ယူနိုက်တက်ကို ထိတ်လန့်ပြီး အသင်းဖော်တွေကို သတိပေးစကားပြောခဲ့တဲ့ နေမာ

နေမာဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ပီအက်စ်ဂျီအသင်းဖော်တွေကို ယခုထက်ပိုမိုတိုးတက်မှဖြစ်မယ်လို့ သတိပေးခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ စနေနေ့က ကစားခဲ့တဲ့ ဘော်ဒိုးနဲ့ပွဲစဉ်မှာ ပထမပိုင်းက နေမာနဲ့ မွိုက်စ်ကီးန်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မိနစ် ၆၀ မှာ ရာဆင်းအက်ဒ်လီရဲ့ချေပဂိုးကြောင့် တစ်ဖက် ၂ ဂိုးစီ ညီမျှသွားခဲ့တာဖြစ်ပါတယ်။ ပြင်သစ်လီဂူးဝမ်းချန်ပီယံဟာ လက်ရှိအချိန်မှာတော့ ချန်ပီယံလိဂ်အုပ်စု H ကို ရမှတ် ၉ မှတ်နဲ့ ဦးဆောင်နေတဲ့ ယူနိုက်တက်နဲ့ ပွဲစဉ်အတွက် အာရုံစိုက်နေပြီဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်အိမ်ကွင်းကို လာရောက်ယှဉ်ပြိုင်ရမယ့်ပွဲမတိုင်မီ ဘရာဇီးလ်ကြယ်ပွင့်နေမာက ပီအက်စ်ဂျီအသင်းရဲ့ ပြီးခဲ့တဲ့ပွဲစဉ်တွေက စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့ရကြောင်း ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးနေမာက လာမယ့်အပတ် ယူနိုက်တက်နဲ့ပွဲစဉ်မှာ အနိုင်ကစားပြီး အုပ်စုထိပ်ဆုံးကို တက်ရောက်နိုင်ဖို့ လိုအပ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော်တို့ ကြောက်ကြောက်လန့်လန့်နဲ့ ပွဲကစားခဲ့ရတယ်။ ကျွန်တော်တို့ ဂိုးသွင်းယူနိုင်ဖို့ လုပ်နိုင်ခဲ့ပေမယ့် အသေးစိတ်အချို့ကို လွဲချော်ခဲ့တယ်”

“ကျွန်တော်တို့ တိုးတက်ရမှာပါ။ ဘာလို့လဲဆိုတော့ အဲဒီလိုမှမဟုတ်ရင် လိဂ်မှာပဲဖြစ်ဖြစ် ချန်ပီယံလိဂ်မှာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပိုကောင်းမွန်လာရမှာပါ။ ပုံမှန်အားဖြင့် ကျွန်တော်တို့ ပွဲတွေပိုပြီး နိုင်လေ့ရှိပါတယ်”

“အဲဒီလို ကျွန်တော်တို့ မလုပ်နိုင်ဘူးဆိုရင် ချန်ပီယံလိဂ်မှာရော၊ ပြင်သစ်လိဂ်မှာပါ တိုင်ပတ်သွားပါလိမ့်မယ်”

“ဗုဒ္ဓဟူးနေ့ပွဲရဲ့ အရေးပါမှုကို ကျွန်တော်တို့ သိပါတယ်။ လိုက်ပ်ဇစ်နဲ့ပွဲစဉ်တုန်းက ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ပေမယ့်လည်း အနိုင်ရခဲ့တယ်”

“ဗုဒ္ဓဟူးနေ့မှာတော့ ကျွန်တော်တို့ရဲ့ အကောင်းဆုံးပွဲစဉ်ကို ကစားနိုင်အောင် ကြိုးပမ်းရပါလိမ့်မယ်။ ကောင်းကောင်းကစားနိုင်ဖို့ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ တိုးတက်ရပါမယ်။ အသင်းအဖွဲ့အနေနဲ့ ပိုကစားပြီး ပိုကောင်းတဲ့စုစည်းမှုမျိုး ရှိသင့်တယ်။ အဲဒီလိုမှမဟုတ်ရင် အရမ်းခက်ခဲပါလိမ့်မယ်”လို့ Canal+ ကို ပြောကြားခဲ့ပါတယ်။