ပရိသတ်တွေမထင်ထားတဲ့ ကြယ်ပွင့်ဟောင်းကို အလွတ်နဲ့ ပြန်ခေါ်ဖို့စီစဉ်နေတဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာစီးတီးအသင်းကနေ ဂျွန်နီအီဗန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

ယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်လက်ထက် ၂၀၀၇ ခုနှစ်မှာ ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ ဂျွန်နီအီဗန်ကို နည်းပြဗန်ဟားလ်က ၂၀၁၅ ခုနှစ်မှာ ဝက်စ်ဘရွန်းအသင်းကို ပေါင် ၆ သန်းနဲ့ ပြောင်းရွှေ့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်နောက်ခံကစားသမားဟာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ချိန်ကတည်းက အထင်ကြီးဖွယ်ခြေစွမ်းတွေပြသနေခဲ့သူဖြစ်ပြီး လက်စတာစီးတီးမှာ ဘရန်ဒန်ရော်ဂျာရဲ့အဓိကကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် အီဗန်ရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဗဟိုနောက်ခံကစားသမားဟာ လက်စတာစီးတီးအသင်းနဲ့ သဘောတူညီမှုရရှိခြင်းမရှိသေးတာဖြစ်ပါတယ်။ The Sun ရဲ့သတင်းအရ ယူနိုက်တက်ဟာ မြောက်အိုင်ယာလန်လက်ရွေးစင်ကစားသမားရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ဖြစ်နိုင်ဖွယ်ခေါ်ယူမှုအဖြစ် ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

နည်းပြဆိုးလ်ရှားဟာ ၎င်းရဲ့ခံစစ်ပိုင်းရွေးချယ်စရာတွေကို ပိုမိုတိုးမြှင့်ချင်နေပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၂၀ သာ သုံးစွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။