မာရာဒိုနာနဲ့ယှဉ်ရင် မက်ဆီရော၊ ရော်နယ်ဒိုပါ အာပလာပဲဆိုတဲ့ ဘင်ဖီကာနည်းပြ

ဘင်ဖီကာနည်းပြ ဂျော့ဂျ်ဂျီးဆပ်က မကြာသေးမီက ကွယ်လွန်သွားခဲ့တဲ့ ဒီယေဂိုမာရာဒိုနာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ စိတ်အားထက်သန်မှု လုံးဝမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ဂျီးဆပ်က မာရာဒိုနာဟာ ဘောလုံးပွဲစဉ်တွေကို ဂုဏ်သိက္ခာရှိစေခဲ့တဲ့ အကောင်းဆုံးဘောလုံးသမားလို့ ယုံကြည်နေတာဖြစ်ပြီး ဘောလုံးတင်မကဘဲ ကမ္ဘာပေါ်မှာ ၎င်းရဲ့ ပိုမိုကျယ်ပြန့်တဲ့အကျိုးသက်ရောက်မှုရှိခဲ့တာလို့ ထင်မြင်နေတာဖြစ်ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ကစားသမားတွေအနေနဲ့ လေးစားမှုရှိပေမယ့်လည်း မာရာဒိုနာလိုမျိုး တူညီတဲ့ စိတ်အားထက်သန်မှု၊ စိတ်ခံစားမှုမျိုး မရှိဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့အမြင်မှာတော့ မာရာဒိုနာဟာ ဘောလုံးသမိုင်းမှာ ပီလီနဲ့အတူ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ပီလီက ဒီမှာရှိနေပါသေးတယ်။ သူက သက်ရှိထင်ရှားရှိပါတယ်”

“မာရာဒိုနာက အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ သူက သူမတူတဲ့ ဉာဏ်ကြီးရှင်ကစားသမားဖြစ်ခဲ့ရုံတင်မကဘဲ သူ ပြသခဲ့တဲ့ပုံစံကြောင့်လည်း အကောင်းဆုံးစြဖ်ခဲ့တာပါ။ အဲဒါက ကျွန်တော့်အတွက်တော့ ကွဲပြားခြားနားမှုကို ဖြစ်စေခဲ့ပါတယ်”

“သူက ကမ္ဘာ့ထိပ်တန်းဖြစ်ခဲ့ပေမယ့် ပွဲကစားဖို့အတွက် စိတ်အားထက်သန်မှုရှိခဲ့တယ်။ သူက ဘောလုံးသမားဖြစ်လာဖို့ကို မွေးလာခဲ့တာ။ အရာအားလုံးနဲ့အတူ မွေးဖွားလာခဲ့တာပါ”

“အဲဒါက တမင်လုပ်ယူထားတာမဟုတ်ဘူး။ သူက အဲဒီအတိုင်းကို မွေးလာတာ။ သူ ဘောလုံးနဲ့ပတ်သက်ပြီး ရခဲ့တဲ့ခံစားမှုအားလုံးက ချစ်ခြင်းမေတ္တာပဲ”

“ဒီနေ့ခေတ် ကမ္ဘာပေါ်က အကောင်းဆုံး ၂ ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ထဲမှာ ရော်နယ်ဒိုက အဲဒီလိုမျိုး နည်းနည်းပါတယ်။ မက်ဆီကတော့ ဘာမှကို မပါတာ။ သူ့မှာ စိတ်အားထက်သန်မှုမျိုး ဘာမှကိုမရှိဘူး။ သူက အရမ်းကောင်းမွန်တဲ့ကစားသမားပါ”လို့ ESPN ကို ပြောကြားခဲ့ပါတယ်။