ချယ်လ်ဆီး ကစားသမားကို အငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ဘိုင်ယန်မြူးနစ်အသင်း

ဘိုင်ယန်မြူးနစ် အသင်းဟာ ချယ်လ်ဆီး အသင်း တောင်ပံကစားသမား အိုဒွိုင်း ကို အငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။အသက်(၁၉)နှစ်အရွယ်ကစားသမား ကို ပြီးခဲ့တဲ့နှစ်နွေရာသီအပြောင်းအရွှေ့ထဲက ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ ပြင်းပြင်းထန်ထန်ချိတ်ဆက်ခဲ့တာဖြစ်ပေမယ့် ကစားသမားဟာ ချယ်လ်ဆီး အသင်းနဲ့ (၅)နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

အိုဒွိုင်း ဟာ အခုနှစ်ရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပုံမှန်ကစားခွင့်ရနေပြီး (၄)ပွဲပါဝင်ကစားခွင့်ရထားပါတယ်။ဒါပေမယ့် ပရီးမီးယားလိဂ်မှာတော့ (၅၅)မိနစ်သာပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။အိုဒွိုင်းကလည်း ဘိုင်ယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေဆဲဖြစ်ပြီး ဘိုင်ယန်အသင်းဟာ ချယ်လ်ဆီးအသင်းထက် သူ့ကိုပိုပြီးယုံကြည်မှုရှိတယ်ဆိုတာကို ယုံကြည်နေတာဖြစ်ပါတယ်။

ဂျာမန်ချန်ပီယံက အခုနွေရာသီအပြောင်းအရွှေ့မပိတ်ခင်မှာ ချယ်လ်ဆီး အသင်းတိုက်စစ်ကစားသမားကို အငှားနဲ့ ခေါ်ယူနိုင်ဖို့ ယုံကြည်နေတာပါ။အိုဒွိုင်းဟာ ချယ်လ်ဆီး အသင်းအတွက် (၆၅)ပွဲပါဝင်ကစားထားပြီး (၉)ဂိုးသွင်းယူကာ (၁၁)ဂိုးဖန်တီးမှုပြုလုပ်ထားတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဖလား(၃)ခုလုံးရယူနိုင်ခဲ့တာကို အခုနှစ်ရာသီမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို ပိုမိုတောင့်တင်းအောင်အားဖြည့်ဖို့ စီစဉ်နေတာပါ။ဘိုင်ယန်မြူးနစ် အသင်းဟာ ဘွန်ဒစ်လီဂါ ပွဲစဉ်(၂)ပွဲကစားပြီးချိန်မှာ (၁)ပွဲနိုင် (၁)ပွဲရှုံးနိမ့်ထားခဲ့ပြီး (၂၀၁၉) ဒီဇင်ဘာလထဲက ရှုံးပွဲမရှိစံချိန်ဟာ ကျိုးပျက်ခဲ့ရတာဖြစ်ပါတယ်။

Zawgyi

ဘိုင္ယန္ျမဴးနစ္ အသင္းဟာ ခ်ယ္လ္ဆီး အသင္း ေတာင္ပံကစားသမား အိုဒြိဳင္း ကို အငွားနဲ႔ ေခၚယူဖို႔ ေဆြးေႏြးမႈေတြျပဳလုပ္ေနတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။အသက္(၁၉)ႏွစ္အရြယ္ကစားသမား ကို ၿပီးခဲ့တဲ့ႏွစ္ေႏြရာသီအေျပာင္းအေရႊ႕ထဲက ဘိုင္ယန္ျမဴးနစ္အသင္းက ေခၚယူဖို႔ ျပင္းျပင္းထန္ထန္ခ်ိတ္ဆက္ခဲ့တာျဖစ္ေပမယ့္ ကစားသမားဟာ ခ်ယ္လ္ဆီး အသင္းနဲ႔ (၅)ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ပါတယ္။

အိုဒြိဳင္း ဟာ အခုႏွစ္ရာသီမွာ ခ်ယ္လ္ဆီးအသင္းအတြက္ ပုံမွန္ကစားခြင့္ရေနၿပီး (၄)ပြဲပါဝင္ကစားခြင့္ရထားပါတယ္။ဒါေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ (၅၅)မိနစ္သာပါဝင္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။အိုဒြိဳင္းကလည္း ဘိုင္ယန္ျမဴးနစ္ အသင္းထံ ေျပာင္းေရႊ႕ဖို႔ စိတ္အားထက္သန္ေနဆဲျဖစ္ၿပီး ဘိုင္ယန္အသင္းဟာ ခ်ယ္လ္ဆီးအသင္းထက္ သူ႔ကိုပိုၿပီးယုံၾကည္မႈရွိတယ္ဆိုတာကို ယုံၾကည္ေနတာျဖစ္ပါတယ္။

ဂ်ာမန္ခ်န္ပီယံက အခုေႏြရာသီအေျပာင္းအေရႊ႕မပိတ္ခင္မွာ ခ်ယ္လ္ဆီး အသင္းတိုက္စစ္ကစားသမားကို အငွားနဲ႔ ေခၚယူနိုင္ဖို႔ ယုံၾကည္ေနတာပါ။အိုဒြိဳင္းဟာ ခ်ယ္လ္ဆီး အသင္းအတြက္ (၆၅)ပြဲပါဝင္ကစားထားၿပီး (၉)ဂိုးသြင္းယူကာ (၁၁)ဂိုးဖန္တီးမႈျပဳလုပ္ထားတာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ အသင္းဟာ ၿပီးခဲ့တဲ့ရာသီက ဖလား(၃)ခုလုံးရယူနိုင္ခဲ့တာကို အခုႏွစ္ရာသီမွာ အသင္းရဲ့တိုက္စစ္ပိုင္းကို ပိုမိုေတာင့္တင္းေအာင္အားျဖည့္ဖို႔ စီစဥ္ေနတာပါ။ဘိုင္ယန္ျမဴးနစ္ အသင္းဟာ ဘြန္ဒစ္လီဂါ ပြဲစဥ္(၂)ပြဲကစားၿပီးခ်ိန္မွာ (၁)ပြဲနိုင္ (၁)ပြဲရႈံးနိမ့္ထားခဲ့ၿပီး (၂၀၁၉) ဒီဇင္ဘာလထဲက ရႈံးပြဲမရွိစံခ်ိန္ဟာ က်ိဳးပ်က္ခဲ့ရတာျဖစ္ပါတယ္။