အင်္ဂလန်လက်ရွေးစင် အသင်းနည်းပြ ဆောဂိတ်ဟာ အခုလထဲမှာ ကစားမယ့် ပွဲစဉ်တွေအတွက် ကစားသမားအယောက်(၃၀)ပါဝင်တဲ့လူစာရင်းထုတ်ပြန်လိုက်ပါတယ်။အင်္ဂလန် အသင်းဟာ ဒီလထဲမှာ ဝေးလ်စ် အသင်းနဲ့ ခြေစမ်းပွဲ၊ ဘယ်လ်ဂျီယံ၊ဒိန်းမတ် တို့နဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းလူစာရင်းမှာ အဲဗာတန် အသင်းမှာ ခြေစွမ်းပြနေတဲ့ ကလာဗတ်လီဝန် ပါဝင်လာခဲ့ပြီး စည်းကမ်းပိုင်းဆိုင်ရာချိုးဖောက်ခဲ့တဲ့ ဂရင်းဝုဒ်နဲ့ ဖိုဒန် တို့ကတော့ ချန်လှပ်ခံခဲ့ရပါတယ်။အခုလူစာရင်းမှာ လက်စတာအသင်းက ဘားနတ်စ် နဲ့ အာဆင်နယ် အသင်းက ဆာကာ တို့ ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရပါတယ်။

ဒီလူစာရင်းမှာ ပြီးခဲ့တဲ့လက ပြသနာတွေကြောင့် နုတ်ထွက်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယား ပါဝင်လာခဲ့ပါတယ်။

အင်္ဂလန် အသင်းဟာ အခုလ(၈)ရက်မှာ ဝေးလ်စ် နဲ့ ခြေစမ်းပွဲ၊ (၁၁)ရက်မှာ ဘယ်လ်ဂျီယံ၊ (၁၄)ရက်မှာ ဒိန်းမတ် အသင်းတို့နဲ့ နေးရှင်းလိဂ်ပွဲစဉ်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပွဲတွေကို ဝင်ဘာလေကွင်းမှာ ကျင်းပနေတာဖြစ်ပါတယ်။
Zawgyi
အဂၤလန္လက္ေရြးစင္ အသင္းနည္းၿပ ေဆာဂိတ္ဟာ အခုလထဲမွာ ကစားမယ့္ ပြဲစဥ္ေတြအတြက္ ကစားသမားအေယာက္(၃၀)ပါဝင္တဲ့လူစာရင္းထုတ္ျပန္လိုက္ပါတယ္။အဂၤလန္ အသင္းဟာ ဒီလထဲမွာ ေဝးလ္စ္ အသင္းနဲ႔ ေျခစမ္းပြဲ၊ ဘယ္လ္ဂ်ီယံ၊ဒိန္းမတ္ တို႔နဲ႔ ေနးရွင္းလိဂ္ပြဲစဥ္ေတြယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။
အဂၤလန္အသင္းလူစာရင္းမွာ အဲဗာတန္ အသင္းမွာ ေျခစြမ္းျပေနတဲ့ ကလာဗတ္လီဝန္ ပါဝင္လာခဲ့ၿပီး စည္းကမ္းပိုင္းဆိုင္ရာခ်ိဳးေဖာက္ခဲ့တဲ့ ဂရင္းဝုဒ္နဲ႔ ဖိုဒန္ တို႔ကေတာ့ ခ်န္လွပ္ခံခဲ့ရပါတယ္။အခုလူစာရင္းမွာ လက္စတာအသင္းက ဘားနတ္စ္ နဲ႔ အာဆင္နယ္ အသင္းက ဆာကာ တို႔ ပထမဆုံးအႀကိမ္ေရြးခ်ယ္ခံခဲ့ရပါတယ္။
ဒီလူစာရင္းမွာ ၿပီးခဲ့တဲ့လက ျပသနာေတြေၾကာင့္ ႏုတ္ထြက္ခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယား ပါဝင္လာခဲ့ပါတယ္။
အဂၤလန္ အသင္းဟာ အခုလ(၈)ရက္မွာ ေဝးလ္စ္ နဲ႔ ေျခစမ္းပြဲ၊ (၁၁)ရက္မွာ ဘယ္လ္ဂ်ီယံ၊ (၁၄)ရက္မွာ ဒိန္းမတ္ အသင္းတို႔နဲ႔ ေနးရွင္းလိဂ္ပြဲစဥ္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ဒီပြဲေတြကို ဝင္ဘာေလကြင္းမွာ က်င္းပေနတာျဖစ္ပါတယ္။