ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူး ဒီယေဂိုမာရာဒိုနာကို တနင်္ဂနွေနေ့ညနေက ဘာစီလိုနာအတွက် ဂိုးသွင်းယူပြီးနောက် အံ့အားသင့်ဖွယ်ပုံစံနဲ့ ဂုဏ်ပြုခဲ့ပါတယ်။

ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီဟာ နူးကမ့်မှာ အိုဆာဆူနာကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး ၎င်းရဲ့ အောင်ပွဲခံပုံက စိတ်ထိခိုက်ဝမ်းနည်းစရာဖြစ်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ၎င်းရဲ့ ဘာစီလိုနာအသင်းရှပ်ကို ချွတ်ပြီး မာရာဒိုနာ ဝတ်ဆင်ခဲ့ဖူးတဲ့ နီဝဲလ်အိုးဘွိုင်းအသင်းရဲ့ ကျောနံပါတ် ၁၀ နဲ့ ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ဗုဒ္ဓဟူးနေ့မှာ ကွယ်လွန်သွားခဲ့တဲ့ ၎င်းရဲ့လက်ရွေးစင်နည်းပြဟောင်းအတွက် လက်ကို နမ်းပြီး ကောင်းကင်ကို ညွှန်ပြခဲ့တာဖြစ်ပါတယ်။
It's all about number 🔟.
— Newell's Old Boys (@CANOBoficial_en) November 29, 2020
The best player in the world and his tribute to #D10S ❤️🖤#DiegoEterno ♾ pic.twitter.com/JZhkZgX9jx
လီယွန်နယ်မက်ဆီကလည်း လူငယ်ကစားသမားဘဝမှာ နီဝဲလ်အိုးဘွိုင်းအတွက် ကစားပေးခဲ့သူဖြစ်ပြီး မာရာဒိုနာက နီဝဲလ်အိုးဘွိုင်းအတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ် ပထမပိုင်းအပြီး ကွင်းထဲမှာ ဘောလုံးစွမ်းရည်ပြသခဲ့တဲ့ ၆ နှစ်သားကလေးငယ်ဟာ လီယွန်နယ်မက်ဆီဖြစ်ခဲ့တာဖြစ်ပါတယ်။