြောပြော ကျွန်တော် ဂရုမစိုက်ဘူး။ အာဂျင်တီးနားအတွက် ပွဲစဉ်တစ်ပွဲ အနိုင်ရရှိခဲ့တာပါ”

“ကျွန်တော် မကြိုက်တာဘာလဲဆိုတော့ သူက ဘယ်တော့မှ မတောင်းပန်ဘူး။ ဘယ်လိုအချိန်မျိုးမှာမှ သူ လိမ်ညာခဲ့ပြီး စိတ်မကောင်းပါဘူးလို့ ပြောချင်တယ်လို့ ပြောခဲ့လို့လဲ။ အဲဒီအစား သူ့ရဲ့ ဘုရားပေးတဲ့လက်ပုံကိုပဲ အသုံးပြုခဲ့တယ်။ ဒါက မမှန်ကန်တဲ့လုပ်ရပ်ပါ”လို့ ပြောကြားခဲ့ပါတယ်။