ယူအီးအက်ဖ်အေရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုရခဲ့တဲ့ လီဝန်ဒေါစကီး

ယူအီးအက်ဖ်အေ က မနေ့ညက ချန်ပီယံလိဂ် အုပ်စုအဆင့်မဲခွဲမှုပြုလုပ်ခဲ့ပြီး ဒီအခမ်းအနားမှာ အကောင်းဆုံးဆုရတဲ့ ကစားသမားတွေကိုလည်း ကြေညာသွားခဲ့ပါတယ်။ဘိုင်ယန်မြူးနစ် အသင်း တိုက်စစ်မှုး လီဝန်ဒေါစကီး ဟာ (၂၀၁၉-၂၀) ဘောလုံးရာသီ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာ အကောင်းဆုံးအမျိုးသားကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပိုလန်တိုက်စစ်မှုးဟာ ဒီဆုကို အသင်းဖော် ဂိုးသမား နူအာ နဲ့ မန်စီးတီး အသင်းကစားသမား ဒီဘရိုင်းတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ် တိုက်စစ်မှုး လီဝန်ဒေါစကီး ဟာ ပြီးခဲ့တဲ့ရာသီက အသင်းကို ဘွန်ဒစ်လီဂါ ၊ ချန်ပီယံလိဂ်နဲ့ ပိုကယ်ဖလား တို့ကို ရရှိအောင် ပြိုင်ပွဲစုံ(၄၇)ပွဲမှာ (၅၅)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီး ဟာ ဒီဆုအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့တစ်နှစ်တာအကောင်းဆုံး ရှေ့တန်းကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။အကောင်းဆုံးဂိုးသမားဆုကို ဘိုင်ယန်မြူးနစ် အသင်းက နူအာ နဲ့ နောက်ခံလူဆုကို ဘိုင်ယန်မြူးနစ် အသင်းက ကင်မစ်ရှ် က ရရှိသွားခဲ့ပါတယ်။

အကောင်းဆုံးအလယ်တန်းကစားသမားဆုကိုတော့ မန်စီးတီး အသင်းက ဒီဘရိုင်းက ရရှိသွားခဲ့တာဖြစ်ပါတယ်။အကောင်းဆုံးနည်းပြဆုကို ဘိုင်ယန်မြူးနစ် အသင်းကို ချန်ပီယံလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ်ခ် က ရရှိသွားခဲ့ပါတယ်။

Zawgyi

ယူအီးအက္ဖ္ေအ က မေန႔ညက ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မဲခြဲမႈျပဳလုပ္ခဲ့ၿပီး ဒီအခမ္းအနားမွာ အေကာင္းဆုံးဆုရတဲ့ ကစားသမားေတြကိုလည္း ေၾကညာသြားခဲ့ပါတယ္။ဘိုင္ယန္ျမဴးနစ္ အသင္း တိုက္စစ္မႈး လီဝန္ေဒါစကီး ဟာ (၂၀၁၉-၂၀) ေဘာလုံးရာသီ ယူအီးအက္ဖ္ေအရဲ့ တစ္ႏွစ္တာ အေကာင္းဆုံးအမ်ိဳးသားကစားသမားဆုကို ရရွိသြားခဲ့ပါတယ္။

အသက္(၃၂)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ပိုလန္တိုက္စစ္မႈးဟာ ဒီဆုကို အသင္းေဖာ္ ဂိုးသမား ႏူအာ နဲ႔ မန္စီးတီး အသင္းကစားသမား ဒီဘရိုင္းတို႔ကို ေက်ာ္ျဖတ္ၿပီး ရရွိခဲ့တာျဖစ္ပါတယ္။ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႈး လီဝန္ေဒါစကီး ဟာ ၿပီးခဲ့တဲ့ရာသီက အသင္းကို ဘြန္ဒစ္လီဂါ ၊ ခ်န္ပီယံလိဂ္နဲ႔ ပိုကယ္ဖလား တို႔ကို ရရွိေအာင္ ၿပိဳင္ပြဲစုံ(၄၇)ပြဲမွာ (၅၅)ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

လီဝန္ေဒါစကီး ဟာ ဒီဆုအျပင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ့တစ္ႏွစ္တာအေကာင္းဆုံး ေရွ႕တန္းကစားသမားဆုကိုလည္း ရရွိခဲ့ပါတယ္။အေကာင္းဆုံးဂိုးသမားဆုကို ဘိုင္ယန္ျမဴးနစ္ အသင္းက ႏူအာ နဲ႔ ေနာက္ခံလူဆုကို ဘိုင္ယန္ျမဴးနစ္ အသင္းက ကင္မစ္ရွ္ က ရရွိသြားခဲ့ပါတယ္။

အေကာင္းဆုံးအလယ္တန္းကစားသမားဆုကိုေတာ့ မန္စီးတီး အသင္းက ဒီဘရိုင္းက ရရွိသြားခဲ့တာျဖစ္ပါတယ္။အေကာင္းဆုံးနည္းျပဆုကို ဘိုင္ယန္ျမဴးနစ္ အသင္းကို ခ်န္ပီယံလိဂ္ဖလား ရရွိေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့တဲ့ ဟန္ဆီဖလစ္ခ္ က ရရွိသြားခဲ့ပါတယ္။